Ooredoo Group မှ ဝန်ထမ်းများတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမည့် ကတိကဝတ်ကို အကောင်အထည်ဖော်ဆောင်သည့်အနေဖြင့် Ooredoo Learning Academy (OLA) ကို စတင်လုပ်ဆောင်

ဆက်သွယ်ရေးလုပ်ငန်းနယ်ပယ်တွင် ဦးဆောင်လျက်ရှိသောကုမ္ပဏီတစ်ခုဖြစ်သည့် Ooredoo Group သည် လုပ်ငန်းကျွမ်းကျင်သူများကို ပြုစုပျိုးထောင်ရန်၊ တိုးတက်မှုကို မြှင့်တင်အားပေးရန်နှင့် အမြဲတိုးတက်ပြောင်းလဲလျက်ရှိသော လုပ်ငန်းနယ်ပယ်တွင် ဦးဆောင်နိုင်စေရန် ပံ့ပိုး‌ပေးမည့် ကုမ္ပဏီ၏ကတိကဝတ်ကို အကောင်အထည်ဖော်သည့်အနေဖြင့် ရှေ့ရေးမြှော်တွေး၍ ဆောင်ရွက်သော Ooredoo Learning Academy (OLA) ကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ကြေညာအပ်ပါသည်။

အဆိုပါအစီအစဥ်သည် လက်ရှိကျင့်သုံးနေသည့် လေ့လာသင်ယူမှုနည်းလမ်းများဖြစ်သော လုပ်ငန်းခွင်တွင်းသင်ယူမှုနှင့် အနီးကပ်လမ်းညွှန်သင်ကြားမှုကဲ့သို့သော ပူးပေါင်းလုပ်ဆောင်မှုဆိုင်ရာ နည်းလမ်းများအပြင် ဝန်ထမ်းများအတွက် သင်ယူလေ့လာမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ထိရောက်မှု ရှိစေမည့် ဘက်စုံလေ့လာသင်ယူမှုဆိုင်ရာ နည်းလမ်းများအပေါ် အခြေခံပြီး ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်ထားပါသည်။

အူရီဒူး၏ ဝန်ထမ်းများအတွက် ရင်းနှီးမြှုပ်နှံရန် မဟာဗျူဟာနှင့်အညီ Ooredoo Learning Academy (OLA) သည် Group ၏ သင်ယူမှုဆိုင်ရာ အထောက်အပံ့တစ်ခုဖြစ်လာပြီး ကျွမ်းကျင်မှုဆိုင်ရာကွာဟချက်များကို ဖြည့်ဆည်းကာ အနာဂတ်စီးပွားရေးအတွက် အရေးပါသောလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် စွမ်းဆောင်ရည်မြင့်မားသော ကျွမ်းကျင်ပညာရှင်များစွာကို လုပ်ငန်းတွင်းမှမွေးထုတ်ပေးနိုင်ရန် ရည်ရွယ် ထားပါသည်။ ၎င်းသည် ကုမ္ပဏီ၏ မဟာဗျူဟာမြောက်ရည်မှန်းချက်များကို အောင်မြင်မှုရစေရန်အတွက် အူရီဒူး၏ ထင်ရှားသော လုပ်ကိုင်ပုံနည်းလမ်းများနှင့်အတူ စဉ်ဆက်မပြတ်သင်ယူမှုနှင့် စွမ်းဆောင်ရည်ဆိုင်ရာ အကောင်းဆုံးရလဒ်များဖြင့် ထင်ရှားစွာပံ့ပိုးပေးနိုင်မည်ဖြစ်သည်။

အောင်မြင်မှုရရှိရန် ချဲ့ထွင်ဆောင်ရွက်ခြင်း 

OLA ၏ အဓိကရည်ရွယ်ချက်များစွာထဲမှ တစ်ခုသည် လွယ်ကူစွာ တိုးချဲ့နိုင်မည့် သင်ယူလေ့လာမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဥ်များကို Group နှင့် လုပ်ငန်းလည်ပတ်နေသော ကုမ္ပဏီများအနှံ့ ဖန်တီးပေးရန်ဖြစ်ပါသည်။ ၎င်းသည် ရင်းနှီးမြှုပ်နှံမှုအတွက် ထိရောက်မှုရှိယုံသာမက သင်ယူလေ့လာမည့်သူ အားလုံးအတွက် တစိုက်မတ်မတ်ဖြင့် အရည်အသွေးမြင့်ပညာရေးကို ရရှိစေရန် ရည်ရွယ်ထားပါသည်။

