Stay Home ကာလအတွင်း ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားခြင်းနှင့် Online Learning ပြုလုပ်ခြင်းများအတွက် အဆင်ပြေစေမည့် OPPO A53

COVID-19 ကပ်ရောဂါဖြစ်ပွားနေသော အချိန်ကာလတွင် လူအများ၏ နေ့စဉ်ဘဝလည်ပတ်မှုများသည် တဖြည်းဖြည်း ပြောင်းလဲလာ၍ စမတ်ဖုန်းများ၏ အခန်းကဏ္ဍသည်လည်း သိသိသာသာ အရေးပါလာသည်။ ယနေ့ခေတ်တွင် စမတ်ဖုန်းများဖြင့် တစ်ဦးနှင့် တစ်ဦးဆက်သွယ်မှုများအပြင် ဓာတ်ပုံရိုက်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားခြင်း၊ အွန်လိုင်းမှ သင်ယူခြင်းများနှင့် အခြားသော ဖျော်ဖြေရေးများအတွက်ပါ အသုံးပြုလာကြသည့်အလျောက် ထိုလုပ်ဆောင်မှုများအတွက် ကောင်းမွန်စွာပံ့ပိုးပေးနိုင်သော ဈေးနှုန်းသင့်လျော်သည့် ဖုန်းကောင်းတစ်လုံးလည်း လိုအပ်လာသည်။ OPPO မှ ထိုလုပ်ဆောင်မှုများနှင့် ပတ်သက်၍ သုံးစွဲသူများကို အကောင်းဆုံးသော အတွေ့အကြုံများကိုသာ ပေးစွမ်းနိုင်မည့် OPPO A53 ကို မြန်မာငွေကျပ် ၂၃၉,၉၀၀ ကျပ်တည်းဖြင့် အောက်တိုဘာလ ၆ ရက်နေ့တွင် စတင်မိတ်ဆက်ရောင်းချပေးခဲ့သည်။

Photo Source https://www.facebook.com/oppomyanmar

OPPO A53 သည် ဈေးနှုန်းတူဖုန်းများထဲတွင် 90Hz High Refresh Rate ပေးစွမ်းနိုင်သည့် အကောင်းဆုံးသော 6.5-inch HD+ Screen၊ 90Hz Neo-Display နှင့် Punch-Hole Screen ပါဝင်သည့် Flagship level စမတ်ဖုန်းဖြစ်သည်။ 90Hz Refresh Rate နှင့် 120Hz Touch Sampling Rate သည် သုံးစွဲများအတွက် ပိုမိုသာလွန်ကောင်းမွန်သော ကြည့်ရှုခြင်း အတွေ့အကြုံကို ဖန်တီးပေးမည်ဖြစ်သည့်အတွက် FPS မြင့်မားသော YouTube ဗီဒီယိုများကြည့်ခြင်း၊ Facebook နှင့် Twitter စသည့် Screen Display အသုံးပြုမှုများကို ၅၀ ရာခိုင်နှုန်း ပိုမိုလျင်မြန်ချောမွေ့စေမည်ဖြစ်သည်။ System Animation များနှင့် ချောမွတ်လျင်မြန်သော ပွတ်ဆွဲမှုခံစားချက်ကိုလည်း ပေးစွမ်းနိုင်သောကြောင့် ဂိမ်းကစားခြင်းကို နှစ်သက်သူတို့အဖို့ အလွန်အဆင်ပြေစေမည်ဖြစ်သည်။ OPPO A53 ၏ ထူးခြားဆန်းသစ်သော လုပ်ဆောင်ချက် တစ်ခုဖြစ်သည့် AI Brightness လုပ်ဆောင်ချက်သည် ဖုန်း၏ နောက်ခံအလင်းကို ထိန်းညှိပေးပြီး ပတ်ဝန်းကျင်နှင့် အသုံးပြုသူ၏ အခြေအနေကို လိုက်၍ အလိုအလျောက် လိုက်လျောညီထွေဖြစ်အောင် စွမ်းဆောင်နိုင်သောကြောင့်လည်း သုံးစွဲသူများအတွက် မျက်လုံးထိခိုက်မှု မရှိစေရေးအတွက် အထောက်အကူပြုစေမည်ဖြစ်သည်။
ထိုကဲ့သို့ လိုအပ်သောလုပ်ဆောင်မှုများကို စိတ်တိုင်းကျ ပြုလုပ်နိုင်ရန် ဖုန်းဝယ်ယူရာ၌ Display ပိုင်းသာမက အသံ စနစ်သည်လည်း အရေးပါလာသည်။ OPPO A53 တွင် Stereo Speaker ၂ ခုကို ထည့်သွင်းတပ်ဆင်ထား၍ ခေတ်မီ ဆန်းသစ်သော ဒီဂျစ်တယ် အသံညှိခြင်း နည်းပညာဖြစ်သည့် Dirac 2.0 ဖြင့် ပံ့ပိုးထားသည့်အတွက် ဂိမ်းကစားခြင်း၊ ရုပ်ရှင် ကြည့်ခြင်း၊ အွန်လိုင်းမှ သင်ယူခြင်းများအပြင် အခြားဖျော်ဖြေရေးများအတွက် အသုံးပြုရာတွင် စွမ်းရည်မြင့်မားသော 3D Audio အရည်အသွေးကို ရရှိစေမည်ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar

