Samsung ၏နောက်ဆုံးပေါ်စမတ်ဖုန်းသစ် Galaxy M33 အားမြန်မာနိုင်ငံဈေးကွက်တွင် စတင်မိတ်ဆက်

Samsung Myanmar သည်အဆင့်မြင့်နည်းပညာသစ်များနှင့် ဖန်တီးတည်ဆောက်ထားသည့် ၎င်းတို့၏ နောက်ဆုံးပေါ် တန်ဖိုးသင့်စမတ်ဖုန်းအမျိုးအစားသစ် Galaxy M33 အားမြန်မာနိုင်ငံတွင်ယနေ့စတင်မိတ်ဆက်ခဲ့သည်။ သင့်တင့်မျှတ သောဈေးနှုန်းနှင့် premium အဆင့်ရှိသုံးစွဲမှုအတွေ့အကြုံများအားရရှိစေမည့် Galaxy M33 စမတ်ဖုန်းတွင်စွမ်း ဆောင်ရည်မြင့် 5nm processor၊အခိုက်အတန့်တိုင်းအားဖမ်းယူရိုက်ကူးနိုင်မည့် ကျောဖက်ကင်မရာ၄လုံး၊ နောက်ဆုံးပေါ် စွဲမက်ဖွယ် ဒီဇိုင်းနှင့်၆.၆” FHD+ Infinity-V မျက်နှာပြင်များပါရှိသည့်အတွက်သုံးစွဲသူများအနေနှင့် နေ့စဉ်ဘဝ လှုပ်ရှားမှု တိုင်းတွင် အရည်အသွေးမြင့်မိုဘိုင်းဖုန်းအသုံးပြုမှုအတွေ့အကြုံများအားရရှိခံစားသွားနိုင်မည်ဖြစ်သည်။
“သုံးစွဲသူတိုင်းအတွက် ဘယ်လိုစမတ်ဖုန်းလုပ်ဆောင်ချက်တွေက အကောင်းဆုံးမိုဘိုင်းဖုန်းသုံးစွဲမှုအတွေ့အကြုံကို ယူဆောင်ပေးနိုင်မယ် ဆိုတာကို ကျွန်တော်တို့ Samsung အနေနဲ့စဉ်ဆက်မပြတ်ရှာဖွေဖန်တီးနေပြီး လူတိုင်းရဲ့ နေ့စဉ်နေထိုင်မှုဘဝနဲ့ကိုက်ညီမှုအရှိဆုံး ထုတ်ကုန်တွေကို အမြဲတမ်းတီထွင်ထုတ်လုပ်ပေးနေပါတယ်။ အခုမိတ်ဆက် ခဲ့တဲ့နောက်ဆုံးပေါ် Galaxy M Series စမတ်ဖုန်းသစ် Galaxy M33 မှာဆိုရင်လည်းသုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝနဲ့ ကိုက်ညီမှုအရှိဆုံး အဆင့်မြင့်လုပ်ဆောင်ချက်အသစ်တွေကို ထည့်သွင်းထားတဲ့အပြင် သင့်တင့်တဲ့နှုန်းထားနဲ့လည်း ရရှိပိုင်ဆိုင်သွားနိုင်မှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံက Samsung ချစ်သူတွေအနေနဲ့အကောင်းဆုံးစမတ်ဖုန်း အသုံးပြုမှုအတွေ့အကြုံတွေကို ရရှိသွားနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်” ဟု Samsung Myanmar ၏ Head of Business Group ဖြစ်သူကိုဇာနည်ဝင်းထက်ကပြောကြားသည်။
5nm processor ထည့်သွင်းထားသည့် Samsung Galaxy M33 စမတ်ဖုန်းအသစ်သည်စွမ်းရည်မြင့် CPU နှင့် GPU တို့အပြင် AI လုပ်ဆောင်ချက်သစ်များထောက်ပံ့ထားသောကြောင့် သူမတူကွဲပြားသည့် မိုဘိုင်းဖုန်းအသုံးပြုမှု အတွေ့အကြုံ များအားခံစားရရှိနိုင်မည်ဖြစ်သည်။ သေးငယ်သောကင်မရာပေါက်အား ၆.၆” FHD+ Infinity-V မျက်နှာပြင်၏ အလယ်ထိပ်၌ထည့်သွင်းထားသည့်အတွက် သုံးစွဲသူများအနေနှင့်အဆင့်မြင့်ရုပ်ထွက် အရည်အသွေးရှိပုံရိပ်များအား ကြီးမားကျယ်ပြန့်သော မျက်နှာပြင်ပြည့်တွင် အနှောင့်အယှက်အနည်းပါးဆုံးနှင့်ကြည့်ရှုခံစားသွားနိုင်မည်ဖြစ်သည်။ ထို့အပြင်ဖျော်ဖြေရေး အစီအစဉ်များကြည့်ရှုရာတွင်ဖြစ်စေ၊ ဂိမ်းကစားရာတွင်ဖြစ်စေထစ်ငေါ့ခြင်းမရှိဘဲ ချောမွတ်သော မျက်နှာပြင်အသုံးပြုမှုအတွေ့အကြုံများအားရရှိခံစားနိုင်ရန် Galaxy M33 စမတ်ဖုန်းတွင် 120Hz refresh rate ကိုလည်းထောက်ပံ့ထားသည်။

