အင်္ဂလိပ်စာအားနည်းသူများဖုန်းထဲမှာ ဆောင်ထားသင့်တဲ့ Saya Application (Saya Application ၏ CEO ဖြစ်သူ Shem နှင့်အင်တာဗျုးဆောင်းပါး)

Saya Application ဆိုတာလူငယ်၊ လူကြီးမရွေးအင်္ဂလိပ်စာကို အခြေခံမှစတင်ပြီးအလွယ်တကူလေ့လာနိုင်တဲ့ Application တစ်ခုဖြစ်ပါတယ်။ မိမိအိမ်မှာနေရင်းအင်္ဂလိပ်စာကိုအ ခြေခံကနေစပြီးလေ့လာချင်သူတွေအတွက်အကောင်းဆုံး Application တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ အင်္ဂလိပ်စာဘာသာရပ်အားနည်းတဲ့သူတိုင်းအတွက် သုံးလို့ကောင်းတဲ့ Application တစ်ခုဖြစ်တာကြောင့် လက်ရှိအသုံးပြုနေသူတွေလည်းများပြားလို့နေပါတယ်။
Saya Application ကို ၂၀၂၁ ခုနှစ်သြဂုတ်လမှာ စတင်ခဲ့တာပါ။ အင်္ဂလိပ်စာဆိုရင်ဘယ်နယ်ပယ်ကသူမဆိုသိထားသင့်တဲ့ Skill တစ်ခုရှိသင့်တယ်ဆိုတဲ့ခံယူချက်ရှိတဲ့သူတွေအတွက် အဓိကရည်ရွယ်ပြုလုပ်ထားတာဖြစ်ပြီးအခုဆိုရင် Android, iOS ဖုန်းတွေအပြင် Website မှာပါဝင်ရောက်လေ့လာနိုင်အောင်ပြုလုပ်ထားပါပြီ။

Photo Source…Saya Application ၏ CEO ဖြစ်သူ Shem

“SAYA app ဆိုတာက ကျွန်တော်တို့ Binary Lab Ltd. ရဲ့ ကိုယ်ပိုင် Application တစ်ခုပါ။ Binary Lab Ltd. က တော့ B2B Software တွေရေးပေးတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ Client လိုအပ်ချက် ပေါ်လိုက်ပြီး Mobile Applicationတွေ၊ Web Platform တွေရေးသားပေးပါတယ်။ ဒီလိုနဲ့ ၂ နှစ်လောက်လုပ်လာရင်း ကိုယ်ပိုင် In house product တစ်ခုလုပ် မယ်ဆိုပြီးကျနော်တို့ co-founder တွေတိုင်ပင်ရင်း daily အသုံးပြုနေရတဲ့ အင်္ဂလိပ်ကိုအလုပ်လုပ်နေတဲ့သူတွေ၊ အသက်ကြီးပိုင်းသူတွေအတွက် အပြင်လည်း သွားစရာမလိုဘဲ Mobile Application ကနေပဲအသုံးပြုပြီးလေ့လာရင် အဆင်ပြေမှာပဲဆိုတဲ့စိတ်ကူးနဲ့စတင်ဖြစ်ခဲ့တာပါ”ဟု Sayar Application ၏ CEO ဖြစ်သူ Shem ကပြောကြားပါတယ်။
Application ထဲမှာဆိုရင်တော့ Content တွေကို level အလိုက်ခွဲပြီးထည့်ထားပေးတယ်။ 4 Skill ဆိုရင်လည်း Listening, Reading, Writing, Speaking တွေအပြင် Grammar and Vocabulary တွေကိုပါထည့်ထားပေးပါတယ်။ Course တစ်ခုစီမှာလည်း Video Lecture တွေအပါအဝင် Application ထဲမှာပဲဂိမ်းပုံစံမျိုး Practice လည်းလုပ်လို့ရပါတယ်။ video တစ်ခုကြည့်ပြီးတိုင်း မိမိဘယ်လောက်နားလည်လဲဆိုတာကိုဆန်းစစ်လို့ရအောင် Practice Session ထည့်ထားပါသေးတယ်။ App က ကိုယ်တိုင်လေ့လာချင်သူတွေ၊ သင်တန်းမတက်ချင်သူတွေအတွက်မိမိအားလပ်တဲ့အချိန်မှာ လေ့လာတဲ့ သူတွေ အတွက် content တွေကတော့တော်တော်လေး စုံစုံလင်လင်ပါရှိပါတယ်။
“Application မှာ လေ့လာရင်းအခက်အခဲဖြစ်တဲ့အချိန်အသုံးပြုဖို့အတွက် Ask ဆိုတဲ့ Function လေးတစ်ခုရှိပါတယ်။ အဲဒီမှာ တစ်ခါထဲစစ်ကြည့်ပြီးမေးလို့ရပါတယ်။ ချက်ချင်းအကြောင်းပြန်တာမျိုးကြီးတော့မဟုတ်ဘူးပေါ့နော်။ ဒါပေမဲ့ အချိန် တစ်ခုပေးပြီး ကျွန်တော်တို့ဖြေပေးပါတယ်။ Live Class လည်းသီးသန့်ရှိတယ်။ တစ်ပတ်မှာ ၇ ကြိမ် ၈ ကြိမ်လောက် လုပ်ပါတယ်။ ကိုယ်တိုင်လေ့လာနေသူတွေအတွက် သူတို့ရဲ့ Learning Journey မှာအခက်အခဲဖြစ်တာ၊ နားမလည်တာတွေကို နောက်ကနေ Supporting ပေးဖို့အတွက် Function တွေအများကြီးထည့်သွင်းပေးထားပါတယ်”ဟု Shem ကဆက်လက်ရှင်းပြပါတယ်။
Saya Application စတင်ချိန်တုန်းကလည်းအခက်အခဲအနည်းငယ်ရှိခဲ့ပြန်ပါသေးတယ်။ အဲဒါကတော့ ဆရာ/ဆရာမတွေနဲ့ partnership တွေလုပ်ရတာတွေ၊ content ပိုင်းလည်းအဆင်ပြေဖို့အတွက်သွားတွေ့ရတယ်တွေအပါအဝင် Teacher တွေကလည်း အများကြီးမရှိတဲ့အတွက် partnership လုပ်တဲ့အပိုင်းတွေပဲဖြစ်ပါတယ်။ အခုဆိုရင်တော့ Saya Application ဟာ အသုံးပြုသူပေါင်း တစ်သိန်းသုံးသောင်းကျော် ရှိနေပြီဖြစ်ပါတယ်။

