ကလေးများအိမ်မှာနေရင်းစာသင်ယူနိုင်သည့် KG တန်းမှ Grade 11 အထိ သင်ရိုးများအကြောင်း (၁)

ကျောင်းမသွားတဲ့ ကလေးများမိမိအိမ်မှာနေရင်းစာသင်ယူလို့ရနိုင်ရန်အတွက် KG တန်းကနေ Great 11 အထိ သင်ရိုး Link တွေ ထုတ်ပြန်ထားပါရှိပါတယ်။ အခုသင်ရိုးကတော့ KG တန်းတွေအတွက် ဖော်ပြပေးထားတဲ့ သင်ရိုးဖြစ်ပါတယ်။ သင်ကြား ရေးလမ်းညွှန်ဆရာ၊ ဆရာမတွေအတွက်လည်း အကျိုးရှိစေမှာ အမှန်ပါပဲ။
KG တန်း ကလေးတွေမှာ preschool ( မူကြို ) တက်ထားတဲ့ ကလေးနဲ့ မူကြိုမတက်ပဲ KG တန်း တန်းတက်စေမယ့် ကလေးဆိုပြီး ၂ မျိုးရှိပါမယ်။ Preschool တက်ထားတဲ့ကလေးတွေအတွက်ကတော့ သူတို့သိထားပြီးထား အကြောင်း အရာတွေကို မိဘက ပြန်မှတ်မိအောင် လုပ်ပေးနိုင်ပါတယ် ။ ဥပမာ အရောင်ခွဲခြားတာမျိုး ပစ္စည်း အခေါ် အဝေါ်တွေ အတူလေ့ကျင့်စေတာမျိုး ဖြစ်ပါတယ်။
KG တန်း တက်မယ့် ကလေးတွေကတော့ သင်ကြားရေးအတွေ့အကြုံမရှိသေးတဲ့အခါ စာအရင်သင်တာမျိုးမလုပ်ပဲ ဘာသာရေးနဲ့ပတ်သတ်တာပဲဖြစ်ဖြစ် စာရိတ္တနဲ့ပတ်သတ်တာပဲဖြစ်ဖြစ် စာအုပ်လေးတွေဖတ်ပြနိုင်ပါတယ်။ အိမ်တွင်းမှုနဲ့ ပတ်သတ်တာလေးတွေ သူတို့လုပ်နိုင်သလောက် သင်ပေးနိုင်ပါတယ် ။ ဒါကို Preschool တက်ပြီးသားကလေး တွေအတွက် လည်း လုပ်ပေးနိုင်ပါတယ်။

