Oway Ride ယာဉ်မောင်းများအား Digital ငွေပေးချေမှုအတွက် Ongo E-Money ဖြင့် ဆောင်ရွက်ခွင့်ပြု

အဆင့်မြင့်အငှားကားနှင့် အငှားယာဉ်ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်သူ Oway Ride နှင့် B2B ဒစ်ဂျစ်တယ်ငွေပေးချေခြင်း ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သူ Ongo တို့မှ မန္တလေး၊ မော်လမြိုင်၊ ပုဂံနှင့် ပြင်ဦးလွင်မြို့များရှိ Mini Oway အငှား ယာဉ်မောင်းကွန်ရက်အတွက် E-money ဝန်ဆောင်မှုလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ၂၀၁၉ ခုနှစ် မေ ၃၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

Photo Source – https://99designs.com/logo-design/contests/create-next-logo-emoney-154472

ထိုသို့ ပူးပေါင်းဆောင်ရွက်မှုကြောင့် အငှားယာဉ်မောင်းနှင်သူများအနေနှင့် အရေအတွက်ကန့်သတ် သတ်မှတ်ထားသည့်နေရာ များသို့သွားရောက်ကာ ကားခများကြိုတင်ပေးသွင်းရခြင်း သို့မဟုတ် ကြိုတင်ငှားရမ်းမှုများမှရရှိသော ပိုက်ဆံများကောက်ယူခြင်း စသည့် အပိုလုပ်ဆောင်ချက်များကို ဆောင်ရွက်ရန်လိုအပ်တော့မည် မဟုတ်ပေ။ Oway အငှားယာဉ်မောင်းနှင်သူများအနေဖြင့် ၎င်းတို့နေထိုင်ရာမြို့ကြီးများ၏ မြို့နယ်တိုင်းရှိ Ongo ကိုယ်စားလှယ်များရှိသော မည်သည့်နေရာများတွင်မဆို Ongo App ကို အသုံးပြုနိုင်မည်ဖြစ်သည်။
Ongo Agent များက Ongo App ရှိ အင်တာနက်ဖြင့်ချိတ်ဆက်ထားသော တစ်ကိုယ်ရေသုံး အီလက်ထရွန်နစ် ပိုက်ဆံအိတ် (digital wallets)ထဲသို့ အီလက်ထရွန်နစ်ငွေကြေးများကို ငွေသွင်းငွေထုတ် ပြုလုပ်ပေးနိုင်သည်။ အငှားယာဉ်မောင်းနှင်သူများ သည် အီလက်ထရွန်နစ်ငွေကြေးအဖြစ် ငွေသွင်းပြီးနောက် ၎င်းတို့၏ digital wallets များမှတစ်ဆင့် စီးပွားရေးလုပ်ငန်းများ၊ သုံးစွဲသူတစ်ယောက်ချင်းအတွက် ငွေလွှဲခြင်းများကို လွယ်ကူစွာ ဆောင်ရွက်နိုင်မည်လည်းဖြစ်သည်။

Photo Source – https://www.facebook.com/ongoemoney/

Oway အနေဖြင့် ခရီးသည်များလွယ်ကူချောမွေ့စွာနှင့် လုံခြုံစိတ်ချစွာ သွားလာနိုင်ရေးအတွက် မြန်မာနိုင်ငံ၏ ဒုတိယအကြီး ဆုံးမြို့ဖြစ်သော မန္တလေးမြို့တွင် သုံးဘီးကားများကို စတင်ပြေးဆွဲရာ၌ Ongo ဒစ်ဂျစ်တယ်ငွေပေး ချေမှုစနစ် အသုံးပြုရာတွင် အောင်မြင်မှုရရှိခဲ့ပြီး ဖြစ်ပါသည်။ Oway သည် ရန်ကုန်မြို့ရှိ အငှားယာဉ်မောင်းနှင်သူများအတွက်လည်း အဆိုပါ Ongo ဝန် ဆောင်မှုလုပ်ငန်းများကို အသုံးပြုလျက်ရှိသည်။
“Ongo ရဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှု စနစ်ကိုအသုံးပြုပြီး Oway နဲ့ ကျွှန်တော်တို့ရဲ့ အငှားယာဉ်မောင်းသူတွေကြားမှာ လွယ် လွယ်ကူကူ ချောချောမွေ့မွေ့နဲ့ ငွေလွှဲနိုင်တော့မှာ ဖြစ်ပါတယ်။ မန္တလေး၊ ပုဂံနဲ့ ပြင်ဦးလွင်မှာရှိတဲ့ ယာဉ်မောင်းတွေဟာ သူတို့ရဲ့ ဝင်ငွေတွေကို ကျွန်တော်တို့ဆီတိုက်ရိုက် လွှဲပေးနိုင်တော့မှာပါ။ ကြိုတင်ငွေသွင်း ထားတဲ့ အငှားယာဉ်စီးနင်းမှုတွေအတွက်လည်း ငွေပြန်ထုတ်ပေးနိုင်တော့မှာပါ။ အခုလို မော်လမြိုင်မှာလည်း စတင်ဆောင်ရွက်လိုက်တာကြောင့် Mini Oway နှင့် Oway Ride အငှားယာဉ်မောင်းနှင်သူတွေနဲ့ ကျွန်တော်တို့ကြားမှာ လွယ်လွယ်ကူကူ ချောချောမွေ့မွေ့နဲ့ အပြန်အလှန်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒီလို ကနဦး ခြေလှမ်းတွေနဲ့အတူ မြန်မာနိုင်ငံရဲ့ တတိယအကြီးဆုံးစီးပွားရေးမြို့တော်မှာ ဒစ်ဂျစ်တယ် ဆိုင်ရာအသိပညာတွေနဲ့ ငွေကြေးဆိုင်ရာအခွင့်အရေးတွေ ဆောင်ယူလာပေးဖို့ ရည်ရွယ်ထားပါတယ်” ဟု Oway ၏ CEO ဖြစ်သူ Alok Kumar က ပြောကြားခဲ့သည်။

