MPT-KSGM Joint Operations ၏ ဒုတိယအမှုဆောင်အရာရှိချုပ်အဖြစ် Mr. Kazuhiko MASUDA က စတင် တာဝန်ယူ

Mr. Kazuhiko Masuda မှာ ၂၀၂၂ ခုနှစ် ဧပြီလ (၁) ရက်နေ့မှ စတင်ပြီး MPT-KSGM Joint Operations ၏ ဒုတိယ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။
Mr. Kazuhiko Masuda မှာ လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် ဧပြီလကပင် MPT-KSGM Joint Operations တွင် အကြံပေးအရာရှိအဖြစ် စတင်ဝင်ရောက်ခဲ့ပြီး ဒုတိယအမှုဆောင်အရာရှိချုပ် ဟောင်းဖြစ်သူ Dr. Noboru EDAGAWA နှင့်အတူ MPT-KSGM JO ၏ လုပ်ငန်းဆောင်ရွက်မှုများကို ပံ့ပိုး ကူညီခဲ့သည်။
သုံးစွဲသူရှေးရှုဝန်ဆောင်မှုများ (CLP)များ ၊ မရှိမဖြစ်အရေးပါသည့် တယ်လီကွန်း ဝန်ဆောင်မှုများနှင့် တယ်လီကွန်းမဟုတ်သော ဝန်ဆောင်မှုများအပါအဝင် ယုံကြည်စိတ်ချရပြီး အရည်အသွေး မြင့်မားသည့် ဝန်ဆောင်မှုများကို မြန်မာပြည်သူများထံ စဉ်ဆက်မပြတ် ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ချက်နှင့်အတူ နိုင်ငံတစ်ဝန်းရှိ MPT သုံးစွဲသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဒုတိယအမှုဆောင်အရာရှိချုပ် အသစ် ဖြစ်သည့် Mr. Kazuhiko Masuda သည် စားသုံးသူ စီးပွားရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းအတွေ့အကြုံများလည်း အပြည့်အဝရှိထားသူတစ်ဦးဖြစ်ပါသည်၊၊

Photo Source https://www.facebook.com/mptofficialpage

Mr. Kazuhiko Masuda သည် Musashi Institute of Technology မှ အင်ဂျင်နီယာဘွဲ့ကို ရရှိထားပြီး ဂျပန်နိုင်ငံရှိ KDDI Corporation (KDDI) တွင် ဆက်သွယ်ရေးနှင့် စားသုံးသူစီးပွားရေးဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ အနှစ် (၃၀) ကျော်ရှိကာ စီမံကိန်းများရေးဆွဲခြင်း၊ စီမံခန့်ခွဲမှုနှင့် စားသုံးသူစီးပွားရေးဆိုင်ရာ ဧရိယာများတွင် ဦးဆောင်သူတစ်ဦးအဖြစ် ဆောင် ရွက်ခဲ့သည်။
“ကျွန်တော့်အနေနဲ့ MPT-KSGM JO ကဝန်ထမ်းများ၊ လုပ်ဖော်ကိုင်ဖက်များနဲ့ မိတ်ဖက်လုပ်ငန်းများနဲ့အတူ မြန်မာနိုင်ငံက ပြည်သူများအတွက် ယုံကြည်စိတ်ချရပြီး အရည်အသွေးမြင့်မားတဲ့ တယ်လီကွန်းဝန်ဆောင်မှုတွေ ကို လက်ရှိအခြေအနေမှာ ဆက်လက်ပြီးပေးအပ်နိုင်ဖို့အတွက် အခုလိုအခွင့်အရေး ရရှိခဲ့တဲ့အတွက် အလွန်ပဲ ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ရဲ့ရှေ့မှာ စိန်ခေါ်မှုများစွာရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံသက်တမ်း (၇) နှစ်ကျော် နဲ့အတူ ပြိုင်ဆိုင်မှုမြင့်မားတဲ့ ဈေးကွက်အတွင်းမှာ ကျွန်တော်တို့ကို သုံးစွဲသူတွေရဲ့ နေ့စဉ် လိုအပ်ချက်တွေကို အကောင်းမွန်ဆုံး ပံ့ပိုးပေးနိုင်ဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ အခုလို ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် ကတိကဝတ် တစ်ခုဖြစ်တဲ့ “အတူလက်တွဲ အမြဲရှိမည် MPT” ဆိုတဲ့အတိုင်း လူမှုအသိုင်းအဝန်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အထောက်အပံ့ကိုပေးစွမ်းရာမှာ ကျွန်တော့်ရဲ့ အတွေ့အကြုံတွေနဲ့အတူပေါင်းစပ်ပြီး မြန်မာပြည်သူတွေအတွက် အခုလိုခက်ခဲတဲ့ကာလမှာ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို စဉ်ဆက်မပြတ် ဆက်လက်ပေးစွမ်းနိုင်ဖို့ အတွက်ကိုလည်း စိတ်လှုပ်ရှားနေပါပြီ” ဟု Mr. Kazuhiko Masuda က ပြောကြားသည်။
“ခုလို နှစ်တစ်နှစ်ရဲ့ကူးပြောင်းမှုအစမှာ ကျွန်တော်တို့ကို ယုံယုံကြည်ကြည်နဲ့ ထောက်ပံ့ပေးမှုတွေအတွက် ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံးကို အထူးကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ကျန်းမာပြီး ကြွယ်ဝတဲ့ နှစ်သစ်ဖြစ်ပါစေလို့ MPT ကိုယ်စား ကျွန်တော်က ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။