Photo Source https://www.facebook.com/sayathelearningapp

“Saya Application က Premium Application ပါ။ အခမဲ့လည်းအသုံးပြုလို့ရတယ်။ Level တစ်ခုရောက်တဲ့အချိန်ထိ အခမဲ့အသုံးပြုလို့ရပါတယ်။ အခုချိန်ထိတော့ User အရေအတွက်ကတစ်သိန်းသုံးသောင်းလောက် ရှိနေပါပြီ”ဟု သူက ရှင်းပြပါတယ်။
လက်ရှိ Application ထဲမှာောတာ့ ၃ လ၊ ၆ လ၊ ၉ လ၊ တစ်နှစ် ဆိုပြီး Package လေးခုသတ်မှတ်ထားပါတယ်။ ၃လစာ ကိုတော့ ၁၈,၅၀၀ ကျပ်၊ ၆လကို ၃၀,၆၀၀ကျပ်၊ ၉ လကို ၃၉,၀၀၀ ကျပ်နဲ့ တစ်နှစ်စာကို ၅၅,၀၀၀ ကျပ်နဲ့ သတ်မှတ် ပေးထားတာလည်းဖြစ်ပါတယ်။
“ဒီ App မှာ Certificate ပေးတာမျိုးမရှိဘူးပေါ့။ နောက်ပိုင်းမှာ Certification Program တွေပြုလုပ်ပေးသွားဖို့ရှိပါတယ်။ Quiz တွေဖြေလို့ သတ်မှတ်ထားတဲ့အမှတ်တွေရတယ်ဆိုရင် Exam ဖြေဖို့အတွက်ဘာတွေ လုပ်လို့ရနိုင်တယ်ဆိုတာမျိုးတွေ၊ ဘယ်လိုလျှောက်ထားနိုင်တယ်ဆိုတာမျိုးတွေ၊ ကျောင်းသားနဲ့ဆရာ one-on-one တွေ့ပြီး Zoom Meeting ပုံစံမျိုး Skill Check လုပ်မယ်။ Level ဘယ်လောက်ရောက်နေတယ်ဆိုတာခွဲပြီးတော့ စာမေးပွဲအတွက်စီစဉ်ပေးဖို့ရှိပါတယ်။ ဒါ့အပြင် App ထဲမှာ စကားပြောလို့ရတဲ့ conversation ပုံစံမျိုးထည့်သွင်းထားဖို့ရှိပါတယ်။ Bot ပုံစံမျိုးထည့်ပေးပြီးတော့ အပြန်အလှန် စကားပြောလို့ရတဲ့ပုံစံမျိုးပေါ့။ ပြောတဲ့သူရဲ့ Pronunciation မှန်မမှန်၊ ဘာတွေပြင်ဖို့လိုတယ် စတာတွေကိုလည်း App ထဲမှာပဲ Feedback ပေးလို့ရအောင်ထည့်ဖို့ရှိပါတယ် ” ဟု ရှေ့ဆက်လုပ်ဆောင်မည့်အစီအစဉ်တွေကိုလည်း Shem ကပြော ပြပါတယ်။
လက်ရှိအသုံးပြုနေတဲ့ User အနေနဲ့အကောင့်တစ်ခုမှာ Package ဝယ်ထားလိုက်တာနဲ့ Android, iOS, Website တွေမှာ log in လုပ်ပြီးအသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။အောက်ပါ link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/sayathelearningapp
Website- http://www.saya.education/
Saya Application ကိုအောက်ပါ Link မှာဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
App Link – https://saya.education/platforms (Android & iOS)