Samsung နှင့် KBZPay Shopper Loan တို့ပူးပေါင်းကာ Samsung စမတ်ဖုန်းနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများအား အတိုးမဲ့ဝယ်ယူနိုင်

Samsung Electronics သည် မြန်မာနိုင်ငံ၏ ထိပ်တန်း မိုဘိုင်းပိုက်ဆံအိတ် ဝန်ဆောင်မှုတစ်ခုဖြစ်သည့် KBZPay နှင့် လက်တွဲကာ သုံးစွဲသူများ Samsung အမှတ်တံဆိပ် မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ် ပစ္စည်းများအား ဝယ်ယူရာတွင် ပိုမို အဆင်ပြေလွယ်ကူမှု ရှိစေရန် အစီအစဉ်တစ်ခု စတင် ဆောင်ရွက်လိုက်ကြောင်းသိရသည်။
အဆိုပါပူးပေါင်းဆောင်ရွက်မှုအရ သတ်မှတ်ထားသော နောက်ဆုံးပေါ် Samsung အမှတ်တံဆိပ် ထုတ်ကုန်များအား ဝယ်ယူရာတွင် KBZPay မိုဘိုင်းအက်ပလီကေးရှင်းအတွင်းရှိ ပထမဦးဆုံးသော ဒစ်ဂျစ်တယ်ချေးငွေ ဝန်ဆောင်မှုဖြစ်သည့် KBZPay Shopper Loan အား အသုံးပြု၍ 0 ရခိုင်နှုန်း အတိုးနှုန်း (အတိုးမဲ့) ဖြင့် ဝယ်ယူသွားနိုင်မည် ဖြစ်သည်။
မည်သည့်အခြေအနေမျိုးတွင်မဆို သုံးစွဲသူများအတွက် စိတ်ကျေနပ်မှု အပြည့်အဝရရှိစေမည့် ဝန်ဆောင်မှုများအား ပေးအပ်နိုင်ရန်ဟူသော Samsung ၏ ရည်ရွယ်ချက်နှင့်အညီ ယခုမိတ်ဆက်လိုက်သည့် လစဉ်ငွေပေးချေမှု အစီအစဉ်အားအသုံးပြု၍ သုံးစွဲသူများအနေနှင့် ၎င်းတို့ နှစ်သက်ရာ Samsung စမတ်ဖုန်းများ၊ တီဗွီများ၊ အဝတ်လျှော်စက်များနှင့် ရေခဲသေတ္တာများအား လက်ငင်းငွေပေးချေရန် မလိုအပ်ဘဲ 0% အတိုးနှုန်း (အတိုးမဲ့) ဖြင့် KBZPay မိုဘိုင်းအက်ပလီကေးရှင်း မှတဆင့် ဝယ်ယူသွားနိုင်မည်ဖြစ်သည်။ ထို့အပြင် KBZPay ဈေးဝယ်ချေးငွေအသုံးပြုခွင့် ရရှိပြီး သူများသည် အာမခံပေးသူ မလိုအပ်ဘဲ ၅,၀၀၀,၀၀၀ ကျပ်အထိ ချေးငွေရယူနိုင်မည်ဖြစ်သည့်အပြင် ဝယ်ယူသည့်ထုတ်ကုန် အပေါ် မူတည်၍ ၆ လ မှ ၁၂ လအထိ လစဉ်အရစ်ကျပြန်လည်ပေးသွင်းသွားနိုင်မည် ဖြစ်သည့်အတွက် သုံးစွဲသူများ အနေဖြင့် အဆင်ပြေလွယ်ကူမှု အပြည့်အဝရရှိမည်ဖြစ်သည်။

