MytelPay မှ Golden Car Lucky Draw အစီအစဉ်၏ ပထမဆုံး ရွှေရောင် Suzuki ကား ကံထူးရှင်အား ကြေညာ

MytelPay သည် MytelPay Golden Car Lucky Draw အစီအစဉ်၏ ပထမဆုံးတိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တွင် ပထမဆုံး ရွှေရောင် Suzuki ကားပိုင်ရှင် ကို ရွေးချယ်ကြေညာပေးခဲ့ပြီး ကျန်ရှိနေသေးသော ဆုများဖြစ်သည့် ရွှေရောင် Suzuki ကားများ၊ E-money ဆုများ၊ ၄၉ လက်မ Sony Smart TV များ ၊ Realme 6Pro Smartphone များ နှင့် အခြား ဆုလက်ဆောင်များ ရရှိနိုင်ရန် MytelPay ကို အသုံးပြုပြီး ငွေလွှဲမှုများ ပြုလုပ်နိုင်သေးကြောင်း ကြေညာခဲ့သည်။
အဆိုပါ ထုတ်လွှင့်မှုအစီအစဉ် တွင် အထူးဆုများ ဖြစ်သော ရွှေရောင် Suzuki ကား ၊ Sony Smart TV နှင့် Realme 6Pro Smartphone များ၏ ကံထူးသူများကို စက်တင်ဘာလ (၂၆) ရက်နေ့တွင် ရွေးချယ်ပေးခဲ့ပြီး ရွှေရောင် Suzuki ကားဆုကြီးကို ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ် ရုံးဒေါင့်ကျေးရွာ မှ MytelPay သုံးစွဲသူတစ်ဦးမှ လည်း ကောင်း၊ ၄၉ လက်မ Sony TV ဆုကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာမှ ကံထူးသူ တစ်ဦး က လည်းကောင်း၊ Realme 6Pro Smartphone အား မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်မှ ကံထူးရှင် တစ်ဦးက လည်းကောင်း အသီးသီး ဆွတ်ခူး ခဲ့ပါကြသည်။ အထူးဆု ကံထူးရှင်များ၏ အမည်များကို ရွေးချယ်ကြေညာ ပြီးနောက် အစီအစဉ်အား ကြည့်ရှုနေသူများ နှင့် မီနီဂိမ်းများ ကစားကာ E-money ဆုများကိုလည်း ပေးအပ်ခဲ့သည်။

Photo Source https://www.facebook.com/MytelPayOfficial/

ဤပရိုမိုရှင်း အစီအစဉ်တွင် ပါဝင်နိုင်ရန်အတွက် အနည်းဆုံး ၂၅,၀၀၁ ကျပ်မှစတင်၍ အေးဂျင့်များ မှတစ်ဆင့် ငွေလွှဲ ပြောင်းမှုများ ပြုလုပ်ခြင်းအားဖြင့်လည်းကောင်း ၊ MytelPay အက်ပလီကေးရှင်းအားအသုံးပြု၍ အနည်းဆုံး ၁,၀၀၀ ကျပ် မှစတင် ကာ မည်သည့်အော်ပရေတာကိုမဆိုဖုန်းငွေဖြည့်ခြင်း သို့မဟုတ် အနည်းဆုံး ၂၀,၀၀၀ ကျပ် မှစတင်ကာ FTTH ဘေလ်ပေးဆောင်ခြင်းများ ပြုလုပ်ခဲ့ပါက အစီအစဉ်တွင် ပါဝင်ရန်အကျုံးဝင်မည်ဖြစ်သည်။ ပရိုမိုရှင်းကာလမှာ ၂၀၂၀ ခုနှစ် ဩဂုတ်လ ၁၅ ရက် နေ့မှ စတင်ခဲ့ပြီး၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၅ ရက် အထိဖြစ်သောကြောင့်ကျန်ရှိနေသေးသော အထူးဆုကြီးများကို ကံစမ်းနိုင်ရန် အထက်ဖော်ပြပါ လုပ်ဆောင်ချက်များကို လုပ်ဆောင်ပြီး အစီအစဉ်တွင် ပါဝင်နိုင်သေးကြောင်း နှင့် MytelPay မှ ကံထူးရှင်အသစ်များကို ရွေးချယ်ပေးရန် အသင့်ရှိနေကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ယခုအစီအစဉ်တွင် ပါဝင်ရန်အတွက် MytelPay App အား ဒေါင်းလုပ်မပြုလုပ်ရသေးပါက (http://onelink.to/mytelpay) ဖော်ပြပါလင့်ကိုဝင်ရောက်၍ ဒေါင်းလုပ်ရ ယူနိုင်ပါသည်။
MytelPay ကို ၂၀၁၉ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့ပြီး အရောင်းကိုယ်စားလှယ်ပေါင်း ၂၅,၀၀၀ ကျော်ဖြင့် နိုင်ငံတစ်ဝှမ်းလုံးရှိ အသုံးပြုသူများကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ MytelPay ငွေလွှဲဝန်ဆောင်မှုများကိုမိုဘိုင်း ကွန်ရက်ကနေတဆင့် အသုံးပြုနိုင်ပြီး မည်သည့် အော်ပရေတာအတွက်မဆို ဖုန်းငွေဖြည့်နိုင်မည်ဖြစ်ပါသည်။ ထို့ပြင် နောက်ပိုင်းတွင် ဘေလ်ပေးဆောင်ခြင်းများ၊ iTunes ကတ်၊ Game ကတ်များဝယ်ယူခြင်းတို့အပြင် online shopping များအတွက် ငွေပေးချေမှုများကိုလည်း ပြုလုပ်နိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/MytelPayOfficial/

Mytel သည် လုံခြုံစိတ်ချရပြီး အသုံးပြုရလွယ်ကူသော မိုဘိုင်းငွေကြေးဝန်ဆောင်မှု MytelPay ကို ၂၀၁၉ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် နိုင်ငံအဝှမ်းရှိ ပြည်သူများ အသုံးပြုနိုင်ရန် စတင်မိတ်ဆက်ခဲ့သည်။ MytelPay သည် ငွေလွှဲဝန်ဆောင်မှုတစ်ခုဆိုရုံသာမက သုံးစွဲသူများအတွက် နေ့စဉ်လူနေမှုဘဝတွင် ပြုလုပ်နေသော ဝယ်ယူမှုများ နှင့် ဒီဂျစ်တယ်ဆိုင်ရာဝန်ဆောင်မှုများ ရယူရာတွင် အသုံးပြုနိုင်သော ငွေပေးချေမှုဂေဟစနစ်တစ်ခု ဖြစ်လာပါသည်။ ယခုအခါတွင် MytelPay သည် ၉၂ ရာခိုင်နှုန်းသော မြို့နယ်များတွင် ဝန်ဆောင်မှုပေးလျက်ရှိပြီး နေ့စဉ်နှင့်အမျှ အေးဂျင့်အရေအတွက်မှာ တိုးတက်လျက်ရှိပါသည်။
အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/MytelPayOfficial/