Photo Source – https://appsliced.co/app?n=oway-ride

Ongo mobile wallet အား မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၏ ပူူးပေါင်းဆောင်ရွက်မှုအကူအညီဖြင့် ၂၀၁၇ ခုနှစ်၌ တရားဝင် မိတ်ဆက်ချိန်မှစတင်ကာ Ongo mobile wallet အကောင့်များကို မြန်မာအရှေ့တိုင်းဘဏ် (MOB) မှတစ်ဆင့် မြန်မာနိုင်ငံ ဗဟိုဘဏ်မှ Mobile Banking လိုင်စင် (MBL) ဖြင့် ထိန်းချုပ်ဆောင်ရွက်ထားသည်။ ဤအချက်သည် Ongo mobile wallet အသုံးပြုသူများအနေဖြင့် ဘဏ်ခွဲများသို့ သွားစရာမလိုပဲ ဘဏ်စာရင်းတစ်ခုအလား လုံခြုံစိတ်ချမှုပေးနိုင်မည်လည်းဖြစ်သည်။

Photo Source – https://burmese.voanews.com/a/4115730.html

“Ongo အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းသယ်ယူပို့ဆောင်ရေးနဲ့နည်းပညာပိုင်းမှာ ဦးဆောင်သူအဖြစ် အသိအမှတ်ပြုခံထား ရတဲ့ Oway နဲ့ အတူတူတွဲဖက်ဆောင်ရွက်ရတာကို ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ရဲ့ လုံခြုံစိတ်ချရတဲ့ ဒစ်ဂျစ်တယ် ငွေပေးချေမှု နည်းလမ်းဟာဆိုရင် စီးပွားရေးလုပ်ငန်းတွေနဲ့ ဝန်ထမ်းတွေ၊ ဝယ်ယူသုံးစွဲသူတွေ၊ ဖြန့်ချိသူတွေကြားမှာ လွယ်လွယ်ကူကူ ငွေလွှဲနိုင်အောင် ကူညီမှာပါ။ Digital wallet ဟာ E-money ကို လုံခြုံစိတ်ချစွာနဲ့ လွယ်လွယ်ကူကူ အသုံးပြုနိုင်တဲ့နည်းလမ်း ဖြစ်ပြီးတော့ မြန်မာနိုင်ငံတစ်ဝှမ်းက မြို့ကြီးတွေမှာရှိတဲ့ ငွေကြေးအကျိုးဆောင် ကိုယ်စားလှယ်ဝန်ထမ်းတွေရဲ့ ကွန်ရက်ကြီးတစ် ခုနဲ့ လွယ်ကူချောမွေ့အောင် ဆောင်ရွက်ထားပါတယ်” Ongo ၏ CEO ဖြစ်သူ Mr. Allen Gilstrap က ပြောကြားသည်။
ပုံမှန်သွားလာသော ခရီးသည်များနှင့်အသုံးပြုသူများအနေဖြင့်လည်း အငှားကားစီးနှင်းမှုအတွက် ယာဉ်စီးခ ပေးချေရန် ငွေကြေး အစား Ongo App ကို အသုံးပြုနိုင်ပါသည်။ ထို့အတူ ဖုန်းငွေဖြည့်ခြင်း၊ အချင်းချင်းငွေလွှဲခြင်း၊ ငွေပေးချေမှုနှင့်အွန်လိုင်းမှ ဝယ်ယူခြင်းတို့အတွက်ငွေပေးခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အသုံးပြုသူများအနေဖြင့် App မှ E-money ကို အသုံးပြုငွေပေးချေခြင်းဖြင့် အထူးဆုများ ရရှိနိုင်မည်လည်းဖြစ်သည်။
Android ဖုန်းများအတွက် Ongo အား Google Play store မှသော်လည်းကောင်း၊ ဝက်ဘ်ဆိုဒ်မှ တိုက်ရိုက်သော်လည်းကောင်း ဒေါင်းလုဒ်ပြုလုပ်နိုင်ပြီး Ongo Agent များတွင်ထံသို့ သွားရောက်ကာ Ongo wallet သို့ ငွေဖြည့်သွင်းနိုင်ပါသည်။ အောက်ပါ Link တွင် Install ပြုလုပ်နိုင်ပါသည်။
https://play.google.com/store/apps/details?id=ie.ronoc.money.consumer