12GB RAM (6GB+6GB) + 128GB ROM ၊ 300% Ultra Volume Mode နဲ့ Dual Stereo Speakers တို့ ပါဝင်တဲ့ OPPO A58 ကို ၆၂၉,၉၀၀ ကျပ်နဲ့ မြန်မာတစ်နိုင်ငံလုံးတွင် စတင် ဝယ်ယူရရှိနိုင်ပြီ

OPPO A series ၏ နောက်ဆက်တွဲအဖြစ် စိတ်တိုင်းကျဖွယ် ဖုန်းသုံးစွဲမှု အတွေ့အကြုံများကို  ပေးစွမ်းနိုင်မယ့် 12GB RAM (6GB+6GB) + 128GB ROM (Up to 1TB)၊ ပိုကောင်းတဲ့ အသံအရည်အသွေးနဲ့ Dual Stereo Speakers၊ 300% အထိ တိုးချဲ့နိုင်တဲ့ Ultra-Volume Mode လုပ်ဆောင်ချက်တို့ပါဝင်တဲ့ OPPO A58 ကို စက်တင်ဘာလ 16 ရက်မှစပြီး မြန်မာတစ်နိုင်ငံလုံးတွင် နီးစပ်ရာဖုန်းဆိုင်တွေမှာ 629,900 ကျပ်နဲ့ ဝယ်ယူရရှိနိုင်ပါပြီ။

Image: OPPO

OPPO A58 တွင် 6GB RAMကို RAM Expansion အနေနဲ့ 6GBထိတိုးချဲ့နိုင်ပြီး 12GB လုတ်ဆောင်ချက်နှင့် အထူးလျင်မြန်ချောမွေ့စွာ လုတ်ဆောင်နိုင်မှာဖြစ်ပြီး  ROMအနေနဲ့ 256GB ပါဝင်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ အသံအရည်အသွေးနဲ့ Dual Stereo Speakers၊ 300% အထိ တိုးချဲ့နိုင်တဲ့ Ultra-Volume Mode ထည့်သွင်းပေးထားတဲ့အတွက် ဆူညံသောနေရာများတွင် ကောင်းမွန်သောအသံအရည်အသွေးဖြင့် နားဆင်နိုင်မှာဖြစ်ပါတယ်။ ဖုန်းရဲ့မျက်နှာပြင်ကို 6.72” FHD+ Sunlight Punch-hole LCD Display ကိုအသုံးပြုထားပြီး Screen to body ratio 91.4% ရှိတဲ့အတွက် ကြီးမားကျယ်ပြန့်တဲ့ multimedia အတွေ့အကြုံကိုရရှိနိုင်မှာပါ။ စွမ်းဆောင်ရည်ကောင်းမွန်သော MediaTekG85 SOC ကိုအသုံးပြုပေးထားပြီး ၁၅မိနစ်အားသွင်းရုံနဲ့ ၂၈%ကျော်အားသွင်းပေးနိုင်ပြီး ၁၀၀%အားအပြည့်သွင်းရန် ၇၅မိနစ်သာကြာမဲ့ 33W Supervooc အမြန်အားသွင်းစနစ်၊ All Day AI power saving mode ပါဝင်တဲ့ 5000mAh Battery ကိုအသုံးပြုပေးထားတဲ့အတွက်  တစ်နေ့တာလုံး ဖုန်းစိတ်ကြိုက်သုံးစွဲနိုင်ပါတယ်။ Main camera အနေနဲ့ 50MP(f1.8) +2MP Portrait cameraတပ်ဆင်ထားကာ Front camera တွင် 8MP(f2.0) နှင့် ကြည်လင်ပြတ်သားသောပုံရိပ်များကို ရိုက်ကူးပေးနိုင်မှာဖြစ်ပါတယ်။ Android 13ကို အခြေခံကာ Color Os 13.1 နဲ့ သုံးစွဲမှု အဆင်ပြေအောင် စွမ်းဆောင်ပေးမည်ဖြစ်ပြီး OPPO ဓာတ်ခွဲခန်းတွင် 36 months fluency စမ်းသပ်ချက်ကို စမ်းသပ်အောင်မြင်ထားသောကြောင့် 36 လအထိ ချောမွေ့တဲ့သုံးစွဲမှုအတွေ့အကြုံကို ရရှိနိုင်စေမှာလည်းဖြစ်ပါတယ်။ Design အားဖြင့် 2.8D Streamlined curve နှင့် အနောက်ဘက် ကာဗာကို ပိုးသားကဲ့ သို့သော texture အသုံးပြုထားပြီး အလေးချိန်အားဖြင့် 191g နှင့် အထူအားဖြင့် 7.99mm သာရှိတဲ့အတွက် အလွန်ပါးလွှာပေါ့ပါးသော hand feeling ကို ခံစားရစေကာ Side Fingerprint Unlock ကိုအသုံးပြုပေးထားပါတယ်။ OPPO A58ကို  Dazzling Green ၊ Glowing Black ဆိုပြီး အရောင် ၂ရောင်နဲ့ မြန်မာတစ်နိုင်ငံလုံးတွင်  629,900 ကျပ်ဖြင့် ရွေးချယ်ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။

Image: OPPO

စက်တင်ဘာလ 16 ရက်မှ 30 ရက်အတွင်း OPPO A58 ကို ဝယ်ယူသူများအတွက် ငွေသားလက်ဆောင် 20,000 ကျပ်နဲ့ ထီးကို ပြန်လည်ပေးအပ်သွားမယ့် အစီအစဥဉ်အပြင်၊ OPPO A78 ဝယ်ယူမယ့် သူများကိုလည်း 20,000 mAh Power Bank လက်ဆောင်ပေးအပ်သွားမှာ  ဖြစ်ပါတယ်။