Huawei မှ ဖက်ရှင်အလေးပေး နည်းပညာမြင့် Wearable များ၏အနာဂါတ်ကို ဦးဆောင်နေပြီး စတိုင်ကျလှပသည့် HUAWEI WATCH GT 4 Series အားမိတ်ဆက်

Huawei မှ “Wearable Strategy and New Product Launch” မိတ်ဆက်ပွဲကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့တွင် ဘာစီလိုနာမြို့၌ ကျင်းပခဲ့သည်။ ထိုပွဲတွင် ဖက်ရှင်နှင့်နည်းပညာအကြား ပေါင်းစပ်ဖန်တီးမှုအား နောက်တစ်ဆင့် တက်လှမ်းသည့် “Fashion Forward” ဆိုသည့် အခြေအနေတစ်ခုဖြင့် Wearable လောကတွင် ခြေလှမ်းသစ်တစ်ခုအား ထုတ်ပြလိုက်ခြင်းဖြစ်သည်။ Huawei သည် ခေတ်ဆန်သောဒီဇိုင်းများ၊ နောက်ဆုံးပေါ်နည်းပညာများနှင့် အသုံးပြုသူများ ကျန်းမာရေးအတွက် အလေးထားသည့် Feature များဖြင့် Wearable လောကအား တစ်ခေတ်ဆန်းသစ်ရန် ရည်ရွယ်ပါသည်။

Image: Huawei

တီထွင်ဆန်းသစ်သည့် နည်းပညာ၊ ထူးခြားသည့် အလှတရားများနှင့် ပရီမီယမ် လက်ရာများတွင် ဆယ်စုနှစ်တစ်ခုအကြာ ကျွမ်းကျင်မှုမှတစ်ဆင့် Huawei သည် နယ်ပယ်စံနှုန်းအသစ်တစ်ခုအား တည်ဆောက်ထားပါသည်။ Wearable လောကအား လွန်ခဲ့သည့် ၁၀ နှစ်က စတင်ဝင်ရောက်သည့် အချိန်မှစ၍ အားကစား ကျန်းမာရေးစောင့်ကြည့်မှု၊ ဘက်ထရီသက်တမ်းနှင့်ပတ်သက်၍ စိန်ခေါ်မှုများ၊ တိုင်းတာရာတွင် တိကျမှု၊ သက်တောင့်သက်သာရှိမှု စသည်တို့တွင် စွန့်ဦးတီထွင်ခဲ့ခြင်းဖြစ်သည်။

Huawei သည် Wearable များ၏ ဒီဇိုင်းပိုင်းနှင့်ပတ်သက်၍ ခေတ်မှီဆန်းသစ်သောပစ္စည်းများကိုသာ အသုံးပြုကာ အသုံးပြုသူအနေဖြင့် အများနှင့်မတူဘဲ ကိုယ်ပိုင်စတိုင်ဖြင့်ဖန်တီးနိုင်သည့် ဝတ်ဆင်စရာတစ်ခုဖြစ်စေရန်ရည်ရွယ်၍ ထုတ်လုပ်ထားပါသည်။။ ထို့အပြင် ဝတ်ဆင်သည့်အခါတွင် ခံစားမှုပိုမိုကောင်းမွန်စေရန် အကြမ်းခံပြီးအကောင်းဆုံးပစ္စည်းများကိုသာ စဉ်ဆက်မပြတ် အသုံးပြုပေးထားသည်။

Image: Huawei

ကျန်းမာရေးနှင့် ပတ်သက်၍လည်း အသုံးပြုသူများအနေဖြင့် ကျန်းမာရေးနှင့်ပတ်သက်သည့် ထိန်းချုပ်မှုရရှိစေရန် တစ်စိုက်မတ်မတ် တီထွင်ဖန်တီးမှုများပြုလုပ်သွားရမည်ကို Huaweiမှနားလည်ထားပါသည်။ ပညာရေးနှင့်နည်းပညာနယ်ပယ်မှ မိတ်ဖက်များနှင့်ပူးပေါင်းကာ ကျန်းမာရေးနှင့်ပတ်သက်သော စီမံခန့်ခွဲမှု Feature များအားလည်း အားစိုက်ထည့်သွင်းထုတ်လုပ်ထားပြီး အသုံးပြုသူများရရှိသည့် အချက်အလက်များမှာ တိကျရုံသာမက လက်တွေ့အသုံးချနိုင်စေရန် ဆောင်ရွက်လျက်ရှိသည်။

