vivo Y85 စမတ်ဖုန်း၏ လျှို့ဝှက်ချက်နှင့် အားသာချက်များအကြောင်း

vivo Y85 စမတ်ဖုန်းဟာ စမတ်ဖုန်းတွေထဲမှာ နောက်တစ်ဆင့်ပိုမြင့်သွားတဲ့ FullView™ပိုကျယ်တဲ့မြင်ကွင်းတွေနဲ့ဖြစ်ပါ တယ်။ Y85 က အမြဲတမ်း လိုချင်နေတဲ့ မြင်ကွင်းကျယ်ကျယ်ကို အရည်အသွေးမြင့် 19:9 အချိုး FullViewTM Display နဲ့အတူယူဆောင်လာခဲ့ခြင်းလည်းဖြစ်ပါတယ်။ 6.22 လက်မ မျက်နှာပြင်က ထူးကဲတဲ့ 88 ရာခိုင်နှုန်း ကိုယ်ထည်မှ မျက်နှာပြင်အချိုးကိုဖြစ်ပေါ်စေပြီး၊ ကြည့်မြင်နိုင်တဲ့ ဧရိယာဟာ 16:9 နဲ့ နှိုင်းယှဉ်မယ်ဆိုရင် 15.5 ရာခိုင်နှုန်း ပိုပြီးများလာ တာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း လက်တစ်ဘက်တည်းနဲ့ သက်သောင့်သက်သာ ကိုင်တွယ်အသုံးပြုလို့ရပါတယ်။
Y85 ရဲ့ 2.5D ကောက်ကြောင်းကွေးလေးတွေဟာ အရှေ့ရော အနောက်မှာပါ နှစ်သက်ဖွယ်ပါရှိနေပါတယ်။ မျက်နှာပြင် အလုပ်မလုပ်တဲ့အချိန်ဆို သူတို့ဟာ တစ်ဆက်တည်းလိုဖြစ်နေပြီး ခေတ်မီလွန်းတဲ့ ဒီဇိုင်းသွင်ပြင်ကို ကျေနပ်စွာ ခံစား နေရမှာပါ။ ပိုပြီး ကောင်းမွန်တဲ့ အမြင်အာရုံခံစားမှုအတွက် ချောမွတ်တောက်ပနေတဲ့ ကျောဘက်ကိုယ်ထည်ဟာ အမှောင်ထဲမှာတောင် ထည်ဝါနေပါလိမ့်မယ်။ ဒါကြောင့် လှုပ်ရှားလိုက်တိုင်းအနုပညာဆန်နေသလိုပါပဲ။
AI Face Beauty အသစ်က အသက်အရွယ်၊ ကျား၊မ အမျိုးအစား၊ အသားအရေ၊ အသားအရောင် စတာတွေနဲ့ ပတ်ဝန်းကျင် အလင်းရောင်ကို ထောက်လှမ်းဖော်ထုတ်ပေးပါလိမ့်မယ်။ သဘာဝမျက်နှာသွင်ပြင်ကို မူတည်ပြီး၊ လိုက်ဖက်မယ့် ပြုပြင်မှု တွေကို ပြုလုပ်ပေးတာကြောင့် သဘာဝကျကျနဲ့ ပိုပြီးလှပနေပါလိမ့်မယ်။

Photo Source https://www.vivo.com/mm/products/

Portrait Mode ကတော့ နောက်ခံတွေကို ဝေဝါးပေးပြီး၊ အဓိက ဆုံချက်ကို ကြည်လင်ပြတ်သားနေစေတဲ့ နောက်ခံဝေဝါးပေး တဲ့စနစ်ကြောင့် ဓာတ်ပုံတိုင်းမှာ ပိုပြီး ထင်ရှားပေါ်လွင်နေပါလိမ့်မယ်။ ရိုက်ပြီးသား ဓာတ်ပုံတွေကိုလည်း Portrait lighting effect အသုံးပြုပြီး အချိန်တိုတိုအတွင်းမှာလွယ်လွယ်ကူကူနဲ့ ပိုပြီးဆွဲဆောင်မှုရှိအောင် ပြုလုပ်လို့ ရပါသေးတယ်။
Y85 မှာ click တစ်ချက်နှိပ်လိုက်ရုံနဲ့တင် အံ့အားသင့်စရာ ကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ရိုက်ကူးရယူနိုင်ပါလိမ့်မယ်။ ကျောဘက်မှာ ကြည်လင်ပြတ်သားမှု အားကောင်းလွန်းတဲ့ 13MP အဓိက ကင်မရာနဲ့ 2MP ဒုတိယ ကင်မရာ တို့ကို တပ်ဆင်ထားတာကြောင့် depth-of-field ကို ပိုမိုကောင်းမွန်စွာ တွက်ချက်ဖမ်းယူနိုင်တဲ့အတွက် အဓိက ဆုံချက်ကကြည်လင်ပြတ်သားပြီး နောက်ခံတွေကို ဝေဝါးပေးနိုင်တဲ့ DSLR ကင်မရာတွေရဲ့ စွမ်းဆောင်ရည်အတိုင်းပဲ ရရှိမှာ ဖြစ်ပါတယ်။ PDAF နည်းပညာကြောင့် focus ဖြတ်ယူရာမှာ မြန်ဆန်လွန်းတဲ့အတွက် လျှပ်တစ်ပြက်ရိုက်ချက်တွေကို ကြည် လင်ပြတ်သားစွာနဲ့ ရိုက်ကူးနိုင်ပါလိမ့်မယ်။
Y85 ဟာ frame ပေါင်းများစွာကို ပေါင်းစပ်ပြီး ဓာတ်ပုံကို ဖန်တီးတာဖြစ်တဲ့အတွက် အရောင်အသွေးစုံလင်စိုပြည်ပြီး အသေးစိတ်ကြည်လင်ပြတ်သားတဲ့ ရလဒ်ကို ယူဆောင်ပေးပါတယ်။ ဒါ့အပြင် 12nm octa-core processor အသစ်နဲ့ 4GB RAM တို့ကို ပေါင်းစပ်ထားတာကြောင့် Y85 ဟာများပြားတဲ့ လုပ်ဆောင်ချက်တွေကို အဆင်ပြေချောမွေ့စွာနဲ့ လုပ်ဆောင်နေနိုင်ပါတယ်။ တစ်ခုထက်ပိုတဲ့ app တွေကို သာသာယာယာပဲ ဖွင့်ထားပြီး သုံးနေလို့ရပါတယ်။ ဂိမ်းကစားရင်း လူမှုကွန်ရက်ပြောင်းသုံးတာမျိုးကိုလည်း ပြုလုပ်လို့ရပါတယ်။

