ဈေးတန်းတူ စမတ်ဖုန်းတွေအကြား အားအခံဆုံး ဘက်ထရီနဲ့ အားသွင်းအမြန်ဆုံးစနစ်တွေကို ပိုင်ဆိုင်ထားတဲ့ OPPO Reno15 Series 5G

စမတ်ဖုန်းသုံးစွဲသူတွေအနေနဲ့ အခုနောက်ပိုင်းမှာ ကင်မရာစနစ်ကောင်းမွန်တိုးတက်ရုံသာမက ဒီဇိုင်းလှလှနဲ့ ပိုမိုကြီးမားလာတဲ့ ဘက်ထရီ၊ ပိုမိုအားခံတဲ့ ဘက်ထရီ၊ အားသွင်းမှုမြန်ဆန်တဲ့ အားသွင်းစနစ်တို့ ပါရှိတဲ့ စမတ်ဖုန်းတွေကို ပိုမိုသဘောကျနှစ်ခြိုက်လာကြပြီဖြစ်ပါတယ်။

ဒါကြောင့်လဲ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်း အမှတ်တံဆိပ် OPPO က သုံးစွဲသူတွေအတွက် ကင်မရာနည်းပညာမှာခေတ်ရှေ့ပြေးပြီး တကယ်ကို အရည်အသွေးကောင်းတဲ့ ကင်မရာအရည်အသွေး ပါရှိတဲ့အပြင် အားသွင်းမြန်ဆန်ပြီး ပိုမိုကြီးမားကာ ရေရှည်အသုံးခံတဲ့ ဘက်ထရီတို့ ပါရှိလာတဲ့ OPPO Reno15 Series 5G ကို ဇန်နဝါရီ ၂၁ ရက်နေ့ က မိတ်ဆက်လာခဲ့ပါတယ်။ ယခုလို တိုးတက်နေတဲ့ခေတ်ထဲမှာ Social Media၊ Entertainment၊ Gaming နဲ့ Content Creation အသုံးပြုမှုတွေ ပိုမိုများပြားလာတာနဲ့အမျှ  စမတ်ဖုန်းတစ်လုံးရဲ့ ဘက်ထရီ စွမ်းဆောင်ရည်က အရေးကြီးဆုံးအချက်တစ်ချက်အဖြစ် ပါဝင်လာတာကြောင့် OPPO Reno15 Series 5G မှာ ယင်းလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ Flagship Level ဘက်ထရီနဲ့ အားသွင်းစနစ်ကို ဖန်တီးပေးလာတာဖြစ်ပါတယ်။

Image: OPPO

နေ့စဉ်လူနေမှုဘဝနဲ့ ကိုက်ညီတဲ့ အချိန်ကြာရှည် အသုံးပြုနိုင်သော Battery စွမ်းအား

OPPO Reno15 Series 5G ဟာ နေ့စဉ်ဘဝမှာ စမတ်ဖုန်းကို ပုံမှန်အချိန်ထက် ကြာရှည်စွာ အသုံးပြုရသူတွေအတွက်ပါ အဆင်ပြေအောင် Flagship Level အဆင့်ရှိ ဘက်ထရီနဲ့အတူ OPPO Reno 15 Series ချစ်သူတွေအတွက် အသေးစိတ် ထည့်သွင်းစဉ်းစားပြီး ဖန်တီးထုတ်လုပ်လာတာဖြစ်ပါတယ်။

OPPO Reno15 5G မှာဆိုရင် အကြီးစား 6,500 mAh ပါရှိတဲ့ ဘက်ထရီ ၊ OPPO Reno15 F 5G မှာဆိုရင် ပိုမိုအားကောင်း ကြီးမားတဲ့ 7,000 mAh ပါရှိတဲ့ ဘက်ထရီနဲ့အတူ အလွယ်ကူဆုံးနဲ့ အချိန်တိုအတွင်း အမြန်ဆန်ဆုံး အားသွင်းနိုင်မဲ့ Flagship Level အဆင့်ရှိ 80W SUPERVOOC Flash Charge အားသွင်းစနစ်ကိုပါ ထောက်ပံ့လာတာဖြစ်ပါတယ်။ ဒါတင်သာမက သုံးစွဲသူရဲ့ နေ့စဉ်သုံးစွဲပုံ (User Behavior) ပေါ် မူတည်ကာ နေ့စဉ်အခြေခံ အားသုံးစွဲမှုကို အလိုအလျောက် ချိန်ညှိပေးနေမှာဖြစ်တာကြောင့် OPPO Reno15 Series 5G ရဲ့ ဘက်ထရီသက်တမ်းနဲ့ ခံနိုင်ရည်အားကို ပိုမိုရှည်လျားစေနိုင်မှာဖြစ်ပါတယ်။  ဒါကြောင့် စမတ်ဖုန်းကို အသုံးပြုပြီး အလုပ်လုပ်ရသူတွေအတွက် အဆင်ပြေနိုင်ရုံသာမက တခြားသော ခရီးသွားခြင်း၊ ဗီဒီယိုကြည့်ခြင်း၊ ဂိမ်းကစားခြင်းများကို တစ်နေ့လုံး စိတ်ပူစရာ မလိုဘဲ အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။

လူငယ်တွေအကြား ရေပန်းစားကျော်ကြားတဲ့ Aurora Light ကို အခြေခံပြီး ဖန်တီးထားတဲ့ OPPO Reno15 Series 5G ရဲ့ ဒီဇိုင်းက ပုံမှန်ဆိုရင် သုံးစွဲသူတွေအနေနဲ့ စမတ်ဖုန်းတစ်လုံးမှာ ကြီးမားတဲ့ ဘက်ထရီ ပါဝင်လာတာနဲ့ စမတ်ဖုန်းရဲ့ ဒီဇိုင်းမှာ လှပကြွရွပြီး လူငယ်ဆန်တဲ့ ဒီဇိုင်းမျိုးမရှိနိုင်ကြောင်း ထင်နေတဲ့ အတွေးအခေါ်တွေကိုလဲ ဖျောက်ပေးနိုင်တဲ့အထိ ကြွရွနေတာဖြစ်ပါတယ်။

ဒီလို လူငယ်ဆန်ပြီး ခေတ်မီတဲ့ ဒီဇိုင်းနဲ့အတူ နောက်ဆုံးပေါ် ColorOS 16 ပါရှိလာရုံသာမက Flagship Level ဘက်ထရီနဲ့ အားသွင်းစနစ်ပါရှိလာတဲ့ OPPO Reno15 Series 5G နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက OPPO Myanmar Official Facebook Page – http://bit.ly/45Q2UQz ၊ Website - http://bit.ly/4nwInXy ၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram - https://bit.ly/3xRjQr6 တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။