နောက်ဆုံးအနေဖြင့် Huawei မှ အားကစားနှင့် ကြံ့ခိုင်မှုအတွက် အသုံးပြုနိုင်မှုအပေါ်တွင်လည်း ပိုမိုမြင့်တင်လျက်ရှိသည်။ Huawei ၏ Wearableများမှာ အသုံးပြုရလွယ်ကူပြီး ကြိုက်နှစ်သက်စေရန် ဒီဇိုင်းထုတ်လုပ်ထားသည့်အတွက် ပရော်ဖက်ရှင်နယ် ကစားသမားဖြစ်စေ၊ ယခုမှ အားကစား စတင်ပြုလုပ်မည့်သူဖြစ်စေ အသုံးဝင်စေပါသည်။ HUAWEI TruSport™ သိပ္ပံအခြေခံစနစ် ကဲ့သို့ ဆန်းသစ်သော Feature အသစ်များဖြင့် Huawei မှ Wearableများကို လက်ကောက်ဝတ်ပေါ်ရှိ ကိုယ်ပိုင် နည်းပြလေးကဲ့သို့ အသုံးပြုနိုင်စေမှာဖြစ်သည်။

Image: Huawei

စတိုင်ကျသည့် စမတ်နာရီနှင့်အတူ စမတ်ကျသည့် လူနေမှုပုံစံ

HUAWEI WATCH GT 4 သည် ကျန်းမာရေးနှင့် ကြံ့ခိုင်ရေးလုပ်ဆောင်ချက်အစုံအလင်ပါဝင်ပြီး ဒီဇိုင်းပိုင်းတွင် အဆင့်မြင့်တင်ထားသည့် နောက်ဆုံးပေါ် WATCH GT Flagship Series ဖြစ်သည်။ 46mm နှင့် 41mm ဟူ၍ အရွယ်အစား ၂ မျိုးမိတ်ဆက်ထားပြီး သာမာန် GT Series ဒီဇိုင်းများမှကွဲထွက်ကာ ဖက်ရှင်ပိုင်းတွင်ပိုမိုအသားပေးထားပြီး အရင်ထွက်ရှိခဲ့သည့် GT Series များ၏ မော်ဒန်အလှတရားများကို ဆက်လက်ထိန်းသိမ်းထားသလို ဆန်းသစ်တီထွင်ထားသော ဒီဇိုင်းများအားမိတ်ဆက်ထားသည်။

HUAWEI WATCH GT 4 (46mm) သည် ခိုင်ခံ့ကျစ်လစ်သည့် ပြင်ပကိုယ်ထည်နှင့် အဋ္ဌဂံပုံစံ ဒိုင်ခွက်ဒီဇိုင်းဖြင့် ထုတ်လုပ်ထားပြီး HUAWEI WATCH GT 4 (41mm)အား အဖိုးတန်လက်ဝတ်ရတနာကဲ့သို့ ပါးလွှာပြီး ကျော့ရှင်းလှပသည့် ဆွဲသီးပုံစံ ဒီဇိုင်းထုတ်လုပ်ထားသည်။ HUAWEI WATCH GT4 Series ၏ Gallery  တွင် နာရီမျက်နှာပြင်ပေါင်း  ၂၅,၀၀၀ ကျော်ရရှိနိုင်ပြီး ဒီဇိုင်းပေါင်းများစွာမှ မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပါသည်။ ထို့အပြင် Always-On Display (AOD) မှ အချက်အလက်များအား လွယ်ကူစွာသိရှိနိုင်ပြီး အထူးသဖြင့် အချိန်နဲ့အညီ လုပ်ကိုင်နေရသူများအတွက် အသုံးဝင်စေပါသည်။