Photo Source https://samsung.com/mm

အလန်းစားကင်မရာပေါင်းစပ်မှုများနှင့် GalaxyM33 စမတ်ဖုန်းတွင်အဆင့်မြင့်ကျောဖက်ကင်မရာ၄လုံး (50MP wide camera + 5MP ultra-wide camera + 2MP macro camera + 2MP bokeh camera) ပါဝင်လာသည့်အတွက် သုံးစွဲသူများအနေနှင့် အသေးစိတ်ကျသည့်ကင်မရာရိုက်ကူးမှုအတွေ့အကြုံများအားရရှိနိုင်မည်ဖြစ်ကာ အရေးအပါဆုံးသော အခိုက်အတန့်များအားကြည်လင်ပြတ်သားသော အရည်အသွေးမြင့်ပုံရိပ်များ၊ ဗီဒီယိုများအဖြစ် ရိုက်ကူးသိမ်းဆည်းနိုင် မည်ဖြစ်သည်။ Galaxy M33 စမတ်ဖုန်းသည် ဈေးနှုန်းအားဖြင့်ချိုသာသော စမတ်ဖုန်းဖြစ်သည့်တိုင် ၎င်းတွင်ပါရှိလာသော ပမာဏကြီးမားသည့် 5,000mAh ဘက်ထရီနှင့် 25W fast charging စနစ်တို့ကြောင့် နာရီဝက်အတွင်း ၅၀ ရာခိုင်နှုန်း အထိအားပြည့်သွင်းနိုင်သောကြောင့် သုံးစွဲသူများသည်စိတ်ပူပန်စရာမလိုပဲ၎င်းတို့၏ နေ့စဉ်လှုပ်ရှားသွားလာမှုများတွင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။
မြန်မာငွေကျပ်၆၉၉,၀၀၀ဖြင့်မြန်မာနိုင်ငံရှိမိုဘိုင်းအရောင်းဆိုင်ကြီးများနှင့် Samsung Showroom များတွင်ရောင်းချ ပေးသွားမည့် Galaxy M33 စမတ်ဖုန်းအားအမြင်သစ်ဆန်းသည့်အရောင်များဖြစ်ကြသောအပြာ၊ အစိမ်းနှင့် အညိုရောင်တို့အနက် ကြိုက်နှစ်သက်ရာရွေးချယ်ဝယ်ယူသွားနိုင်မည်ဖြစ်သည်။ ဝယ်ယူအားပေးသူများအား 10,000mAh power bank နှင့် earphone များအား (ပစ္စည်းလက်ကျန်ရှိသည်အထိ) လက်ဆောင်ပေးအပ်သွားမည့်အပြင် အထူးအကျိုး ခံစားခွင့်အစီအစဉ်အနေနှင့် Samsung Myanmar မှ Kpay Shopper loan (၁၂လတိတိအတိုးမဲ့အရစ်ချငွေပေးချေမှုစနစ်၊ လက်ငင်းငွေပေးချေမှုမပါ) နှင့် CB Bank loan (၆လတိတိအတိုးမဲ့အရစ်ချငွေပေးချေမှုစနစ်၊ လက်ငင်းငွေပေးချေမှုမပါ) စသည့် သင့်လျော်သည့်အရစ်ကျအစီအစဉ်များလည်း ဖန်တီးဆောင်ရွက်ပေးထားသည်။ သို့သာမက Samsung Care+ အစီအစဉ်တစ်ခုဖြစ်သည့် No Worry Crack ဝန်ဆောင်မှုအားဝယ်ယူပြီးသည့်နေ့မှစတင်ကာ ၆ လအတွင်း မည်သို့သောအကြောင်းကြောင့်အရှေ့မျက်နှာပြင်ကျကွဲခြင်းအတွက် ၅၀ ရာခိုင်နှုန်း သက်သာခွင့်အား ခံစားနိုင် မည်ဖြစ်သည်။ အသေးစိတ်အချက်အလက်များကို https://samsung.com/mm တွင်ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သည်။