လက်ရှိတွင် ဒစ်ဂျစ်တယ်၊ နည်းပညာ၊ စီးပွားရေး၊ ဝယ်ယူရေး၊ ငွေကြေးပိုင်း၊ လူသားအရင်းအမြစ်၊ ခေါင်းဆောင်မှုဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားအကြောင်းအရာများပါဝင်သော သင်တန်းများကို ဝန်ထမ်းများအနေဖြင့် OLA မှတစ်ဆင့် အဆင်ပြေစွာ အလွယ်တကူ ဝင်ရောက်လေ့လာနိုင်မည်ဖြစ်ပါသည်။

Image: ooredoo

အသိပညာဗဟုသုတစုစည်းခြင်း၊ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း

အူရီဒူး၏ စုပေါင်းသင်ယူလေ့လာမှုဆိုင်ရာပလက်ဖောင်းတစ်ခုအနေဖြင့် OLA အစီအစဥ်သည် Group နှင့် ၎င်း၏ လုပ်ငန်းလည်ပတ်နေသော ကုမ္ပဏီများကြားတွင် ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး သမားရိုးကျ လေ့လာသင်ယူမှုကို ပိုမိုအဆင့်မြှင့်တင်ပြီး ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အသိပညာမျှဝေခြင်းကို ပံပိုးပေးသွားမည်ဖြစ်ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုနည်းလမ်းသည် တသမတ်တည်းဖြစ်ပြီး အားလုံးပါဝင်နိုင်မည့် လေ့လာသင်ယူမှုအတွေ့အကြုံများကို ရရှိစေမည့်အပြင် ကုမ္ပဏီရှိ ဝန်ထမ်းအားလုံး၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။

အူရီဒူးမြန်မာ၏ Learning Academy

Ooredoo Group ၏ ဦးဆောင်မှုအောက်တွင် အူရီဒူးမြန်မာသည် “Ooredoo Myanmar Learning Academy” ကို အဓိက အုတ်မြစ် ၂ ရပ်ဖြစ်သည့် ခေါင်းဆောင်မှုပိုင်းဆိုင်ရာပညာရပ်များကို သင်ယူလေ့လာနိုင်မည် ဖြစ်သော “Leadership Academy” နှင့် လုပ်ငန်းနယ်ပယ်တစ်ခုချင်းဆီအလိုက် သင်ယူလေ့လာနိုင်မည် ဖြစ်သည့် “Functional Academy” များဖြင့် စတင်ဆောင်ရွက်သွားမည်ဖြစ်သည်။

Ooredoo Myanmar Learning Academy သည် ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်နှင့် အလားအလာများကို မြှင့်တင်ရန်အတွက် လုပ်ငန်းနယ်ပယ်တစ်ခုချင်းစီအလိုက် ကျွမ်းကျင်မှုများ၊ ခေါင်းဆောင်မှုစွမ်းရည်နှင့် အပြုအမူဆိုင်ရာကျွမ်းကျင်မှုများကို သင်ယူနိုင်သည့် ဒစ်ဂျစ်တယ် သင်ကြားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပလက်ဖောင်းတစ်ခုဖြစ်ပါသည်။

Ooredoo Myanmar Learning Academy မှတစ်ဆင့် ဝန်ထမ်းများသည် ကုမ္ပဏီမှ ပံ့ပိုးပေးထားသော သင်ကြားပို့ချမှုများနှင့် ကိုယ်တိုင်လေ့လာသင်ယူနိုင်သော သင်တန်းများကို ချိန်ညှိတက်ရောက်ကာ စနစ်ကျသောသင်ယူမှုလမ်းကြောင်းမှတစ်ဆင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အာရုံစိုက် လေ့လာနိုင်မည် ဖြစ်ပါသည်။ သင်ယူမှုဆိုင်ရာနည်းစနစ်အနေဖြင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းမှတစ်ဆင့်သင်ယူမှု၊ အသိပညာမျှဝေမှုနှင့် လုပ်ငန်းဆိုင်ရာ လေ့ကျင့်သင်ကြားမှုများပါဝင်ပါသည်။