MPT သုံးစွဲသူများအတွက် လိုအပ်ချက်များကို ပြည့်စုံစွာဖြည့်ဆည်းပေးမည့် စုံစုံလင်လင် ပရိုမိုးရှင်းအစီအစဉ်ကို မိတ်ဆက်

MPT သည် သုံးစွဲသူများအတွက် အမျိုးမျိုးသောလိုအပ်ချက်များကို တစ်ခုချင်းစီ ဝယ်ယူရန်မလိုဘဲ တစ်နေရာတည်းတွင် ၎င်းတို့၏လိုအပ်ချက်များကို ပြည့်စုံစွာရရှိမည့် စွယ်စုံရအစုံသုံး အတန်ဆုံး စုံစုံလင်လင် ပက်ကေ့ချ်ကို အသက်သာ ဆုံးနှုန်းထားဖြင့် စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
(၇)နှစ်မြောက်သို့ ရောက်ရှိခြင်း အထူးပရိုမိုးရှင်းအစီအစဉ် အသစ်တစ်ခုဖြစ်သည့် စုံစုံလင်လင် ပက်ကေ့ချ်သည် အစုံသုံး အတန်ဆုံး နှင့် အကျိုးကျေးဇူးများစွာ ရရှိခံစားနိုင်မည့် အစီအစဉ်တစ်ခုဖြစ်ပြီး MPT ကို အစဉ်တစိုက် အားပေးကြသော သုံးစွဲသူများအတွက် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် မိတ်ဆက်ပေးလိုက်ခြင်း ဖြစ်ပါသည်။ အဆိုပါ ပက်ကေ့ချ်ဖြင့် Facebook, Mobile Legends နှင့် JOOX ဒေတာများကို အကန့်အသတ်မရှိ စိတ်ကြိုက်အသုံးပြုနိုင်သည့်အပြင် အခြားအင်တာနက် အသုံးပြုမှုများအားလုံးအတွက် ဒေတာ 2GB ၊ MPT ဖုန်းအချင်းချင်း အသက်သာဆုံးနှုန်းထား ဖြစ်သည့် ၁ မိနစ်လျှင် ၅ ကျပ်ဖြင့် ဖုန်းခေါ်ဆိုခွင့်၊ ဖုန်းဘေလ် ၁,၀၀၀ကျပ် ပါရှိပြီးရက်ပေါင်း(၃၀)အသုံးပြုနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/mptofficialpage/

လက်ရှိ ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားနေသည့် အခြေအနေကြောင့် လူအများအပြား အိမ်တွင် နေထိုင်နေရသည့် ကာလ တွင် MPT သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ ချစ်ခင်သူများနှင့် အဆက်အသွယ်မပြတ် ရှိစေရန်၊ တန်ဖိုးရှိသော သတင်းများ ရရှိစေရန်၊ အွန်လိုင်းမှ သတင်းအချက်အလက်များရယူနိုင်ရန်နှင့် ဖျော်ဖြေရေးအစီအစဉ်များကို ကြည့်ရှုခံစားနိုင်ရန် စုံစုံလင်လင် ပက်ကေ့ချ်ကို အသုံးပြုနိုင်တော့မည်ဖြစ်သည်။
ထို့အပြင် အဆိုပါ အစီအစဉ်သုံးစွဲသူများသည် ပုံမှန်ခံစားခွင့်များအတွက်ကျသင့်မည့်တန်ဖိုး ၉,၉၉၆ ကျပ်အစား ထက်ဝက်တန်ဖိုး (၅၀% လျော့ဈေး) ၄,၉၉၈ကျပ်ဖြင့် ရက်ပေါင်း ၃၀ အသုံးပြုနိုင်သည့် အကျိုးခံစားခွင့်များ အားလုံးကို ရရှိနိုင်ပါသည်။ စုံစုံလင်လင် ပက်ကေ့ချ်သည် သုံးစွဲသူများအတွက် ကုန်ကျစရိတ် ၅၀ ရာခိုင်နှုန်း သက်သာစွာဖြင့် ပိုမိုကောင်းမွန်သည့်အကျိုးကျေးဇူးရရှိနိုင်သည့် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်သည်။
“အထူးသဖြင့် ဒီလိုစိန်ခေါ်မှုအခက်အခဲတွေရှိနေတဲ့အချိန်မှာ MPT ကို အစဉ်တစိုက် အားပေးကြတဲ့ သုံးစွဲသူတွေအတွက် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ မိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။ အခု ပရိုမိုးရှင်းအစီအစဉ်ဟာဆိုရင် “မြန်မာပြည်နှင့် အတူရှိနေမည်”ဆိုတဲ့ ကတိကဝတ်တွေကို ထပ်မံဖြည့်ဆည်း ဆောင်ရွက်ပေးနေတာပဲဖြစ်ပါတယ်။ ဒီလိုမျိုး စွဲမက်စရာကောင်းတဲ့ သုံးစွဲသူတွေ ကြိုက်နှစ်သက်မယ့် ဒီ “စုံစုံလင်လင်” ပက်ကေ့ချ်ကို တန်ဖိုးထားရတဲ့ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေဆီ ပေးအပ်လိုက်ခြင်းအားဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် အိမ်ထဲမှာ နေထိုင်ဖို့လိုအပ်တဲ့ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် ချစ်ခင်သူတွေနဲ့ အဆက်အသွယ်မပြတ် ရှိနေခြင်းဖြင့် သတင်းအချက်အလက်တွေကို ရယူနိုင်မယ့်အပြင် အွန်လိုင်းဖျော်ဖြေရေးတွေကိုလည်း စိတ်ကြိုက် ကြည့်ရှုခံစား နိုင်ဖို့ ဆောင်ရွက်ပေးထားတာပါ” ဟု MPT-KSGM JO ၏ Chief Commercial Officer ဖြစ်သူ Mr. Tetsunori Nagashima က ပြောကြားသည်။

