Ooredoo ကွန်ရက်တွင် မိုဘိုင်းငွေကြေး App များနှင့် ရုံးသုံး App များကို မိုဘိုင်းအင်တာနက်မလိုဘဲ အသုံးပြုနိုင်

ယခုကဲ့သို့ခက်ခဲနေသည့်အခြေအနေမျိုးတွင် အူရီဒူးအနေဖြင့် သုံးစွဲသူများအဆက်အသွယ်မပြတ်စေဖို့ ကြိုးစားစွမ်းဆောင် ရွက်လျက်ရှိပြီး မိုဘိုင်းဒေတာများအသုံးပြု၍မရသေးသော်လည်း သုံးစွဲသူများအား မိမိတို့ငွေကြေးဆိုင်ရာ လုပ်ဆောင် ချက်များအဆင်ပြေလွယ်ကူစွာဖြင့်ဆောင်ရွက်စေနိုင်ရန် မိုဘိုင်းငွေကြေး App များနှင့် ရုံးသုံး App များကို အူရီဒူး 4G ကွန်ရက်ပေါ်တွင် အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။
အူရီဒူးသုံးစွဲသူများအနေဖြင့် KBZ Pay၊ CB Pay၊ M-ပိုက်ဆံ၊ KBZ mobile banking နှင့် AYA mobile banking စသည့် application များကို 4G ဒေတာနှင့်ခလုပ်ကိုဖွင့်ထားရုံဖြင့် အသုံးပြုနိုင်ပြီဖြစ်သည်။ ထို့ကြောင့်သုံးစွဲသူများအနေဖြင့် နေ့စဉ်ဘဝတွင် လိုအပ်နေသည့်ငွေကြေးဆိုင်ရာဆောင်ရွက်ချက်များဖြစ်သော ငွေလွှဲခြင်း၊ ငွေပေးချေခြင်း၊ ဖုန်းဘီလ်ဖြည့်ခြင်းနှင့် အခြားလုပ်ဆောင်ချက်များကို အဆင်ပြေစွာဖြင့်လုပ်ဆောင်နိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/OoredooMyanmar

ထိုမျှမက ရုံးသုံးလုပ်ငန်းများအဆင်ပြေချောမွေ့စွာလည်ပတ်နိုင်ရန် Teams, Office365 ဝန်ဆောင်မှုများကိုလည်း အူရီဒူး 4G ကွန်ရက်ဖြင့်အသုံးပြုနိုင်မည်ဖြစ်သည်။ အူရီဒူးဆင်းကတ်သုံးတဲ့လူတွေ 4G mode နဲ့ Data Network Switch ဖွင့်ထားပြီး အသုံးပြုရမည်ဖြစ်ပြီး vpn ပိတ်ထားရမည်ဖြစ်သည်။
အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင်ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရန် ၂၀၁၃ ခုနှစ်၊ ဇွန်လတွင် လိုင်စင်ရရှိခဲ့ပြီး ၂၀၁၄ခုနှစ်၊ ဩဂုတ်လတွင် 3Gကွန်ရက်နှင့်အတူ ဆက်သွယ်ရေး ဝန်ဆောင်မှုများအား စတင်ပေးအပ်ခဲ့ သည်။ အူရီဒူးမြန်မာသည် “အများပြည်သူ၏ဒစ်ဂျစ်တယ်လူမှုဘဝကို ပြည့်စုံကောင်းမွန်စေမည်” ဆိုသည့်ရည်မှန်းချက်နှင့်အတူ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ဝန်ဆောင်မှုများပေးအပ်ရာ၌ဦးဆောင်လျှက်ရှိသည်။
အူရီဒူးမြန်မာသည် နောက်ဆုံးပေါ် ဆန်းသစ်တီထွင်ဖန်တီးထားသည့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို မြန်မာနိုင်ငံသို့ ယူ ဆောင်ပေးလာခဲ့ပါသည်။ ၂၀၁၆ ခုနှစ်၊ မေလတွင် အမြန်ဆန်ဆုံးသော 4G ကွန်ရက်ကို မြန်မာနိုင်ငံ၌ ပထမဦးဆုံး စတင်ဝန်ဆောင်မှုပေးအပ်ခဲ့ပြီး ၎င်း၏ အမြန်ဆန်ဆုံး 4G ကွန်ရက်ဖြင့် မြို့နယ်ပေါင်း ၃၀၀ ကျော်ကို ပထမဦးဆုံးလွှမ်းခြုံပေး နိုင်ခဲ့သည့် အော်ပရေတာဖြစ်သည်။

Photo Source https://www.facebook.com/OoredooMyanmar

အူရီဒူးမြန်မာသည်လက်ရှိတွင်သုံးစွဲသူတစ်ဦးချင်းစီအတွက် နေ့စဉ်လှုမှုဘဝများကို ပြည့်ဝကောင်းမွန်စေမည့် ဝန်ဆောင်ခ မှုများနှင့်စီးပွားရေးလုပ်ငန်းများ၊ အစိုးရဌာနများနှင့်အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် လုပ်ငန်းဆောင်တာများ အဆင်ပြေချောမွေ့စေမည့် ဝန်ဆောင်မှုများစွာပေးအပ်လျက်ရှိပါသည်။ အဆိုပါဝန်ဆောင်မှုများသည် လူမှုဘဝဖွံ့ဖြိုးရေးနှင့် လုပ်ပိုင်ခွင့်အခွင့်အလမ်းများရရှိရေးတို့ကို ဦးတည်၍ဝန်ဆောင်မှုပေးထားသဖြင့် ပြည်သူများအားလုပ်ဆောင်နိုင်စွမ်းများကို မြှင့်တင်ပေးခြင်းနှင့် စီးပွားရေးလုပ်ငန်းများပိုမိုချောမွေ့စွာလုပ်ဆောင်ရန် ပံ့ပိုးပေးနိုင်မည်ဖြစ်ပါသည်။အူရီဒူးမြန်မာသည် ၎င်း၏ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့်လူမှုအကျိုးပြုလုပ်ငန်းများမှတဆင့်ပြည်သူများ၏ ဘဝကိုပြည့်စုံကောင်းမွန်စေရန် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/OoredooMyanmar