စာပေရသပေါင်းစုံကို တစ်နေရာတည်းမှာ စုံလင်စွာဖတ်ရှုနိုင်မည့် Online Paradise Application အကြောင်း

အခုနောက်ပိုင်း နည်းပညာခေတ်ရောက်လာပြီး အွန်ုလိုင်းပေါ်ကနေ စာရေး၊ စာဖတ်တဲ့ပုံစံတွေ ပြောင်းလဲလာအခါ ကိုယ့်မှာ App လေးတစ်ခုရှိရုံနဲ့ ကိုယ်ဖတ်ချင်တဲ့ စာပေအမျိုးအစားကို စိတ်ကြိုက်ဖတ်လို့ရအောင်၊ စာရေးသူတွေ ကလောင်ရှင်တွေလည်း ကိုယ့်ဖန်တီးမှုကို ပုံစံမျိုးစုံချပြလို့ရအောင်၊ အဲဒီဖန်တီးမှုကနေ အကျိုးခံစားခွင့်တွေ ပြန်လည်ရရှိနိုင်အောင်ဆိုပြီး ရေးသူဖတ်သူ ပေါင်းကူးတံတားလေးတစ်ခု၊ အသိုက်အမြုံ ရပ်ဝန်းလေးတစ်ခုအဖြစ် မြန်မာစွန့်ဦးတီထွင် လူငယ် developer တစ်စုက ဝိုင်းဝန်းအားဖြည့်ကာ Online Paradise app ကို စတင်ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။
အဲ့ဒီ App ထဲမှာ နှစ်သက်ကြည်နူးဖို့ကောင်းတဲ့ Boy’s love, Girl’s love ဇာတ်လမ်း၊ ရင်ခုန်စိတ်လှုပ်ရှားစရာ Romance Novel၊ လျှို့ဝှက်ဆန်းကြယ် စိတ်ချောက်ချားဖို့ကောင်းတဲ့ Horror story တွေအပြင် တခြားသော စိတ်လှုပ်ရှားဖွယ်ရာ စာပေအမျိုးအစားများကို ဖတ်ရှုနိုင်ပါတယ်။

Photo Source https://web.facebook.com/op.onlineparadise/

အသုံးရလွယ်ကူစေပြီး လူတိုင်းနှစ်သက် သဘောကျဖို့ကောင်းတဲ့ App ရဲ့ အပြင်အဆင်နဲ့ ဒီဇိုင်း၊ စိတ်ဝင်စားဖို့ကောင်းတဲ့ လုပ်ဆောင်ချက် (Functions) တွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင မိမိရဲ့စိတ်ကူးဉာဏ်တွေနဲ့ ကွန့်မြူးပြီး ဖန်တီးထားတဲ့ Story လက်ရာတွေကို ဝါသနာအရ ရေးဖြစ်ရာကနေ ပရော်ဖက်ရှင်နယ် လမ်းကြောင်းပေါ်ရောက်အောင် စီစဉ်ပေးနိုင်တဲ့ App တစ်ခုလည်းဖြစ်ပါတယ်။
ဝတ္ထုဇာတ်လမ်း အမျိုးအစား စုံလင်စွာ ရွေးချယ် ဖတ်ရှု ခံစားနိုင်စေရန် ရေးသားဖန်တီးနိုင်စွမ်း အားကောင်းစွာဖြင့် ထွက်ပေါ်လာမည့် အသစ်အသစ်သော စာအုပ်များကို ပုံမှန် တင်ဆက်ပေးနေတဲ့ App တစ်ခုဖြစ်ပါတယ်။ အဲ့ဒီ App ဟာ စာဖတ်သူများအတွက် ခံစားဖတ်ရှုလိုသမျှကို ပံ့ပိုးတင်ဆက်ပေးရန် သာမ စာရေးသား ဖန်တီးရန် ဝါသနာပါသူနှင့် လက်ရှိ စာရေးသူ Writer များအတွက်ပါ အကျိုးအမြတ် ပြန်လည်ရရှိ ခံစားနိုင်ရန် ရည်ရွယ်ထားသည့် Application တစ်ခုလည်း ဖြစ်ပါတယ်။
စာဖတ်ရုံတင် အားမရ၍ မိမိကိုယ်ကိုယ်တိုင်လည်း ကိုယ်ပိုင်ကလောင်ဖြင့် ဝတ္ထုဇာတ်လမ်းများ ရေးသားတင်ဆက်နိုင်ရန် စီစဉ်ပေးထားပါသည့်အပြင် လက်ရှိ Beta version တွင် အခမဲ့ ဖတ်လို့ရသည့် စီးရီးဇာတ်လမ်းနှင့် လုံးချင်းဝတ္ထုများကို တင်ဆက်ထားပြီး အင်တာနက် မရလျှင်လည်း Offline ဖတ်ရှုနိုင်ရန် ဝန်ဆောင်မှု ပေးထားပါသည်။
အောက်ပါ Link မှာ ဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://bit.ly/op_play