မိမိစိတ်ခံစားချက်များကို ပြန်လည်မှတ်တမ်းတင်ထားနိုင်တဲ့ ModdzHub App နှင့် Website အကြောင်း

MoodzHub app ဟာ Mood tracker (ကိုယ့်စိတ်ခံစားချက်များကို မှတ်တမ်းမှတ်ယူနိုင်တဲ့) App တစ်ခု or Self-care App တစ်ခုပါ။ MoodzHub ကို အသုံးပြုခြင်းဖြင့် သင့်ဖြစ်ပေါ်နေတဲ့ Mood (ခံစားချက်များကို) ပိုမို သတိထားသိမြင်နိုင်ပြီး မကောင်းသော Mood၊ အနှုတ်လက္ခဏာဆောင်သော Mood များကို နားလည်စေပါတယ်။ ဖြစ်ပေါ်နေရတဲ့ စိတ်ခံစားချက်တွေရဲ့ အကြောင်းအရင်းတွေကိုလည်း App ထဲမှာမှတ်သားထားနိုင်ပြီး မှတ်စုများကိုလည်း ပြန်လည်ကြည့်ရှု သုံးသပ်နိုင်ပါတယ်။
MoodzHub app ဟာ လိုင်စင်ရ လေ့ကျင့်ထားသော ကျန်းမာရေးနှင့် စိတ်ပညာပညာရှင်နှင့် အစားမထိုးနိုင်ပါ။ စိတ်ရောဂါများအတွက် ကုသမှုပေးနိုင်ခြင်းလည်းမရှိပါ။ MoodzHub app ကို tool တစ်ခုအနေဖြင့်လည်း စိတ်ပညာရှင်များ ရဲ့ အကူအညီ၊ ဆွေးနွေးတိုင်ပင်ချက်များအတိုင်း သုံးနိုင်ပါတယ်။
စိတ်ကျရောဂါအပါအဝင် တခြားစိတ်ရောဂါများပြင်းပြင်းထန်ထန်ခံစားရပါကCall Me Today, Mee Pya Tike နဲ့ တခြား စိတ်ပိုင်းဆိုင်ရာဆွေးနွေးပေးသည့် ပညာရှင်များ၊ ဝန်ဆောင်မှုများသို့ ဆက်သွယ် အကူအညီရယူနိုင်မှာဖြစ်ပါတယ်။

Photo Source https://web.facebook.com/MoodzHubMM

ဒါ့အပြင် MoodzHub mood tracker နဲ့ journaling app က မိမိရဲ့ ပျော်ရွှင်၊ ဝမ်းနည်း၊ ဒေါသထွက်၊ ကြောက်နေတဲ့ moods တွေကို မြင်သာအောင် တစ်နေရာတည်းမှာ စုစည်းပေးတဲ့ နေရာတစ်ခုပါ။ ကိုယ့်စိတ်ထဲကဖြစ်ပျက်နေတာတွေကို မြင်တွေ့ စေနိုင်ပြီး အကြောင်းအရင်းတွေကို ရှာဖွေသိရှိနိုင်မှာပါ။
ကိုယ့်သွင်းလိုက်တဲ့ mood တွေ စာသားတွေအားလုံးက မိမိဖုန်းထဲမှာသာ သိမ်းထားမှာဖြစ်ပါတယ်။ တကယ်လို့ Setting မှာ Backup ခလုတ်ကို ဖွင့်ထားရင် data တွေကို လုံခြုံစွာ encrypted ထားတဲ့ Cloud ထဲမှာရှိနေပြီး နောက်ထပ် device အသစ်တစ်လုံးမှာ restore လုပ်နိုင်ပါတယ်။ Restore လုပ်လိုက်ရင် device အဟောင်းမှာရှိပြီးသား data တွေကို device အသစ်မှာပြန်ရနိုင်ပါတယ်။ Backup ခလုတ်ပိတ်ထားရင်တော့ mood ထည့်သွင်းလိုက်တဲ့ ဖုန်းမှာသာ သိမ်းထားပေးမှာ ဖြစ်ပါတယ်။
ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ (Facebook Login မှ ပုံ၊ emailမှလွဲပြီး) Moodz Hub မှ လုံး၀ စုစည်းသိမ်းထား ခြင်းမရှိပါဘူး။ User များရဲ့ ကိုယ်ပိုင် account ထဲမှာသာ လုံခြုံစွာသိမ်းထားမှာဖြစ်ပြီး user များသာ ရပိုင်ခွင့် ထိန်းချုပ်ပိုင်ခွင့် အပြည့်ရှိပါတယ်။ ဖုန်းအတွက် Android, iOS ၂ ခုလုံးနဲ့ Desktop version မှာရရှိနိုင်ပါတယ်။
အောက်ပါ Link များမှာ Install ပြုလုပ်နိုင်ပါတယ်။
Android : https://play.google.com/store/apps/details…
iOS :https://apps.apple.com/us/app/moodz-hub/id1599241132
Website :https://www.moodzhub.com/