အင်တာနက်ပြတ်တောက်မှုကာလအတွင်း ကျန်ရှိနေသောဒေတာလက်ကျန်များကို ရက် ၃၀ သက်တမ်း ဖြင့်ဆက်လက်အသုံးပြုနိုင်စေရန် MPT မှ ထည့်သွင်း

လတ်တလောဖြစ်ပေါ်နေသော မိုဘိုင်းအင်တာနက် ပြတ်တောက်မှုအခြေအနေကြောင့် သုံးစွဲသူများအား ပြန်လည်ဖြည့်ဆည်းပေးသည့်အနေဖြင့် ပြတ်တောက်မှုကာလအတွင်း အသုံးပြုရန်ကျန်ရှိနေသောဒေတာလက်ကျန်များကို ရက် ၃၀ သက်တမ်း ဖြင့်ဆက်လက်အသုံးပြုနိုင်စေရန် MPT မှ ထည့်သွင်းပေးပြီးဖြစ်ကြောင်း သိရသည်။
ဒေတာလက်ကျန်ကိုသိရှိလိုပါက *224# ကိုခေါ်ဆို၍စစ်ဆေးနိုင်ပါသည်။အခြေအနေများကို ဆက်လက်စောင့်ကြည့်သွား မည်ဖြစ်ပြီး သုံးစွဲသူများသို့အကောင်းဆုံးဝန်ဆောင်မှုပေးအပ်သွားနိုင်ရန် MPT မှ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
MPT သုံးစွဲသူများအနေဖြင့် လက်ရှိတွင်လည်း မိုဘိုင်းငွေကြေးဝန်ဆောင်မှုပေးနေသည့် MPT Pay၊ KBZ Pay၊ CB Pay များ အပါအဝင် ဘဏ်လုပ်ငန်းဆောင်ရွက်နိုင်သည့် အက်ပလီကေးရှင်း များ နှင့် Microsoft Office အက်ပလီကေးရှင်း များကို MPT ကွန်ရက်ပေါ်တွင် အသုံးပြုနိုင်ပြီလည်းဖြစ်သည်။

Photo Source https://www.mpt.com.mm/mm/

နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအဆင်ပြေလွယ်ကူစေရန်အတွက် MPT ၏ ထပ်ဆောင်းကြိုးပမ်းမှုများနှင့်အတူ MPT သုံးစွဲသူများအနေဖြင့် မိမိတို့၏ ငွေကြေးဆိုင်ရာ လုပ်ဆောင်ချက်များနှင့် နေ့စဉ် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်ရန် မိုဘိုင်းငွေကြေး အက်ပလီကေးရှင်းများ နှင့် Microsoft Office အက်ပလီကေးရှင်းများကို MPT ၏ 3G/4G ကွန်ရက်ပေါ်တွင် အသုံးပြုနိုင်ပြီဖြစ်သည်။
MPT 3G / 4G ကွန်ရက်ရရှိနိုင်သည့် မည်သည့်နေရာတွင်မဆို မိုဘိုင်းဘဏ်လုပ်ငန်း / ငွေရေးကြေးရေး ဆိုင်ရာ မိုဘိုင်း အက်ပလီကေးရှင်းများနှင့် ငွေကြေးလွှဲပြောင်းဆောင်ရွက်ခြင်းများကို မိုဘိုင်းဒေတာဖွင့်ထားရုံဖြင့် (VPN ဝန်ဆောင်မှုအသုံးပြုထားပါက ပိတ်ထားရန်လိုအပ်သည်) အသုံးပြုနိုင်ပြီဖြစ်သည်။ MPT အသုံးပြုသူများအနေဖြင့် KBZ၊ CB၊ AYA နှင့် MPT Pay၊ KBZ Pay၊ CB Pay အစရှိသည့် မိုဘိုင်းငွေကြေးဝန်ဆောင်မှု များနှင့် မိုဘိုင်းငွေကြေး အက်ပလီကေးရှင်းများကို MPT ၏ ကွန်ရက်ပေါ်တွင် အသုံးပြုနိုင်ပြီဖြစ်သည်။ ထို့အပြင် ရုံးလုပ်ငန်းများကို အချိန်မရွေး အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရန် Outlook နှင့် Microsoft Teams စသည့် Microsoft Office 365 အက်ပလီကေးရှင်း ဝန်ဆောင်မှုများကိုလည်း အသုံးပြုနိုင်ပြီဖြစ်သည်။

Photo Source https://www.mpt.com.mm/mm/

MPT သည် သုံးစွဲသူများအနေဖြင့် မိုဘိုင်းအင်တာနက် မရရှိသည့် အချိန်မှစကာ လွယ်ကူအဆင်ပြေစွာ ဆက်သွယ်နိုင်စေရန်အတွက် MPT4U နှင့် MPT Pay အက်ပလီကေးရှင်း များကို MPT ကွန်ရက်ပေါ်တွင် ဝင်ရောက်အသုံးပြုနိုင်မည့် နည်းလမ်းများကို ဆောင်ရွက်ပေးခဲ့သည့်အပြင် သုံးစွဲသူများအနေဖြင့် မိမိတို့ ချစ်ခင်ရသူများနှင့်ဆက်သွယ်ပြောဆိုနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆက်သွယ်မှုများတွင်အသုံးပြုရန်အတွက် အဆင် ပြေဆုံးသော အသံ (Voice) နှင့် စာတို (SMS) ပက်ကေ့ချ် များကိုလည်းပေးအပ်ခဲ့ပါသည်။
ထို့အပြင် ဧပြီလအတွင်း ဖြစ်ပေါ်နေသော အင်တာနက် ပြတ်တောက်မှုအခြေအနေကြောင့် FTTH/ADSL အင်တာနက်ဝန်ဆောင်မှု သုံးစွဲသူများအား MPT မှ ပြန်လည်ဖြည့်ဆည်းပေးသည့်အနေဖြင့် ၂၀၂၁ ခုနှစ်မေလအ စောပိုင်းတွင် ထွက်ရှိမည့် လူကြီးမင်း ၏ ဇွန်လအတွက် FTTH/ADSL အသုံးပြုခြင်း ငွေတောင်းခံလွှာအပေါ် ၂၀ ရာခိုင်နှုန်း လျှော့ပေးသွားမည်ဖြစ်ကြောင်းလည်းသိရသည်။
အခြေအနေများကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ပြီး သုံးစွဲသူများသို့အကောင်းဆုံးဝန်ဆောင်မှုပေးအပ်သွားနိုင်ရန် MPT မှ လုပ်ဆောင်ပေးသွားမည်ဟု ထုတ်ပြန်ထားသည်။
အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.mpt.com.mm/mm/