MPT က ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးအပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) တို့တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများအား အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ရှိ အောက်ဖော်ပြပါမြို့များတွင် ကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) သုံး အော်တိုတယ်လီဖုန်းဝန်ဆောင်မှု၊ ဖိုင်ဘာအင်တာနက် (FTTH) ၊ ဖိုင်ဘာအင်တာနက် ဖုန်းလိုင်း ဝန်ဆောင်မှု (VoIP) နှင့် စီးပွားရေးသုံး (B2B) ဝန်ဆောင်မှုများအား ပိုမိုကောင်းမွန်သော ဖန်ကြိုးမျှင်အသုံးပြုတယ်လီဖုန်းစနစ် (OLT) အိတ်ချိန်းများဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ထုတ်ပြန်ကြေညာလိုက်ပါသည်။ အဆိုပါ နည်းပညာအဆင့်မြှင့်တင်မှုသည် MPT ၏ ကတိကဝတ်ဖြစ်သည့် သုံးစွဲသူများအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုအရည်အသွေးပေးအပ်ရန်နှင့် ကွန်ရက်တည်ငြိမ်မှုကို မြှင့်တင်ရန် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
နည်းပညာအဆင့်မြှင့်တင်မှုလုပ်ငန်း ဆောင်ရွက်နေစဉ်ကာလအတွင်း အဆိုပါနေရာများရှိ သုံးစွဲသူများအနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ယာယီပြတ်တောက်မှု ကြုံတွေ့နိုင်မည်ဖြစ်ပါသည်။ အဆိုပါ ယာယီပြတ်တောက်မှု သည် အဆင့်မြှင့်တင်မည့် နေရာနှင့် ရက်စွဲပေါ်မူတည်၍ (၁၅) မိနစ် မှ (၂) နာရီခန့်အထိ အချိန်အနည်းငယ်မျှ ကြာမြင့်နိုင်မည် ဖြစ်ပါသည်။ အဆင်မပြေမှုဖြစ်ပေါ်ရသည့်အတွက်လည်း သည်းခံပေးနိုင်ပါရန် လေးစားစွာ မေတ္တာ ရပ်ခံအပ်ပါသည်။ MPT အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် ပိုမို ခိုင်ခံ့ကောင်းမွန်သော ကွန်ရက်တည်ငြိမ်မှုနှင့် ပိုမိုကောင်းမွန်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ပိုမိုသိရှိလိုပါက 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်ပါသည်။
|
စဉ်
|
တိုင်းဒေသကြီး
|
အိတ်ချိန်း
|
အော်တိုတယ်လီဖုန်း နံပါတ်များ
|
အဆင့်မြှင့်တင်မည့်ရက်စွဲ
|
|
၁
|
ရန်ကုန်တိုင်းဒေသကြီး
|
သုံးခွ အိတ်ချိန်း
|
၀၅၆-၂၀၄၀xxx
|
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက် မှ နိုဝင်ဘာလ (၃၀) ရက်အထိ
|
|
၂
|
ခရမ်း အိတ်ချိန်း
|
၀၅၆-၂၀၃၀xxx
|
||
|
၃
|
ဒလ အိတ်ချိန်း
|
၀၁-၈၂၆၉xxx
|
||
|
၄
|
ကွမ်းခြံကုန်း အိတ်ချိန်း
|
၀၁-၈၂၆၅xxx
|
||
|
၅
|
ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)
|
ပဲခူး အိတ်ချိန်း
|
၀၅၂-၂၂၀၀xxx
|
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက် မှ ဒီဇင်ဘာလ (၃၁) ရက်အထိ
|
|
၆
|
၀၅၂-၂၂၀၁xxx
|
|||
|
၇
|
၀၅၂-၂၂၂၁xxx
|
|||
|
၈
|
၀၅၂-၂၂၂၂xxx
|
|||
|
၉
|
၀၅၂-၂၂၂၃xxx
|
|||
|
၁၀
|
၀၅၂-၂၂၂၄xxx
|
|||
|
၁၁
|
၀၅၂-၂၂၃၀xxx
|
|||
|
၁၂
|
၀၅၂-၂၆၀၀xxx
|
|||
|
၁၃
|
သနပ်ပင် အိတ်ချိန်း
|
၀၅၂-၂၇၄၆xxx
|
||
|
၁၄
|
ဒိုက်ဦး အိတ်ချိန်း
|
၀၅၂-၂၇၄၀xxx
|
||
|
၁၅
|
ဝေါ အိတ်ချိန်း
|
၀၅၂-၂၇၇၅xxx
|
||
|
၁၆
|
ဘုရားကြီး အိတ်ချိန်း
|
၀၅၂-၂၇၆၅xxx
|
||
|
၁၇
|
ကျောက်တံခါး အိတ်ချိန်း
|
၀၅၄-၂၈၆၀xxx
|
||
|
၁၈
|
အုတ်တွင်း အိတ်ချိန်း
|
၀၅၄-၂၈၄၆xxx
|
||
|
၁၉
|
ဇေယျဝတီ အိတ်ချိန်း
|
၀၅၄-၂၈၈၅xxx
|
||
|
၂၀
|
ဖြူး အိတ်ချိန်း
|
၀၅၄-၂၈၄၀xxx
|
||
|
၂၁
|
ကေတုမတီ အိတ်ချိန်း
|
၀၅၄-၂၈၂၇xxx
|
||
|
၂၂
|
ရေတာရှည် အိတ်ချိန်း
|
၀၅၄-၂၈၈၀xxx
|