Photo Source https://www.facebook.com/100028892617574/posts/556261515346931/

အရေးကြီးတာက စာနောက်ကျမှာစိုးလို့ မိဘက သင်ကြားရေးအတွေ့အကြုံမရှိပဲ ကျောင်းစတက်မယ့် ကလေးငယ်ကို စာမသင်ကြားစေဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဥပမာ က ခ တစ်လုံးကို ဘယ်နှစ်ခေါက် A B C D တစ်လုံးကို ဘယ်နှစ်ခေါက် ရေးစေတာမျိုး မလုပ်စေဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဒီနေရာမှာ မိဘက သင်ကြားရေးအတွေ့အကြုံရှိသူ သင်ကြားရေး နည်းလမ်းတွေကို လေ့လာသိရှိထားသူဆိုရင် အဆင်ပြေတဲ့နည်းလမ်းနဲ့သင်ကြားပေးနိုင်ပါတယ်။ ဒါတောင် အပေါ်ယံ သဘောတရားနဲ့ပဲ သင်ယူခိုင်းလို့ရပါမယ်။ Group Work (အဖွဲ့လိုက်လုပ်ဆောင်မှု )တွေ Pair work ( ၂ယောက်တွဲ လုပ်ဆောင်မှု) တွေမှာ လိုအပ်တာတွေရှိနိုင်တာကြောင့်ပါ။
ဒါ့ကြောင့် ဖြစ်နိုင်ရင် ကလေးကို ပိုက်ဆံလည်းမကုန်စေတဲ့ သစ်ပင်စိုက်တာတွေ အိမ်တွင်းမှုကို ကူညီလုပ်ဆောင် စေနိုင်တာတွေ ဗဟုသုတရစေမယ့်စာအုပ်လေးတွေဖတ်ပြတာတွေ ဂျုံလေးတွေနဲ့ အရုပ်လေးတွေလုပ်တာမျိုး သစ်ရွက်လေး တွေနဲ့ ပုံဖော်စေတာမျိုး ဆေးရောင်ချယ်ခြင်း အိုရီဂါမီစက္ကူရုပ်ခေါက်ခြင်း ပုံဆွဲခြင်း စတဲ့ နှစ်သက်မယ့်အရာလေးတွေကို ဦးစားပေးသင်ထားပေးစေချင်ပါတယ်။ KG တန်းအတွက် ဘာသာရပ် သီးသန့်ခွဲခြားထားတာမျိုးမရှိလို့ လေ့ကျင့်ချင်ရင်တော့ အပြင်မှာ စာအုပ်လေးတွေ မေးဝယ်ပြီး လေ့ကျင့်ပေးလို့ အဆင်ပြေရင်လည်း မိဘနဲ့အတူလေ့ကျင့်နိုင်ပါတယ်။ စာအုပ်နဲ့ မလေ့ကျင့်ရင်လည်း အထက်ပါအတိုင်းပဲ တခြားသင်ကြားစရာတွေကို လုပ်ပေးနိုင်ပါတယ်။ ဒါဟာ မိဘတိုင်းလုပ်ပေးနိုင် မယ့်အနေအထားတစ်ခုပါ။
နောက်တစ်ခုက ကျောင်းတက်မယ့်အချိန်မှာ ဘယ်အတန်းကစတက်သင့်သလဲဆိုတဲ့ အမေးများတဲ့မေးခွန်းအတွက် ပြောပြချင်ပါတယ်။ အရင်ကလည်း ဒါနဲ့ပတ်သတ်ပြီး ပြောဖူးပါတယ်။ အသက် ၅ နှစ်ပြည့်ရင် KG တန်းစတက်လို့ရပါတယ်။ အသက် ၆နှစ်ဆိုရင်တော့ KG တန်းမထားရသေးရင်တောင် Grade(1) ပထမတန်းကို မိဘသဘောတူရင် တန်းထားလို့ရပါတယ်။ အသက်၇နှစ်ဆိုရင်တော့ Grade(2) ဒုတိယတန်းကို ကျော်ထားလို့ မရပါဘူး။ Grade(1) မှာ ပဲ တက်ရပါတယ်။ ကျောင်းမတက်ရသေးတဲ့အချိန်မှာ မိမိတို့ကလေးဟာ တက်ရမယ့်အတန်းထက် အသက်ကျော်နေတာ မျိုးဖြစ်လို့ ဘယ်အတန်းထားရမလဲဆိုရင် မိမိတို့ကလေးအပေါ်မှာပဲ မူတည်ပါတယ်။ ကလေးဟာ ကျောင်းပျော်တယ်။ ကျောင်းတက်တဲ့အတွေ့အကြုံရှိတယ်။ သင်ကြားရေးမှာလဲပျော်တယ်။ သွက်လက်တယ်။ စတဲ့အချက်တွေရှိနေရင်တော့ KG တက်ရမယ့်ကလေးဟာ အသက်၆နှစ်ဖြစ်နေရင်တောင် Grade(1) ထားနိုင်ပါတယ်။ အထက်ပါအချက်တွေထဲက တစ်နည်း နည်းနဲ့ ငြိနေရင်တော့ KG က စထားတာပိုအဆင်ပြေပါတယ် ။ ကလေးက တက်ရမယ့်အတန်းထက် အသက်ကြီးနေရင် အများအားဖြင့်သင်ယူမြန်နိုင်ပါတယ်။ အထက်ပါအချက်တွေလည်း ပြည့်စုံပေမယ့် KG က စထားချင်တယ် ဆိုရင်တော့ အကောင်းဆုံးပေါ့ ။ နေရာသစ် နယ်မြေအသစ်မှာ လူအသစ်တွေနဲ့ အသားကျအောင်နေတတ်လာမှာမို့ စိမ်းမနေတော့ပဲ KG က စလို့ အဆင်လိုက်အတန်းတက်သွားနိုင်ပါတယ်။

Photo Source https://www.facebook.com/100028892617574/posts/556261515346931/

KG သင်ရိုးနဲ့ပတ်သတ်ပြီး သိချင်တာရှိရင် အောက်ကလင့်တွေကို download ဆွဲပြီး ဖတ်ကြည့်နိုင်ပါတယ် ။
KG တန်း ဆရာလမ်းညွှန် စာအုပ်ကို လိုချင်သော ဆရာ ဆရာမ များနှင့် KG တန်းသားသားမီးမီးတို့၏ မိဘများအတွက် ကြည့်ရှုလေ့လာ ဖတ်ရှုသင်ကြားလိုပါက ဖုန်းနှင့် တက်ဘလက်မှာ ဖတ်ရှုနိုင်ပါရန် pdf ဖိုင် အနေဖြင့် အောက်တွင်ပေး ထားသော လင့်မှာ လိုချင်သော စာအုပ်များကို (download) ဒေါင်းလုတ်ဆွဲနိုင်ပါသည် PDF READER ဖြင့်ဖတ်ရှုနိုင်ပါတယ်။
Pdf reader.apk ဆွဲရန် အောက်ပါ Link တွင်နိုပ်ပါ။
https://play.google.com/store/apps/details?id=pdf.reader
KG ကဗျာ ဘာသာစကား ပုံပြင် ဆရာကိုင် (၁) size.3.64 MB PDF ဖိုင်ကို Download ဆွဲရန်အောက်ပါ Link တွင် နိုပ်ပါ။
http://resources.mmoe.myanmarexam.org/…/kg1-language…
KG သင်ပြမှုပုံစံ ဆရာလမ်းညွှန် (၂) size.4.31 MB
http://resources.mmoe.myanmarexam.org/…/kg2-learning…
KG ဆရာ လမ်းညွှန် (3) size. 17.56 MB
http://resources.mmoe.myanmarexam.org/…/kg3-teacher…
စာအုပ်နဲ့ audio တွေ Link ပျက်လို့ ဒေါင်းမရပါက အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://m.facebook.com/story.php?story_fbid=589537348686014&id=100028892617574
Source .. Ministry of Education Myanmar and Hanni Linn Facebook