မလိုလားအပ်သော Spam Calls ဖုန်းခေါ်ဆိုမှုများအား စိစစ်တားဆီးနိုင်ရန် Rakuten Viber မှ Caller ID လုပ်ဆောင်ချက် အသစ်အား စတင်မိတ်ဆက်

ကမ္ဘာ့ထိပ်တန်း စာတိုပေးပို့မှုနှင့် ဖုန်းခေါ်ဆိုမှု အက်ပလီကေးရှင်း Rakuten Viber သည် အမည်မသိဖုန်းနံပါတ် (Unknown Callers) များအား စိစစ်၍ မလိုလားအပ်သော Spam Calls များ ဖြစ်နိုင်၊ မဖြစ်နိုင်ကို စစ်ထုတ်ဖော်ပြပေးသွားနိုင်မည့် Caller ID လုပ်ဆောင်ချက် အသစ်အား စတင်မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ Viber အသုံးပြုသူများအနေနှင့် Viber App အတွင်းသို့ဝင်ရောက်၍ အဆိုပါလုပ်ဆောင်ချက်အား ရွေးချယ်အသုံးပြုသွားနိုင်မည် ဖြစ်သည့်အပြင် ဤ Caller ID လုပ်ဆောင်ချက်သည် Viber မှ မဟုတ်သော ဖုန်းခေါ်ဆိုမှုများကိုပင်လျှင် စိစစ်ပေးသွားနိုင်မည် ဖြစ်သည်။

Viber ၏ Caller ID လုပ်ဆောင်ချက် အသစ်အား အသုံးပြုထားပါက အမည်မသိဖုန်းနံပါတ် (Unknown Callers) များအား စိစစ်၍ မလိုလားအပ်သော Spam Calls များ ဖြစ်နိုင်၊ မဖြစ်နိုင်ကို စစ်ထုတ် ဖော်ပြပေးသွားနိုင်မည်

ယနေ့အင်တာနက်ခေတ်တွင် Cybersecurity (ဆိုက်ဘာလုံခြုံရေး) သည် ကမ္ဘာတစ်ဝန်းလုံးတွင် လူပြော အများဆုံးနှင့် အရေးအကြီးဆုံး ကဏ္ဍတစ်ခု ဖြစ်လာနေပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း စမတ်ဖုန်း နှင့် အင်တာနက် အသုံးပြုမှုပမာဏသည် တဟုန်ထိုးမြင့်မားလာသော်လည်း အသုံးပြုသူ အများစု အထူးသဖြင့် ကျေးလက်ဒေသမှ အသုံးပြုသူများ အနေနှင့် မလိုလားအပ်သော Spam Calls များ၏ အန္တရာယ်မှနေ၍ အထူး သတိပြု ရှောင်ရှားနေရဆဲ ဖြစ်သည်။ သို့ဖြစ်၍ Viber ၏ ဤ Caller ID လုပ်ဆောင်ချက်အသစ်သည် အသုံးပြု သူများအား Spam Calls များ၏ ဘေးမှ အကောင်းမွန်ဆုံး ပိုမိုကာကွယ်ပေးသွားနိုင်မည် ဖြစ်သည်။

Image: Viber

Viber ၏ Caller ID လုပ်ဆောင်ချက်အသစ်အား အသုံးပြုသူများအနေနှင့် ၎င်းတို့ထံ အမည်မသိ ဖုန်းနံပါတ်များ မှ ဆက်သွယ်လာပါက အခြားသော Viber အသုံးပြုသူများ၏ သတင်းပေးပို့မှုများနှင့် Spam Call ဖြစ်နိုင်ချေ ဒေတာစုစည်းမှုများအပေါ် အခြေခံ၍ အဆိုပါ ဖုန်းနံပါတ်သည် Spam Call ဖြစ်နိုင်၊ မဖြစ်နိုင်ဟူသော သတိပေးချက်များကို ရရှိသွားမည် ဖြစ်သည်။ ထို့အပြင် ဖုန်းပြောဆိုမှု ပြီးဆုံးသွားချိန် တိုင်းလည်း အသုံးပြုသူများ အနေနှင့် Redialing (ပြန်လည်ဖုန်းခေါ်ဆိုခြင်း)၊ Messaging (စာတိုပေးပို့ခြင်း)၊ Saving the Contact (ဖုန်းခေါ်ဆိုလာသူအား မှတ်သားခြင်း) အပြင် Reporting (Spam Call ဖြစ်ကြောင်း သတင်းပေးပို့ခြင်း) စသည့် လုပ်ဆောင်ချက်များကိုလည်း ဆောင်ရွက်သွားနိုင်မည် ဖြစ်သည်။

အခုလိုမျိုး ကျွန်တော်တို့ရဲ့ Viber အသုံးပြုသူတွေအတွက် ပိုမိုလုံခြုံစိတ်ချရမှုရှိစေမယ့် လုပ်ဆောင်ချက်အသစ် တစ်ခုကို ပေးအပ်နိုင်ခဲ့တဲ့အတွက် တစ်ကယ့်ကို စိတ်လှုပ်ရှားမိပါတယ်။ ဒီ Caller ID လုပ်ဆောင်ချက် အသစ်ဟာ မလိုလားအပ်တဲ့ Spam Calls ဖုန်း ခေါ်ဆိုမှုတွေကို စိစစ်ဖော်ထုတ်ပေးသွားနိုင်မှာ ဖြစ်တာကြောင့် အသုံးပြုသူတွေ အတွက် စိတ်လုံခြုံမှု အပြည့်အဝ ပေးစွမ်းသွားနိုင်မှာပါ” ဟု Rakuten Viber ၏ အမှုဆောင် အရာရှိချုပ် ဖြစ်သူ Ofir Eyal က ပြောကြားခဲ့သည်။

Image: Viber

Viber Version 19.3.0 နှင့်အထက် အသုံးပြုသူများအနေဖြင့် Viber Application အတွင်းရှိ More > Settings > Calls and Messages သို့သွားရောက်ကာ Caller ID လုပ်ဆောင်ချက်ကို ရွေးချယ်၍ စတင် အသုံးပြုနိုင်မည် ဖြစ်သည်။

Caller ID ဖွင့်နည်း 

  1. သင့်ဖုန်းမှ Viber Application ကို ဖွင့်ပါ။
  2. ‘More’ ကိုနှိပ်ပါ။
  3. ‘Settings’ ကိုနှိပ်ပါ။
  4. ‘Calls and Messages’ ကိုနှိပ်ပါ။
  5. Caller ID ကိုရှာပြီး option တွင် ‘ON’ ကိုပြောင်းပါ။