OPPO F17 Pro ကို မြန်မာနိုင်ငံတွင် မကြာမီ မိတ်ဆက်သွားမည်

OPPO သည် ထူးခြား ဆန်းသစ်သော ကင်မရာလုပ်ဆောင်ချက်များနှင့် စုံလင်သော စမတ်ဖုန်း စွမ်းဆောင်ရည်များအပြင် ပေါ့ပါးကျစ်လစ်သည့် ဖုန်းကိုယ်ထည်၊ ခေတ်မီသော ဒီဇိုင်းဖြင့် သုံးစွဲသူများကို ဖက်ရှင်ကျသည့်အသွင် ဖော်ဆောင်ပေးမည့် “ပေါ့ပါးကျစ်လစ် ခံစားမှုအသစ်” ဟူသော ဆောင်ပုဒ်နှင့် ထွက်ရှိလာမည့် OPPO F17 Pro ကို မြန်မာနိုင်ငံတွင် မကြာမီ မိတ်ဆက်တော့မည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အသစ်ထွက်ရှိလာတော့မည့် OPPO F17 Pro သည် Myanmar Mobile Legends Bang Bang Season 5 အတွက်လည်း Official Smartphone Partner အဖြစ် ပူးပေါင်း ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။
OPPO F17 Pro သည် 7.48mm ဖုန်းအထူနှင့် အလေးချိန် 164g သာရှိပြီး ပါးလွှာပေါ့ပါး၍ ထောင့်ချိုး လှပသေသပ် သောကြောင့် သုံးစွဲသူများအနေဖြင့် ကိုင်ဆောင်ရလွယ်ကူစေမည်ဖြစ်ကာ အကောင်းဆုံးသော Hand-feeling ကို ပေးစွမ်း နိုင်မည်ဖြစ်သည်။ OPPO ၏ F-series စမတ်ဖုန်းများသည် ဖက်ရှင်ကာလာများနှင့် ဒီဇိုင်းပိုင်းတွင် ဦးဆောင်နေသည့် အလျောက် OPPO F17 Pro ကိုလည်း အံ့ဩစရာကောင်းသော အသွင်အပြင်နှင့် ကမ္ဘာ့ပထမဆုံး နူးညံ့သော အထိ အတွေ့နှင့် စွဲမက်ဖွယ်အဆင်း မြင်ကွင်းအသစ်ဖြစ်စေမည့် အမှုန်ဒီဇိုင်းအရောင် Shiny Matte ပုံစံဖြင့် ဖန်တီးပြုလုပ်ထားပြီး Matte Black နှင့် Magic Blue ဟူ၍ အရောင် နှစ်မျိုးနှင့် ထွက်ရှိလာမည်ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/posts/1749725208518693

OPPO F17 Pro တွင် F စီးရီး၌ ပထမဆုံးပါဝင်လာမည့် AI Portrait ကင်မရာ ၆ ခုပါဝင်ပြီး ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးမှုကို အကောင်းမွန်ဆုံး ရရှိအောင် တိုးမြှင့်လုပ်ဆောင်ပေးမည့် ထူးခြားဆန်းသစ်သော ကင်မရာလုပ်ဆောင်ချက်များဖြစ်သည့် AI Color Portrait နှင့် Night Flare Portrait တို့ကို ပုံစံအသစ်ဖြင့် တွေ့မြင်နိုင်မည်ဖြစ်သည်။ ထို့အပြင် ပိုမို သာလွန်‌ကောင်းမွန်သော Blur Effect ကို ပေးစွမ်းနိုင်သည့် Dual Lens Bokeh တို့လည်း ပါဝင်လာသည်။ Dual Lens Bokeh ကို အသုံးပြု၍ လှပသော Selfie Portrait များနှင့် ဗီဒီယိုများကို Bokeh Effect ထည့်သွင်းကာ ရိုက်ကူးနိုင်မည် သာမက လူတစ်ဦးထက်ပိုပြီး လူအများနှင့် ရိုက်ကူးရာတွင်လည်း တခြားလူများကို မတော်တဆ မှုန်းဝါးသွားခြင်းများ မဖြစ်စေဘဲ အရည်အသွေးကောင်းမွန်သော Bokeh Effect ကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ OPPO F17 Pro ၏ AI Color Portrait နှင့် AI Night Flare Portrait များဖြင့်လည်း ဓာတ်ပုံများကို လှပဆန်းသစ်စွာ ရိုက်ကူးပုံဖော်နိုင်မည်ဖြစ်ပြီး အခြား ထပ်ဆောင်း ပုံရိပ်လုပ်ဆောင်ချက်များဖြစ်သည့် AI Beautifiication 2.0 နှင့် Ultra Night Mode 2.0 တို့ဖြင့် ပုံရိပ်များကို မိမိစိတ်တိုင်းကျ ပုံဖော်နိုင်စေမည်ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/posts/1749725208518693

