MPT ၏ ဒေတာဝန်ဆောင်မှုအခက်အခဲဖြစ်ပေါ်ခဲ့ခြင်းကြောင့် MPT Club ၃၀၀ ပွိုင့် လက်ဆောင်ပေးအပ်

MPT မှ ဒေတာဝန်ဆောင်မှုအခက်အခဲဖြစ်ပေါ်ရခြင်းနှင့် ပြန်လည်ပြင်ဆင်ပြီးဖြစ်ကြောင်းထုတ်ပြန်လိုက်ပြီး MPT Club သုံးစွဲသူများကို ပွိုင့် ၃၀၀ လက်ဆောင် ပြန်လည်ပေးအပ်လျက်ရှိကြောင်း သိရသည်။
MPT သည် ကရင်ပြည်နယ်ရှိ မြဝတီ နှင့် ကော့ကရိတ်မြို့နယ်ကြား ဖိုင်ဘာဆက်ကြောင်း ပြတ်တောက်မှုနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ် နှင့် ငွေဆောင်မြို့နယ်ကြား ပင်လယ်ရေအောက် (SE-ME-WE- 5) ဓာတ်အားကြိုးပြတ်တောက်မှုကို ပြန်လည်ပြင်ဆင်ခဲ့ပြီးဖြစ်ကြောင်းလည်ထုတ်ပြန်ထားသည်။

Photo Source https://www.facebook.com/mptofficialpage

၂၀၂၂ ခုနှစ် သြဂုတ်လ (၁၀) ရက်မှ (၁၂) ရက်အတွင်း ဖြစ်ပွားခဲ့သည့် ဖိုင်ဘာ ဆက်ကြောင်း ပြတ်တောက်မှုများကို ပြင်ဆင်ပြီးဖြစ်ပါသောကြောင့် သုံးစွဲသူများအနေဖြင့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၂ ရက် ည ၈း၂၅ နာရီ အချိန်မှစ၍ ဒေတာဝန်ဆောင်မှုများကို မူလအတိုင်း ပြန်လည်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်းထုတ်ပြန်ထားသည်။
ဖိုင်ဘာဆက်ကြောင်းပြတ်တောက်မှုကာလအတွင်း အဆင်မပြေမှုများဖြစ်ပေါ်ခဲ့သည့်အတွက် MPT သည် သုံးစွဲသူများအား MPT Club ပွိုင့် ၃၀၀ ပွိုင့်ကို ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၄ ရက်မှ ၂၀ ရက်အထိ လက်ဆောင်ပေးအပ်လျက်ရှိပြီး MPT Club အစီအစဉ်တွင် စာရင်းသွင်းရယူထားသော သုံးစွဲသူများအနေဖြင့် *2006# သို့ခေါ်ဆို၍ MPT Club ပွိုင့် ၃၀၀ ကို ရရှိနိုင်မည် ဖြစ်သည်။
MPT သုံးစွဲသူများသည် MPT Club ပွိုင့်များကို အသံ၊ ဒေတာနှင့် စာတို (SMS) အစရှိသည့် MPT မိုဘိုင်းလ်ဝန်ဆောင်မှုအမျိုးမျိုးနှင့် စိတ်တိုင်းကျ လဲလှယ်နိုင်သည့်အပြင် MPT၏ မိတ်ဖက်အဖွဲ့အစည်းများ၏ ဝန်ဆောင်မှုများဖြင့်လည်း လဲလှယ်နိုင်မည်လည်းဖြစ်သည်။
MPT Club အစီအစဉ်သို့ စာရင်းသွင်းရယူရန် အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.mpt.com.mm/mm/mpt-club-mm/