ဖုန်းကောင်းတစ်လုံး ဝယ်ယူရာတွင် Display ပိုင်းနှင့် အသံစနစ်သာမက ကင်မရာ၊ ဘက်ထရီ၊ Chipset နှင့် Memory တို့ သည်လည်း အရေကြီးသည့် ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်လာသည်။ OPPO A53 ၏ 16MP Front Camera ကို အမြင့်ဆုံး Pixel ထောက်ပံ့ထားသောကြောင့် အရည်အသွေး ကောင်းမွန်သော Selfie များ ရိုက်ကူးနိုင်မည်သာမက AI Beautification လုပ်ဆောင်ချက်မှလည်း အသားအရေကို အလိုအလျောက် ထိန်းညှိပေးသောကြောင့် ယခုလို Stay Home ကာလ၌ပင် အိမ်မှာနေရင်း လှပသော Selfie ပုံရိပ်များရရှိနိုင်မည်ဖြစ်သည်။ ထို့အတူ 13MP Main Camera၊ 2MP Macro Camera နှင့် 2MP Depth Camera ဟူ၍ Rear Camera ၃ လုံးပါဝင်၍ ဆန်းသစ်သောကင်မရာ Feature များဖြစ်သည့် Portrait Bokeh၊ Dazzle Colour Mode နှင့် Macro Lens များဖြင့် သူမတူအောင် စွမ်းဆောင်နိုင်မည့် ပုံရိပ်များကို ဖန်တီးနိုင်မည် လည်းဖြစ်သည်
ထို့ပြင် ဂိမ်းကစားသူများ ကြုံတွေ့ရလေ့ရှိသော ဂိမ်းကစားနေစဉ် ဖြစ်ပေါ်တတ်သည့် ဖုန်းထစ်ခြင်း၊ ဖုန်းလေးခြင်း နှင့် အားကုန်မြန်ခြင်း ပြဿနာများကိုလည်း OPPO A53 မှ ဖြေရှင်းပေးနိုင်သည်။ OPPO A53 ကို ဈေးနှုန်းတူဖုန်းများထဲတွင် အကောင်းဆုံးသော အရည်အသွေးနှင့် Qualcomm Snapdragon 460 Octa-core အား တပ်ဆင်ထားသောကြောင့် Stay Home ကာလအတွင်း အိမ်မှာနေရင်း ဖုန်းကို အချိန်ကြာရှည်စွာသုံး၍ ဖြစ်ပေါ်တတ်သော ဖုန်းထစ်ခြင်း၊ ဖုန်းလေးခြင်း ဖြစ်စဉ်များမှ ကင်းဝေးစေမည်ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar

ဈေးကွက်ထဲတွင် အကြီးမားဆုံးသော 5000mAh ဘက်ထရီကို အသုံးပြုထား၍ YouTube မှ ဗီဒီယိုများကို တစ်ရက်လုံး စိတ်ချလက်ချ ကြည့်ရှုနိုင်မည်သာမက ဂိမ်းကစားနေစဉ် ရုတ်တရက် အားကုန်သွားခြင်းများကို စိတ်ပူစရာလိုတော့မည် မဟုတ်ပါ။ 5000mAh ဘက်ထရီနှင့်အတူ 18W Fast Charge စနစ် ပါဝင်သောကြောင့်လည်း ၄၄ မိနစ် အားသွင်းရုံဖြင့် ၅၀ ရာခိုင်နှုန်းသို့ လျင်မြန်စွာရောက်ရှိနိုင်၍ ၁၃၃ မိနစ် အားသွင်းရုံဖြင့် ၁၀၀ ရာခိုင်နှုန်းအထိ အားအပြည့်အဝ ရောက်ရှိမည် ဖြစ်ပြီး လုံခြုံစိတ်ချစွာ အားသွင်းနိုင်မည်ဖြစ်သည်။ 4GB RAM + 64GB ROM အထိပါရှိသော OPPO A53 ကို 256GB Micro-SD အထိ Storage ထပ်စိုက်နိုင်အောင် ဖန်တီးပြုလုပ်ထားသည့်အတွက် Memory ပိုင်းနှင့် ပတ်သက်၍ လည်း စိုးရိမ်စရာ မလိုတော့ဘဲ အိမ်မှာနေရင်း ဖုန်းတစ်လုံးတည်းဖြင့်ပင် ဂိမ်းများ၊ သီချင်းများနှင့် ရုပ်ရှင်များကိုပါ ဒေါင်းလုဒ်ပြုလုပ်၍ မိမိစိတ်တိုင်းကျ ကြည့်ရှုနိုင်မည်ဖြစ်သည်။ အဆိုပါ သာလွန်ကောင်းမွန်သော စွမ်းဆောင်ရည်များဖြင့် သုံးစွဲသူများအား Stay Home ကာလအတွင်း အကောင်းဆုံးသောအတွေ့အကြုံများကို ပေးစွမ်းနိုင်၍ ဈေးနှုန်းလည်း သင့်လျော်အဆင်ပြေစေသည့် မြန်မာကျပ်ငွေ ၂၃၉,၉၀၀ ကျပ်သာ ကျသင့်မည့် OPPO A53 ကို အမြို့မြို့အနယ်နယ်ရှိ OPPO အရောင်းဆိုင်များတွင် ဝယ်ယူနိုင်နေပြီ ဖြစ်ပြီး Shop.com.mm တွင်လည်း Delivery အခမဲ့ဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။