Photo Source https://www.vivo.com/mm/products/

3260mAh ဘက်ထရီကို Android 8.1 OS နဲ့ အသုံးပြုရတာကြောင့် စွမ်းအင်ချွေတာနိုင်တဲ့အပြင်၊စွမ်းအင်သုံးစွဲမှုကို စီမံခန့်ခွဲထားတဲ့အတွက် ရလဒ်ကတော့ ဘက်ထရီအားကုန်မြန်မှာကို စိုးရိမ်နေစရာ မလိုတော့ပါဘူး။ Y85 ဟာ လက်ဗွေစနစ်နဲ့ ဖုန်း lock ဖွင့်နိုင်သလို၊ မျက်နှာသွင်ပြင်ဆိုင်ရာ သိမှတ်ခြင်းကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။ ဒီစနစ်ကို ဖွင့်ထားရင်တော့ မျက်နှာသွင်ပြင်ကို မှတ်ထားပြီး unlock ပြုလုပ်ပေးပါတယ်။ အဲ့ဒါကြောင့် ဖုန်းကို အသုံးပြုရတာ လွယ်ကူလွန်းပြီး ပျော်ရွှင်ကျေနပ်မှုကို ပေးအပ်ပါလိမ့်မယ်။
Game Mode ကတော့ ဂိမ်းကစားနေတုန်း အနှောင့်အယှက်အဖြစ် ဝင်လာမယ့် စာတိုတွေ၊ ဖုန်းခေါ်ဆိုမှုတွေကို တားဆီးပေးပြီး အမှန်အကန် ဂိမ်းကစားရတဲ့ အတွေ့အကြုံကို ပေးအပ်ပါလိမ့်မယ်။ ဂိမ်းသမားတွေအတွက် နောက်ထပ် လုပ်ဆောင်ချက်အဖြစ် ထည့်သွင်းပေးထားတဲ့ Picture-in-Picture ကလည်း ကစားနေတုန်း လက်သုံးချောင်းနဲ့ ဆွဲချ၊ မျက်နှာပြင်ကို ပိုင်းခြားလိုက်ပြီး ဂိမ်းလည်းကစားရင်း တစ်ပြိုင်နက်၊ စာရိုက်ပြီး စကားလည်းပြောလို့ရပါတယ်။
လက်ချောင်းသုံးချောင်းနဲ့ အောက်ကိုဆွဲချလိုက်ပြီး မျက်နှာပြင်ကို နှစ်ပိုင်းခွဲလိုက်ပါ။ 6.22 လက်မ မျက်နှာပြင်ဆိုတော့ တစ်ဝက်စီဆိုပေမယ့် ကျယ်ကျယ်ပြန့်ပြန့် မြင်ရ၊ သုံးရပါတယ်။ ဗီဒီယိုကြည့်ရင်း မျက်နှာပြင်နှစ်ပိုင်းခွဲလိုက်မယ်ဆိုရင်လည်း chatting လုပ်ဖို့ နေရာကျယ်ကျယ်ရသလို၊ ဗီဒီယို ကြည့်ရတဲ့ မြင်ကွင်းကလည်း နေရာကျယ်ကျယ်နဲ့ ကျန်နေတာကို တွေ့ရပါလိမ့်မယ်။ လက်ရှိအချိန်မှာ ထောက်ပံ့ပေးနိုင်တဲ့ video streaming တွေကတော့ Facebook, Line, Messages, Viber, WeChat, WhatsApp, BBM, Play Movies & TV, YouTube, Video, MX Player, VLC for Android, Chrome, Gmail တို့ဖြစ်ပါတယ်။

အောက်ပါ Link မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
https://www.vivo.com/mm/products/