MPT ၏ ကြင်ကြင်နာနာပက်ကေ့ချ်၏ ဒေတာလွှဲပြောင်းခြင်း လုပ်ဆောင်ချက်တွင် Data Carry Plus ပက်ကေ့ချ်ကို လွှဲပြောင်းပေးနိုင်ပြီဖြစ်

MPT သည် မကြာသေးမီကထွက်ရှိထားသော ကြင်ကြင်နာနာ ပက်ကေ့ချ်၏ ဒေတာလွှဲပြောင်းခြင်း လုပ်ဆောင်ချက်အောက်တွင် အသုံးပြုရန်အတွက် Data Carry Plus ပက်ကေ့ချ်ကို မိတ်ဆက်လိုက်ကြောင်း သိရသည်။
MPT အနေဖြင့် သုံးစွဲသူများ၏ အဆင်ပြေချောမွေ့မှုသည် ကျွန်တော်တို့၏ လုပ်ငန်းဆောင်ရွက်မှုအတွက် အလွန်အရေးကြီးသော အချက်ဖြစ်ပါသည်။ MPT သည် သုံးစွဲသူများ၏ လိုအပ်ချက်များကို အနီးစပ်ဆုံး ကိုက်ညီမှုရှိအောင် ဖြည့်ဆည်းပေးလျက်ရှိပြီး ၎င်းတို့၏နေ့စဉ်ဘဝများကို ပိုမိုတိုးတက် ကောင်းမွန်စေမည်ဟုယုံကြည်ပါသည်။

Photo Source https://web.facebook.com/mptofficialpage

ကြင်ကြင်နာနာ ပက်ကေ့ခ်ျ၏ ဒေတာလွှဲပြောင်းခြင်းလုပ်ဆောင်ချက်တွင် MPT ၏ လူကြိုက်အများဆုံး ဒေတာပက်ကေ့ချ်ဖြစ်သည့် Data Carry Plus ပက်ကေ့ချ်၏ဒေတာများကို ထည့်သွင်းခြင်းဖြင့် သုံးစွဲသူများသည် ယခုလက်ရှိ ကြင်ကြင်နာနာ ပက်ကေ့ခ်ျ၏ဒေတာများ သာမက Data Carry Plus ပက်ကေ့ချ်များမှ ဒေတာပမာဏများကို ၎င်းတို့၏ အဖွဲ့ဝင်များထံ လက်ဆောင်များအဖြစ် လွှဲပြောင်းပေးပြီး မိမိချစ်ခင်ရသူများသို့ ကြင်နာမှုများကို ပြသနိုင်မည် ဖြစ်သည်။
ဒေတာမျှဝေခံစားနိုင်မည့် ကြင်ကြင်နာနာ ပက်ကေ့ချ်များသည် သုံးစွဲသူများမှ ၎င်းတို့၏ မိသားစု၊ သူငယ်ချင်းများနှင့် ချစ်ခင်ရသူများကို အဖွဲ့ဝင်များအဖြစ် သတ်မှတ်ပေးခြင်းဖြင့် ဒေတာမျှဝေပေးခြင်း၊ လက်ဆောင်များပေးအပ်ခြင်းစသည်တို့ကို လုပ်ဆောင်နိုင်သည့် အထူးပေါင်းစပ်ထားသော ပက်ကေ့ချ်များ ဖြစ်ပါသည်။
ကြင်ကြင်နာနာ ပက်ကေ့ချ် ဝန်ဆောင်မှုကို ရယူသုံးစွဲသူ (ပိုင်ရှင်) များသည် ပက်ကေ့ချ် အမျိုးအစားအလိုက် အများဆုံး အဖွဲ့ဝင် ၅ ယောက်အထိ ထည့်သွင်းနိုင်ပြီး အဖွဲ့ဝင်အဖြစ် ထည့်သွင်းပြီးပါက အဖွဲ့ဝင်(၁)ဉီးလျှင် ဒေတာ 500MB စီ အလိုအလျောက် မျှဝေပေးသွားမည် ဖြစ်သည်။ ဒေတာများ (ကြင်ကြင်နာနာဒေတာနှင့် Data Carry Plus ပက်ကေ့ချ်မှ ဒေတာပမာဏ 500 MB အထိ) ကို အဖွဲ့ဝင်များသို့ လွှဲပြောင်းရန်အတွက် သုံးစွဲသူများသည် ကြင်ကြင်နာနာ ပက်ကေ့ခ်ျများနှင့် Data Carry Plus ပက်ကေ့ချ်များကို စာရင်းသွင်းရယူရန် လိုအပ်ပါသည်။
ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်များသည် ဆုလက်ဆောင်များ ရရှိခံစားနိုင်ရန် MPT 4U အက်ပလီကေးရှင်း တွင် ထိပေါက် ၁ ကြိမ် ကစားခွင့် ရမည် ဖြစ်သည်။
ဆွေသဟာ/ ရှယ်ပြော/ ရွှေစကား ဝန်ဆောင်မှု အစီအစဉ် ရယူသုံးစွဲထားသော MPT GSM/ WCDMA ကြိုတင် ငွေဖြည့်စနစ် သုံးစွဲသူများအားလုံးသည် ကြင်ကြင်နာနာ ပက်ကေ့ချ်များကို ရယူနိုင်မည် ဖြစ်သည်။