MPT ၏ ရွှေအိပ်မက် အစီအစဉ်မှ Brand New MG 5 မော်တော်ကားကံထူးရှင်ထွက်ပေါ်

ရွှေအိပ်မက် အစီအစဉ်၏ ကံထူးရှင်ထံသို့ ကံထူးလက်ဆောင် လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ် ဧပြီလ ၃ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းရှိ MG Myanmar Car Showroom ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရွှေအိပ်မက် အစီအစဉ်၏ ပထမဆုံးသော ကံထူးရှင်ဖြစ်သူ “ဦးအာကာမြင့်အောင် (Lucky Number 1694) အား မိသားစုကဏ္ဍအောက်တွင် ၎င်း၏ အိပ်မက်ကို အကောင်အထည်ဖော်ရန်အတွက် MPT က Brand New MG 5 မော်တော်ကားကို လွှဲပြောင်း ပေးအပ်ခဲ့သည်။ MPT သည် ကျန်ရှိသော ကံထူးရှင်များ၏ ဆုများကို အမြန်ဆုံး လွှဲပြောင်းပေးအပ်ရန်နှင့် ၎င်းတို့၏ အိပ်မက်များကို အကောင်အထည် ဖော်နိုင်ရန် ကတိထားဆောင်ရွက်လျက်ရှိသည်။
MPT နှင့် KSGM တို့ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုအဖြစ် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူလူထု၊ စီးပွားရေး လုပ်ငန်းများနှင့် လူမှုအသိုင်းအဝိုင်းများသို့ အကောင်းဆုံး ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ပေးအပ်ခြင်း (၇)နှစ်မြောက် အထိမ်းအမှတ်အဖြစ် MPT သည် ၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလတွင် ထူးခြားဆန်းသစ်သည့် အနာဂါတ်တွေပုံဖော်ဖို့ ရွှေအိပ်မက်နဲ့ ရှယ်လန်းစို့ အစီအစဉ်ကို မိတ်ဆက်ခဲ့ကာ အဆိုပါအစီအစဉ်မှာ ပါဝင်သူပေါင်း ၇,၀၀၀ ကျော်ဖြင့် အလွန်ပင်အောင်မြင်မှု ရရှိခဲ့ပါသည်။ MPT သည် ကံထူးရှင် ၇ ဉီးအား အမျိုးအစား ၄ မျိုးဖြစ်သည့် မိသားစု၊ လုပ်ငန်းအသစ်အတွက်ထောက်ပံ့ခြင်း (မိမိကိုယ်တိုင်အတွက်)၊ ရပ်ရွာအဖွဲ့အစည်းများ အတွက် ကူညီထောက်ပံ့ခြင်းနှင့် သတ်မှတ်ချက်အားလုံးပြည့်မီသော အိပ်မက်အမျိုးအစားကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ရွေးချယ်ခဲ့ပြီးဖြစ်သည်။

Photo Source https://www.facebook.com/mptofficialpage

“MPT သုံးစွဲသူတွေရဲ့ အိပ်မက်တွေအမှန်တကယ်ဖြစ်လာစေဖို့ ဆောင်ရွက်ပေးတဲ့ ဘဝမှာတစ်ကြိမ်သာ အခွင့်အရေးရှိနိုင်မယ့် ရွှေအိပ်မက် အစီအစဉ်မှာ ပါဝင်ခဲ့သူအားလုံးကို ကျေးဇူးအထူးတင်ရှိပြီး ရွေးချယ်ခံခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ ကံထူးရှင်တွေအတွက် ဂုဏ်ပြုလိုက်ရပါတယ်။ ကျွန်တော်တို့ အနေနဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာ ဆုလက်ဆောင်တွေကို ကံထူးရှင်တွေထံ လွှဲပြောင်းပေးအပ်ဖို့ ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ အခြေအနေတွေကြောင့် ဒီလိုပေးအပ်နိုင်မယ့် လုပ်ငန်းစဉ်တွေကို အဟန့်အတားဖြစ်စေပြီး နှောင့်နှေးကြန့်ကြာ စေခဲ့တဲ့အတွက် ကံထူးရှင်တွေကို တောင်းပန်အပ်ပါတယ်။ အခုအချိန်မှာတော့ “ရွှေအိပ်မက်”အစီအစဉ်ရဲ့ ကံထူးရှင်တွေထဲက ကံထူးရှင်တစ်ဦးဆီကို “Brand New MG 5” မော်တော်ကားကို အောင်မြင်စွာနဲ့ လွှဲပြောင်း ပေးအပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ကံထူးရှင်တွေရဲ့အိပ်မက်တွေကို တကယ့်ကိုမကြာတော့တဲ့ကာလအတွင်းမှာ လက်တွေ့ အကောင်အထည်ဖော်နိုင်စေဖို့ မျှော်လင့်ထားပါတယ်” ဟု MPT-KSGM JO ၏ ဈေးကွက်ရေးရာဌာနမှ ဒုတိယ ဒါရိုက်တာဖြစ်သူ Mr. Takehiko KOTANI က ပြောကြားသည်။
“ဒီနေ့ကတော့ ကျွန်တော့်ရဲ့ အိပ်မက်အမှန်တကယ် ဖြစ်လာတဲ့နေ့တစ်နေ့ပါပဲ။ MPT ရွှေအိပ်မက် အစီအစဉ်ကတစ်ဆင့် ကံထူးခဲ့တဲ့ အတွက်ကြောင့် ကျွန်တော့်မိသားစုအတွက် လိုအပ်နေတဲ့ ကိုယ်ပိုင်ကားလေးတစ်စီး ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ မိသားစုအတွက် ဖြည့်ဆည်းပေးချင်တဲ့ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာကြည်နူးမိပါတယ်။ လက်ခံရရှိတဲ့ဆုဟာ ကျွန်တော်နဲ့ ကျွန်တော့် မိသားစုအတွက် တကယ်ကို အသုံးဝင်တဲ့အတွက်လည်း MPT ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်” ဟု MPT ရွှေအိပ်မက် အစီအစဉ်၏ ကံထူးရှင် တစ်ဦးဖြစ်သူ ဦးအာကာမြင့်အောင် က လည်း ပြောကြားသည်။