Photo Source https://www.facebook.com/KBZPay/

“ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကို အဆင်ပြေလွယ်ကူမှုအရှိဆုံး၊ သက်တောင့်သက်သာအရှိဆုံးနဲ့ ဝယ်ယူနိုင်မယ့် နည်းလမ်းတွေကို သုံးစွဲသူတွေဆီ ယူဆောင်လာဖို့ ကျွန်တော်တို့ Samsung အနေနဲ့ အစဉ်တစိုက် လုပ်ဆောင်နေပါတယ်။ အခုလက်ရှိ အခြေအနေကြောင့် စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ရှိနေပေမဲ့လည်း ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ဖန်တီးထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေကို ဝယ်ယူဖို့ စိတ်ဝင်စားကြသူတွေ အမြောက်အများ ရှိနေတဲ့အတွက် အခုလို KBZPay နဲ့ လက်တွဲပြီး ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကို အလွယ်ကူဆုံးနဲ့ အဆင်အပြေဆုံး ဝယ်ယူသွားနိုင်အောင် ကျွန်တော်တို့ အတူပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်” ဟု Samsung Myanmar ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Mr. Harrison Song က ပြောကြားသည်။
KBZPay ဈေးဝယ်ချေးငွေ လျှောက်ထားလိုသူများ အနေနှင့် လစဉ်ဝင်ငွေ အနည်းဆုံး ၁၅၀,၀၀၀ ကျပ်ရှိသူ ဖြစ်ရန် လိုအပ်ပြီး နေထိုင်ကြောင်း ရပ်ကွက်ထောက်ခံစာ (၁ လ ထက် မကျော်သော)၊ ၊ မီတာစာရွက်၊ လစာစလစ် (သို့) HR မှ လွန်ခဲ့သော ၃ လအတွင်း လစာ ထောက်ခံချက်၊ သင်မှတ်ပုံတင်ထားသည့်လိပ်စာမှ ရိုက်ကူးထားသည့် selfie (ယင်းကိုလျှောက်လွှာတင်သည့်အချိန်တွင် ဆောင်ရွက်ရမည်) စသည့် စာရွက်စာတမ်းများ နှင့်အတူ အွန်လိုင်းမှတဆင့် အလွယ်တကူ လျှောက်ထားနိုင်မည် ဖြစ်သည်။ ချေးငွေလျှောက်လွှာ စိစစ်ခြင်းသည် ပုံမှန်အားဖြင့် အစိုးရ ရုံးဖွင့်ရက် တစ်ရက်ခန့်သာ ကြာမြင့်လေ့ရှိပြီး ချေးငွေအတည်ပြုချက် ရရှိပြီးသည်နှင့် တစ်ပြိုင်နက် KBZPay မိုဘိုင်းပိုက်ဆံ အိတ်မှတဆင့် ဈေးဝယ်ချေးငွေ ဝန်ဆောင်မှုအား စတင်အသုံးပြုသွားနိုင်မည်ဖြစ်သည်။
“KBZPay ဈေးဝယ်ချေးငွေ (KBZPay Shopper Loan) ဝန်ဆောင်မှု အတွက် မြန်မာနိုင်ငံရဲ့ ထိပ်တန်း အီလက်ထရောနစ် ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Samsung နဲ့ လက်တွဲပူးပေါင်းခွင့် ရခဲ့တဲ့အတွက် အရမ်းကိုစိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်တို့ရဲ့ KBZPay ဈေးဝယ်ချေးငွေ ဝန်ဆောင်မှုအပြင် KBZPay ကနေ မကြာခင် အသစ်မိတ်ဆက်သွားဖို့ ရှိနေတဲ့ ချေးငွေဝန်ဆောင်မှုအသစ်တွေကနေ တဆင့် မြန်မာနိုင်ငံက လုပ်သားပြည်သူတွေရဲ့ ငွေရေးကြေးရေးပိုင်း အခက်အခဲ တွေကို အတိုင်းအတာ တစ်ခုအထိ ဖြေရှင်းပေးသွားနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ နောက်ပြီး KBZPay ဝန်ဆောင်မှုကို အဆင့်မြင့်မိုဘိုင်းနည်းပညာတွေနဲ့ ဖန်တီးထားတဲ့အတွက်လည်း သုံးစွဲသူတွေ အနေနဲ့ ချေးငွေဝန်ဆောင်မှုတွေကို အွန်လိုင်းကနေ အလွယ်တကူ လျှောက်ထားသွားနိုင်မှာ ဖြစ်တဲ့အပြင် သူတို့ရဲ့ စိတ်ကူးအနာဂတ်တွေကို ပုံဖော်နိုင်အောင်လည်း ထောက်ပံ့ ကူညီပေးသွားနိုင်မှာ ဖြစ်တဲ့အတွက် တကယ့်ကို ဝမ်းမြောက်မိပါတယ်။ ဒါ့အပြင် ချေးငွေအတည်ပြုချက်ရရှိပြီးတာနဲ့တစ်ပြိုင်နက် သုံးစွဲသူတွေ အနေနဲ့ ကျွန်တော်တို့နဲ့ ချိတ်ဆက်ထားတဲ့ မိတ်ဖက်ကုမ္ပဏီတွေဆီက ကြိုက်နှစ်သက်ရာ ထုတ်ကုန်တွေကို ကနဦး ငွေပေးချေမှု တစ်စုံတစ်ရာ ပြုလုပ်စရာမလိုဘဲ အလွယ်တကူဝယ်ယူသွားနိုင်မှာဖြစ်ပါတယ်” ဟု KBZPay နှင့် Unsecured Consumer Lending for KBZ Bank ၏ အကြီးအကဲဖြစ်သူ Mr. Chong Ho Yoon က ပြောကြားသည်။

Photo Source https://www.facebook.com/KBZPay/

KBZPay ဈေးဝယ်ချေးငွေ (KBZPay Shopper Loan) အား ယခုလက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ပုသိမ်၊ တောင်ကြီး မြို့များရှိ KBZPay အဆင့်(၂) အဖြစ်သို့မြင့်တင်ထားသော သုံးစွဲသူအားလုံး လျှောက်ထားနိုင်မည် ဖြစ်ကာ မကြာမီ အချိန်တွင် ကျန်ရှိနေသည့် နိုင်ငံတဝန်းမှ မြို့များတွင် ရရှိစေရန် လုပ်ဆောင်ပေးသွားမည် ဖြစ်သည်။ သုံးစွဲသူများ အနေဖြင့် KBZPay မိုဘိုင်း အက်ပလီကေးရှင်း အား အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် လွယ်ကူစွာ ဒေါင်းလုတ် ရယူနိုင်မည်ဖြစ်သည်။
Android- http://bit.ly/2RP3U0N
IOS –https://apple.co/31igRU9
KBZPay ဈေးဝယ်ချေးငွေနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက KBZPay Call Center, +959 969 963 211 သို့ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်မည် ဖြစ်သည်။