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအကြောင်း
MPT သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်ပြီး နှစ်ပေါင်း (၁၄၀) ကျော် ကြာအောင် ဆက်သွယ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတွင် ရှေ့ဆောင်လာခဲ့သူဖြစ်ပါသည်။ ကြိုးဖုန်း၊ ဖိုင်ဘာနှင့် မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများထံသို့ ဆောင်ရွက်ပေးလျက်ရှိပြီး တစ်နိုင်ငံလုံးသို့ လွှမ်းခြုံထားသည့် အကြီးမားဆုံးသော 3G၊ 4G/ LTE+ နှင့် 5G ကွန်ရက်တို့ကို ပိုင်ဆိုင်ထားပါသည်။
MPT သည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်နိုင်ရန်အတွက် ၂၀၁၄ ခုနှစ်တွင် KDDI Corporation (KDDI) နှင့် Sumitomo Corporation (Sumitomo) တို့မှ နည်းပညာနှင့် ကျွမ်းကျင်မှု အတွေ့အကြုံများကို ပေါင်းစည်းထားသည့် KDDI Summit Global Myanmar Limited (KSGM) နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
လွန်ခဲ့သည့် (၁၀)နှစ်တာကာလအတွင်း MPT-KSGM ပူးပေါင်းဆောင်ရွက်မှု သည် သုံးစွဲသူများသို့ အဆင့်မြင့် နည်းပညာများနှင့် ဒီဂျစ်တယ် အတွေ့အကြုံများကို ပေးအပ်ခဲ့ခြင်းနှင့်အတူ ယခုအခါ လူဦးရေ၏ ၉၆% ကို ကွန်ရက်လွှမ်းခြုံ ထားကာ သုံးစွဲသူ သန်း (၂၀) ကျော်ကို ဝန်ဆောင်မှုပေးအပ်လျက်ရှိသည့် ခိုင်မာသော တယ်လီကွန်း အခြေခံ အဆောက်အဦ ကို တည်ထောင်ပေးခဲ့ပါသည်။ MPT သည် ယုံကြည်စိတ်ချရသော မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ MPT Club ကဲ့သို့သောအစီအစဉ်နှင့် များစွာသောထပ်ဆောင်းဝန်ဆောင်မှုတို့ကိုလည်း မိတ်ဆက်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းတွင် ဒီဂျစ်တယ် အသုံးပြုနိုင်မှုကို မြှင့်တင်ပေးခြင်းနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖန်းတီးပေးနိုင်ခဲ့ပါသည်။
MPT အနေဖြင့် လူမှုအသိုက်အဝန်းဖွံ့ဖြိုးစေရေးအတွက် ထားရှိသည့်ကတိကဝတ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာပြည်သူ ပြည်သားများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းငယ်ကဏ္ဍများတွင် ကျပ် (၂၆) ဘီလီယံကျော် သုံးစွဲကာ ၎င်း၏ တာဝန်သိလူမှုအကျိုးပြုလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ပါသည်။
မြန်မာနိုင်ငံဆက်သွယ်ရေး အခြေခံအဆောက်အဦ၏ အရည်အသွေးတိုးတက်စေရန် ဆောင်ရွက်ခြင်းနှင့်အတူ ၎င်းတို့၏ အထောက်အပံ့ပြုဆောင်ရွက်မှုများကို ပိုမိုကောင်းမွန်ရန်နှင့် ပြည်တွင်းမှ ကျွမ်းကျင်ဝန်ထမ်းများ၏ အရည်အချင်းကို အသုံးချ နိုင်ရန်အတွက် ၂၀၂၅ ခုနှစ်၊ ဧပြီလမှစတင်ကာ MPT သည် KSGMနှင့် သဘောတူညီမှု စာချုပ်ကို ပြင်ဆင်ဆောင်ရွက်ခဲ့ပါသည်။ MPT အနေဖြင့် ဝန်ထမ်းပေါင်း ၆ ထောင်ကျော်နှင့်အတူ KSGM နှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် အကောင်းဆုံးသော ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ပေးအပ်သွားမည်ဖြစ်ပြီး ဝန်ထမ်းများအပါအဝင် မြန်မာပြည်သူပြည်သားများအတွက် ရေရှည်တည်တံ့ခိုင်မြဲသော အကျိုးကျေးဇူးများကို ပေးအပ်သွားရန် ကတိပြုပါသည်။
MPT အကြောင်းပိုမိုသိရှိလိုပါ www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ (သို့မဟုတ်) ၁၀၆ သို့ ခေါ်ဆို၍ စုံစမ်းမေးမြန်းနိုင်ပါသည်။ MPT ၏ လူမှုအကျိုးပြုလှုပ်ရှားမှုများအား ပိုမိုသိရှိလိုပါက https://mpt.com.mm/mm/about-home-mm/csr-activities-mm/ သို့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။