Photo Source https://www.facebook.com/mptofficialpage/

သုံးစွဲသူများအနေဖြင့် Facebook (ပြင်ပ links များမပါဝင်) အသုံးပြုခြင်း၊ Facebook Messenger (Voice, Video calls များမပါဝင်) အသုံးပြုခြင်း၊ Mobile Legends (ဂိမ်းအတွင်း Streaming ပြုလုပ်/ ကြည့်ရှုခြင်း၊ ဂိမ်းအတွင်း ဆက်သွယ်ပြောဆိုခြင်းများ မပါဝင်) ဂိမ်းကစားနိုင်ခြင်း သို့မဟုတ် JOOX Music မှ နောက်ဆုံး ထွက်ရှိသည့် သီချင်းများကို နားဆင်ခြင်းတို့အား အကန့်အသတ်မရှိ စိတ်ကြိုက်ရယူခံစားနိုင်ပါသည်။ အပိုဆုလက်ဆောင် ရရှိသည့် 2GB ဒေတာကို အင်တာနက်အသုံးပြုမှုအားလုံးအတွက် အသုံးပြုနိုင်မည် ဖြစ်သည့်အပြင် သုံးစွဲသူများသည် ကြိုက်နှစ်သက်ရာသုံးနိုင်သည့် ဖုန်းဘေလ် ၁,၀၀၀ ကျပ်ကို ရရှိခံစားနိုင်ပြီး MPT အချင်းချင်း သက်သာသောနှုန်းထားဖြင့် ဖုန်းခေါ်ဆိုခွင့်များဖြင့် မိမိ၏ ချစ်ခင်သူများနှင့် အဆက်အသွယ် ပြုလုပ်နိုင်မည် ဖြစ်သည်။ ပြင်ပလင့်ခ်များသို့ဝင်ရောက်ခြင်း၊ Voice/Video Calls များခေါ်ဆိုခြင်းနှင့် ဂိမ်းအတွင်း Streaming ပြုလုပ်/ ကြည့်ရှုခြင်း၊ ဂိမ်းအတွင်းဆက်သွယ်ပြောဆိုခြင်းနှင့် ဂိမ်းကစားခြင်း အတွက်မဟုတ်သည့် အခြားအသုံး ပြုမှုများ အတွက် ဝယ်ယူထားသော Data Pack (သို့မဟုတ်) Pay-As-You-Go နှုန်းထားဖြင့် ကောက်ခံသွား မည်ဖြစ်သည်။
ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ်ရယူထားသော MPT GSM/WCDMA prepaid စနစ် သုံးစွဲသူများအနေဖြင့် စုံစုံလင်လင် ပက်ကေ့ချ်ကို ရယူနိုင်ပြီး စက်တင်ဘာ ၂၁ ရက်တွင် စတင်သည့် အဆိုပါ အစီအစဉ်အား MPT4U App မှတစ်ဆင့် (သို့မဟုတ်) *4998# သို့ခေါ်ဆိုပြီး အကျိုးကျေးဇူးများ ရယူခံစားနိုင်မည် ဖြစ်သည်။
MPT သုံးစွဲသူများအားလုံးသည် နေအိမ်တွင်ပင် အဆင်ပြေလွယ်ကူစွာဖြင့် မိုဘိုင်းလ်ဖုန်းထဲရှိ MPT4U Appသို့ ဝင်ရောက်၍ ၎င်းတို့၏အကောင့်များကို စီမံခန့်ခွဲနိုင်ပါသည်။ ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက ၁၀၆ သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ တရားဝင် ဖေ့စ်ဘွတ်ခ် စာမျက်နှာ (သို့) MPT ၏ တရားဝင် ဝက်ဘ်ဆိုက်တို့သို့ ဝင်ရောက်ကြည့်ရှုနိုင်သည်။