Image: Huawei

Sir Mo Farah နှင့် Pamela Reif တို့အား HUAWEI Wearable ထုတ်ကုန်များ၏ Product Ambassador များအဖြစ် ခန့်အပ်ခြင်း

အားကစားနှင့် စတိုင်၏ အထင်ကရပေါင်းစပ်မှုအဖြစ် ကမ္ဘာကျော် Fitness နှင့် Lifestyle Influencer ဖြစ်သည့် Pamela Reif နှင့် ရွှေတံဆိပ်ဆုပေါင်းများစွာရရှိခဲ့သည့် နာမည်ကျော် တာဝေးအပြေးသမား Sir Mo Farah တို့အား HUAWEI Wearable Product Amassador များအဖြစ် ခန့်အပ်ခဲ့ပါသည်။

“Huaweiနဲ့ကျွန်မက Fitness ခရီးစဉ်ကို တစ်ချိန်တည်းမှာ အတူတူစတင်လျှောက်လှမ်းခဲ့တယ်ဆိုတာ မယုံနိုင်လောက်အောင်ပါပဲ။ ကျွန်မ ပရော်ဖက်ရှင်နယ် Fitness Trainer အဖြစ်စတင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက နည်းပညာဆိုတာ လူတွေကို ပိုမိုကျန်းမာတဲ့ ဘဝတွေရရှိဖို့အတွက်ကူညီရာမှာ တော်တော် အရေးကြီးတဲ့ အခန်းကမှာပါဝင်ခဲ့တယ်။ အဲ့လိုနည်းပညာတီထွင်ဖန်တီးမှုတွေမှာ Huawei ကအကောင်းဆုံးနည်းနဲ့ ရှေ့တန်းမှာရှိနေခဲ့ပါတယ်။ ဒီလို အနာဂါတ်နည်းပညာတွေနဲ့ ပူးပေါင်းပြီး တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ရတာ စိတ်လှုပ်ရှားမိပါတယ်” ဟု Pamela မှ ပြောကြားခဲ့သည်။

“HUAWEI WATCH GT4 ကနေရရှိတဲ့ ကျွန်တော်နဲ့ကျွန်တော့်အသင်းရဲ့ အားကစားလေ့ကျင့်မှုအချက်အလက်တွေက တန်ဖိုးမဖြတ်နိုင်အောင်ပါပဲ။ ပရော်ဖက်ရှင်နယ် အပြေးသမားဘဝကနေအနားယူပြီး နေထိုင်မှုပုံစံပြောင်းလဲပြီးတဲ့နောက် နေ့စဉ်လှုပ်ရှားမှုတွေနဲ့ဖက်ရှင်အတွက် ဒီနာရီကိုဝတ်ဆင်ပြီးတော့ ဘဝအတွက်ဘာတွေများထပ်ပြီး လုပ်ဆောင်ပေးနိုင်လဲဆိုတာကို စိတ်လှုပ်ရှားမိပါတယ်။” ဟု Sir Moh Farah မှပြောကြားခဲ့သည်။

Image: Huawei

မျိုးဆက်သစ် Wearable များ၊ Audio များနှင့် တက်ဘလက်များ

ဒါတင်မကသေးပါဘူး။ “Wearable Strategy and New Product Launch” မိတ်ဆက်ပွဲတွင် HUAWEI WATCH GT4 Series အပြင် Huawei ၏ပထမဆုံးရွှေနာရီဖြစ်သည့် HUAWEI WATCH Ultimate Gold Edition၊ အကောင်းဆုံး အသံစနစ်ပါဝင်သည့် TWS earbuds ဖြစ်သည့် HUAWEI FreeBuds Pro 3 နှင့် ပထမဆုံး Anti-glare Display ပါဝင်သည့် HUAWEI MatePad 11-inch PaperMatte Edition စသည့် အခြား အသုံးအဆောင်ပစ္စည်များကိုလည်း မိတ်ဆက်ခဲ့ပါသေးသည်။