MPT ဆင်းမ်ကတ်များ မှတ်ပုံတင်ခြင်းအတွက် လိုအပ်သည့် အချက်အလက်များထုတ်ပြန်

မြန်မာနိုင်ငံရှိ လိုင်စင်ရဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် MPT အနေဖြင့် ခက်ခဲသော ကာလများအတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများကို တစ်နိုင်ငံလုံးရှိ သုံးစွဲသူများသို့ အကောင်းဆုံးဝန်ဆောင်မှုများပေးရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် MPT ဆင်းမ်ကတ်များ မှတ်ပုံတင်ခြင်းအတွက် လိုအပ်သည့် အချက်အလက်များ အားထုတ်ပြန်ထားသည်။
လတ်တလောတွင် သုံးစွဲသူများထံမှရရှိသည့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းနှင့်ပတ်သက်သော သတင်းအချက်အလက်များအရ မကြာမီရက်များအတွင်း ကိုယ်ရေးအချက်အလက်များကို ပြည့်စုံမှန်ကန်စွာ စာရင်းသွင်းမထားသည့် အချို့သော သုံးစွဲသူ များအနေဖြင့် သက်ဆိုင်ရာအာဏာပိုင်များ၏ ညွှန်ကြားချက်အရ အထွက်ဖုန်းခေါ်ဆိုမှု ပိတ်ထားခံရခြင်းများ ကြုံတွေ့ ရနိုင်သည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာအားလုံးမှာ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) ၏ ဆင်းမ်ကတ်မှတ် ပုံတင်ခြင်းဆိုင်ရာ ညွှန်ကြားချက်များကို အားလုံးတူညီစွာဖြင့် လိုက်နာဆောင်ရွက်ရန် လိုအပ်ရှိကြောင်းလည်းဖော်ပြထား သည်။

Photo Source https://www.mpt.com.mm/mm/

သုံးစွဲသူများအား ၎င်းတို့၏ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းကို ပြန်လည်စိစစ်ရန် ကြေညာပြီးနောက် သုံးစွဲသူ အချို့၏ အထွက်ဖုန်းခေါ်ဆိုမှုကို သက်ဆိုင်ရာအာဏာပိုင်များ၏ညွှန်ကြားချက်အရ ပိတ်ထားခြင်းများ ရှိခဲ့သည်။ သို့ရာတွင် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်း အနေဖြင့် မိမိတို့၏ ဆင်းမ်ကတ်များအား မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းလမ်းအမျိုးမျိုးမှတစ်ဆင့် အချက်အလက်များကို သေချာစွာ ပြန်လည်စိစစ်ပြီး ပြည့်စုံမှန်ကန်သော မှတ်ပုံတင်ခြင်းကို အလွယ်တကူ အောင်မြင်စွာ ဆောင်ရွက်နိုင်ကာ အထွက်ခေါ်ဆိုခြင်း ဝန်ဆောင်မှုကိုလည်း မကြာမီတွင် ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ဆင်းမ်ကတ်ပြန်လည်မှတ်ပုံတင်ရန်အတွက် SMS လက်ခံရရှိသူများအနေဖြင့် MPT4U အက်ပလီကေးရှင်း (သို့မဟုတ်) * 601 # သို့ခေါ်ဆိုခြင်း (သို့မဟုတ်) https://my.mpt.com.mm/ မှ တစ်ဆင့် ကိုယ်ရေးအချက် အလက်များအား ပြည့်စုံမှန်ကန်စွာ ပြင်ဆင်ဖြည့်စွက်၍ မှတ်ပုံတင်ခြင်းလုပ်ဆောင်မှုကို ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင် မည်ဖြစ်သည်။ MPT Own Shop များ နှင့် MPT အမှတ်တံဆိပ်စတိုးဆိုင် များတွင်လည်း ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း အချက်အလက်များ ပြီးပြည့်စုံအောင် ဆောင်ရွက်ခြင်းလျက်ရှိသည်။
ဆင်းမ်ကတ်များကို ပြန်လည်မှတ်ပုံတင်ခြင်းအတွက် လိုအပ်သည့်အချက်များမှာ-
(၁) အသုံးပြုသူ၏ အမည်
(၂) နိုင်ငံသားစိစစ်ရေးကတ်၏ မူရင်း (ရှေ့နှင့်နောက်) ဓာတ်ပုံ (အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်မှာ ကြည်လင်ပြတ်သားမှုရှိရပါမည်)
(၃)နိုင်ငံသားစိစစ်ရေးကတ်အမှတ် တို့ဖြစ်ပါသည်။
MPT ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းအား အောင်မြင်စွာ လုပ်ဆောင်ပြီးနောက် ဆင်းမ်ကတ်ကို ပုံမှန်အတိုင်း ပြန်လည် အသုံးပြုနိုင်မည် ဖြစ်သည်။

Photo Source https://www.mpt.com.mm/mm/

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းအတွက် SMS မှတစ်ဆင့်အသိပေးစာရရှိသော သုံးစွဲသူများအနေဖြင့် မိမိကိုယ်ရေးအချက်အ လက်များကို သေချာစွာပြန်လည်စိစစ်ပြီး လိုအပ်သော အချက်အလက်များကို အမြန်ဆုံးဖြည့်စွက်၍ ပြန်လည်ပေးပို့ပါရန် MPT မှ အလေးအနက်ထား တိုက်တွန်းနှိုးဆော်ထားသည်။
ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍သော်လည်းကောင်း (သို့မဟုတ်) MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm တွင်ဝင်ရောက်ကြည့်ရှု၍သော်လည်းကောင်း၊ MPT ဆိုင်များသို့သွားရောက်၍ သော်လည်းကောင်း ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်းသိရသည်။