MPT သုံးစွဲသူများအနေဖြင့် MPT4U မှတစ်ဆင့် လိုတရ ရှိ အသစ်အသစ်သော ဆောင်းပါးအမျိုးအစားများစွာကို ဒေတာအခမဲ့ဖြင့်ဖတ်ရှုနိုင်

MPT က မိမိတို့ တန်ဖိုးထားရသော သုံးစွဲသူများသို့ ဝန်ဆောင်မှုအမျိုးမျိုးကို ပေးအပ်ရန်အတွက် MPT4U အက်ပလီကေးရှင်းတွင် လိုတရ၏ နေ့စဉ်သုတရသစုံလင်သည့် ဖျော်ဖြေရေးဆောင်းပါး များစွာကို ဒေတာကုန်ကျမှုမရှိဘဲ နိုင်ငံတစ်ဝန်းလုံးတွင် ဖြန့်ကျက်ထားသော MPT ၏ 3G/4G/LTE ကွန်ရက်ပေါ်မှတစ်ဆင့် ဖတ်ရှုနိုင်ပြီဖြစ်ကြောင်းသိရသည်။

Photo Source http://lotaya.mpt.com.mm/

MPT4U အက်ပလီကေးရှင်း ထည့်သွင်းထားသည့် မည်သည့် Android သို့မဟုတ် iOS ဖုန်းမဆို ဗုဒ္ဓ၏အဆုံးအမတရားတော်များ၊ လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများ၊ အလှအပရေးရာ၊ ပဟေဠိများ၊ ပုံပြင်ဇတ်လမ်းတိုများ သို့မဟုတ် (၇) ရက် သားသမီး ဗေဒင်အစရှိသည်တို့ကို MPT4U ရှိ လိုတရ အမှတ်အသားကို တို့ထိလိုက်ရုံဖြင့် စိတ်ဝင်စားဖွယ် ကောင်းသော အကြောင်းအရာများကို ဒေတာကုန်ကျမှုမရှိဘဲ ဖတ်ရှုနိုင်မည်ဖြစ်သည်။ သုံးစွဲသူများသည် လိုတရ ဝန်ဆောင်မှုကို MPT4U အက်ပလီကေးရှင်းမှသာမက လိုတရ ဝက်ဘ်ဆိုက်စာမျက်နှာဖြစ်သည့် http://lotaya.mpt.com.mm/ တွင်လည်း ဝင်ရောက် အသုံးပြုနိုင်မည်ဖြစ်သည်။
iOS နှင့် Android ဖုန်းအသုံးပြုသည့် သုံးစွဲသူများအတွက် https://bit.ly/MPT4Ufree / (URL: https://lotaya.mpt.com.mm/event/191 (သို့မဟုတ်) USSD ကုတ် * 4040 # ကိုခေါ်ဆို ခြင်းဖြင့် MPT4U အက်ပလီကေးရှင်းကိုအခမဲ့ ဒေါင်းလုတ်ရယူနိုင်ပါသည်။

Photo Source http://lotaya.mpt.com.mm/

MPT4U အက်ပလီကေးရှင်းကိုအသုံးပြုသည့် သုံးစွဲသူများသည် လက်ကျန်ငွေ စစ်ဆေးနိုင်ခြင်း၊ ဖုန်းငွေဖြည့်သွင်းနိုင်ခြင်း၊ ပက်ကေ့ချ်အသစ် (သို့မဟုတ်) အခြားသူ တစ်ဦးအတွက် လက်ဆောင်ပက်ကေ့ချ် ဝယ်ယူခြင်း၊ လက်ကျန်ငွေလွှဲပြောင်းခြင်း သို့မဟုတ် မိသားစုဝင်များ၏ အကောင့်များကို ၎င်းတို့ကိုယ်စား စီမံခန့်ခွဲ နိုင်ခြင်းနှင့် ထပ်တိုးဝန်ဆောင်မှုများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်မည်ဖြစ်သည်။
MPTအနေဖြင့် ခက်ခဲသည့်အချိန်ကာလအတွင်းတွင် မြန်မာပြည်နှင့်အတူရှိနေပြီး ဆက်သွယ်ရေး ဝန်ဆောင်မှုများကို သုံးစွဲသူများသို့ အကောင်းဆုံး ကြိုးပမ်းအားထုတ်မှုများဖြင့်ပေးအပ်သွားမည်ဖြစ်ကာ သုံးစွဲသူများ၏ နေ့စဉ်ဘဝကို ပိုမိုကောင်းမွန်စေရန် အမြဲကြိုးပမ်းဆောင်ရွက်နေသည်နှင့်အညီ လိုတရ ဝန်ဆောင်မှုကို MPT4U တွင် လွယ်လင့်တကူ ဝင်ရောက်ဖတ်ရှုနိုင်အောင် ယခုလို ဆောင်ရွက်လိုက်ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
လိုတရ တွင် အသုံးဝင်သော လုပ်ဆောင်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ဖဲကြိုးသင်္ကေတသည် သင်နှစ်သက်ရာအကြောင်းအရာကိုသိမ်းဆည်းနိုင်ပြီး ယင်းတို့ကိုအချိန်မရွေးပြန်လည်ဖတ်ရှု နိုင်သည်။
(၂) ရှာဖွေရေးသင်္ကေတသည် သင်ဖတ်ချင်သောအကြောင်းအရာကို ထိရောက်စွာရှာဖွေနိုင်သည်။
(၃) သင်ရှာဖွေလိုသည့် နှစ်သက်ရာအချက်အလက်အတွက် စာလုံးလမ်းညွှန်စနစ် လုပ်ဆောင်ချက်သည် သင်ရွေးချယ်ထားသော အဓိကကျသည့် စာလုံးအတွက်သက်ဆိုင်ရာ စာလုံးများကိုပြသလိမ့်မည်ဖြစ်သည်။