အားသွင်းစနစ်တွင် OPPO ၏ 30W VOOC Flash Charge 4.0 ကို OPPO F17 Pro တွင် တပ်ဆင်လာပြီး Super Power Saving Mode နှင့် AI Night Charging လုပ်ဆောင်ချက်တို့လည်း ပါဝင်လာမည်ဖြစ်သည်။ ထို့ပြင် စမတ်ဖုန်းများတွင် ဖြစ်ပေါ်လေ့ရှိသော ဖုန်းဟန်းခြင်း ပြဿနာများကို ဖြေရှင်းပေးပြီး ပိုမိုကောင်းမွန်သော ဖုန်းသုံးစွဲမှု အတွေ့အကြုံကို သုံးစွဲသူများ ရရှိစေရန်အတွက်လည်း OPPO မှ F17 Pro တွင် Anti-lag Algorithm လုပ်ဆောင်ချက် အသစ်ကို ထည့်သွင်း ထားမည်ဖြစ်သည်။ ထို့အပြင် ဖုန်းမျက်နှာပြင်ကို ထိရန်မလိုဘဲ လေဖြင့် လှုပ်ရှားပြုလုပ်စေခိုင်းနိုင်သည့် Air Gestures လုပ်ဆောင်ချက်ပါဝင်လာမည်ဖြစ်ပြီး လက်ဝှေ့ယမ်းရုံဖြင့် ဖုန်းဖြေကြားခြင်းနှင့် Selfie ပုံများကိုလည်း Gesture ဖြင့် အဆင်ပြေလွယ်ကူစွာ ရိုက်ကူးနိုင်စေမည်ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/posts/1749725208518693

OPPO အနေဖြင့် OPPO F17 Pro ကို တရုတ်နိုင်ငံအပါအဝင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံတို့တွင် အောင်မြင်စွာ မိတ်ဆက်ပေးနိုင်ခဲ့ပြီး အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံများတွင်ပါ မကြာမီ မိတ်ဆက် ပေးသွားမည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် စုံလင်သော ကင်မရာလုပ်ဆောင်ချက်များနှင့်အတူ သာလွန် ကောင်းမွန်သော စမတ်ဖုန်း စွမ်းဆောင်ရည်များဖြင့် “ပေါ့ပါးကျစ်လစ် ခံစားမှုအသစ်” နှင့် ထွက်ရှိလာသော OPPO F17 Pro ကို မကြာမီ မြန်မာနိုင်ငံတွင် တရားဝင် တွေ့မြင်နိုင်တော့မည်ဖြစ်သည်။
OPPO သည် ကမ္ဘာ့ စမတ်ဖုန်းထုတ်လုပ်သူများအနက် ရှေ့ဆောင် Brand တစ်ခုဖြစ်သည်။ ပထမဦးဆုံး smartphone “Smiley Face”ကို ၂ဝဝ၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည့် အချိန်မှ စ၍ OPPO သည် စိတ်ကျေနပ်ဖွယ် ဒီဇိုင်းနှင့် ဆန်းသစ်သော နည်းပညာများ၏ ပေါင်းစပ်မှုကို ရရှိနိုင်ရန် အစဉ်မပြတ် ကြိုးပမ်းလာခဲ့ရာ ယနေ့အခါတွင် Find နှင့် Reno Series တို့မှ ဦးဆောင်၍ အမျိုးအစား စုံလင်သည့် F series ၊ A series အစရှိသော smart devices များ၊ ColorOS operating systemနှင့် OPPO Cloud နှင့် OPPO+ စသည့် Internet Service များကိုပါ ဝန်ဆောင်မှုပေးလျက်ရှိသည်။ OPPO သည် နိုင်ငံပေါင်း ၄ဝကျော်တွင် လည်ပတ်လျက်ရှိပြီး ကမ္ဘာအနှံ့အပြားတွင် Research Institutes ၆ ခု ၊ R&D Centers ၄ ခု၊ London မြို့တွင် International Design Center တစ်ခု ရှိပြီး OPPO ဝန်ထမ်း ၄၀,၀၀၀ ကျော်သည် သုံးစွဲသူတို့ ဘဝ အဆင့်မြင့် တိုးတက်‌ရေးအတွက် ကြိုးပမ်းလျက် ရှိသည်။