စာပေရေးသားခြင်းဝါသနာပါသူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းများရှိရာ Facebook Group များ

လူတချို့ကတော့ ကိုယ်ပိုင်စီးပွားရေးဖြစ်စေ၊ ဝါသနာမပါပေမယ့် အခြေအနေအရလုပ်ငန်းတစ်ခုခုမှာဝင်ရောက်လုပ်ကိုင်နေကြသူ တွေလည်းရှိကြပါတယ်။ ဒါပေမဲ့ ကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခုတော့ အားလပ်ချိန်တွေမှာလုပ်ကိုင်ချင်ပေမယ့် အဆက်အသွယ် ရနိုင်မယ့်နေရာတွေကိုမသိတာမျိုးတွေလည်းရှိတတ်ကြပါတယ်။ ဝါသနာပါတဲ့အလုပ်တစ်ခုကို ကိုယ်ရဲ့ကိုယ်ပိုင်အချိန်တွေမှာ လုပ်ကိုင်နိုင်ဖို့၊ ဆက်လက်လေ့လာဖို့အတွက်တော့ အကျိုးပြုနိုင်စေမယ့်နေရာတွေကိုတော့ သိထားဖို့လိုပါတယ်။ ဒါမှလည်း မိမိ ရဲ့ ဝါသနာကိုထုတ်ဖော်ပြသခွင့်ရမှာဖြစ်သလို ကိုယ့်အတွက်လည်းတဖက်တစ်လမ်းက ဘဝအတွက် အကျိုးအမြတ်ရရှိစေမှာ အ မှန်ပါပဲ။

Photo Source – https://pxhere.com/en/photo/118545

နည်းပညာပိုင်းဆိုင်ရာတိုးတက်လာတဲ့ ဒီခေတ်မှာတော့ အွန်လိုင်းပေါ်က အရောင်းအဝယ်တွေပိုမိုလုပ်ဆောင်လာကြသလို အဲ့ဒါ နဲ့ပတ်သက်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေလည်း များစွာပေါ်ပေါက်လာပါတယ်။ Digital Marketing ရာထူး၊ Content Writer ရာထူးမျိုးတွေနဲ့ အချိန်ပြည့်အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ အချိန်ပိုင်းအလုပ်အကိုင်အခွင့်အလမ်းတွေ များစွာပေါ် ပေါက်လာပါတယ်။ Social Media မှာလူအများစိတ်ဝင်စားစေနိုင်မယ့်စာတွေကို ကျွမ်းကျွမ်းကျင်ကျင်ရေးသားနိုင်ကြတဲ့သူတွေ များစွာရှိသလို အဲ့ဒီအလုပ်ကို ဝါသနာပါပြီးစတင်လေ့လာနေတဲ့သူတွေလည်း ရှိကြပါတယ်။

Photo Source – https://www.flickr.com/photos/churl/196591735

စာပေရေးသားခြင်းဝါသနာပါသူတွေအနေနဲ့ အားလပ်ချိန်တွေမှာ ကဗျာ၊ ဝတ္တုတို၊ ဆောင်းပါး စတဲ့အကြောင်းအရာတွေကို ကိုယ် တိုင်ရေးသားနေကြတဲ့သူတွေလည်း ရှိပါတယ်။ဘာသာပြန်ဆောင်းပါးတွေကို ရေးသားပြီး ဂျာနယ်၊ မဂ္ဂဇင်း စတာတွေကို ပေးပို့ တတ်ကြပြန်ပါတယ်။ တချို့ကလည်း ရေးသားထားပေမယ့် ပေးပို့လို့ရမယ့်အဆက်အသွယ်မရှိတာမျိုးတွေလည်းဖြစ်တတ်ကြသ လို အရေးအသားကောင်းမွန်ပြီး စာပေရေးသားခြင်းအလုပ်မရကြသေးတဲ့သူတွေလည်းရှိပါတယ်။

Photo Source – https://pixabay.com/photos/creative-writing-editing-library-108545/

စာပေရေးသားခြင်းအလုပ်ဟာ ကိုယ်ပိုင်အားလပ်ချိန်တွေမှာ ရေးသားနိုင်တဲ့အလုပ်တစ်ခုဖြစ်တဲ့အတွက် စာပေရေးသားခြင်းဝါသ နာပါသူတွေအတွက်လည်း အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ အခြားစီးပွားရေးလုပ်ငန်းတစ်ခုရှိနေလို့ အချိန်ပြည့်အလုပ်အကိုင်မှာ ဝင်ရောက်မလုပ်ကိုင်နိုင်ဘူးဆိုရင်တောင် Freelance သဘောမျိုးနဲ့ စာပေရေးသားတဲ့အလုပ်တစ်ခုကို ဖန်တီးနိုင်ကြပါတယ်။ အဲ့ ဒီအတွက်လည်း Social Media ရဲ့ Page တွေ Group တွေကိုတော့ မဖြစ်မနေသိထားဖို့လိုပါတယ်။

အောက်ဖော်ပြပါ Facebook Group တွေကတော့ စာပေရေးသားခြင်းဝါသနာပါတဲ့ Content Writer တွေနဲ့ Copy Writer တွေ အတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာတည်ရှိတဲ့ Group တွေပဲဖြစ်ပါတယ်။

Photo Source By Myanmar Tech Press

(၁) Myanmar Content Writer/ Copy Writer Club
ဒီ Group ကတော့ Content Writer၊ Copy Writer၊ Digital Marketing၊ Facebook Admin၊ ရာထူးတွေနဲ့ဘာသာပြန်ဆောင်းပါးတွေရေးနိုင် သူတွေအတွက် အခွင့်အလမ်းတစ်ခုဖြစ်စေတဲ့ Group တစ်ခုလည်းဖြစ်ပါတယ်။ အချိန်ပြည့်အလုပ်ကိုင်နဲ့ အချိန်ပိုင်းအလုပ်တွေ ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် Digital Marketing ပိုင်းဆိုင်ရာတွေနဲ့ စာပေရေးသားခြင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကိုလေ့လာနိုင်သလို စာရေးတဲ့အခါကြုံတွေ့ရတဲ့အခက်အခဲတွေကို Share ပြုလုပ်ပေးနိုင်တဲ့ Group တစ်ခုလည်း ဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်းအလုပ်အကိုင်အပြင် မန္တလေးမြို့အတွက်ပါ အလုပ်အကိုင်ခေါ်ယူတာတွေ တွေ့မြင်ရမှာမို့ မန္တလေး မှာနေထိုင်တဲ့သူတွေအတွက်လည်း အဆင်ပြေစေပါတယ်။ ဒီ Group မှာတော့ Members (၃၀၀၀) နီးပါးရှိပြီး ၂၀၁၇ ခုနှစ် ဇူလိုင် လမှာစတင်ဖွဲ့စည်းခဲ့တဲ့ Group တစ်ခုဖြစ်ပါတယ်။ စာပေးရေးသားခြင်းဆိုင်ရာအလုပ်အကိုင်ရှာဖွေနေတဲ့သူတွေအတွက် မသိ မဖြစ် သိထားသင့်တဲ့ Group တစ်ခုဖြစ်ပါတယ်။ အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/groups/1812154729097627/

Photo Source By Myanmar Tech Press

(၂) Real Part-Time job/အချိန်ပိုင်းအလုပ်အမှန်အကန် (No MLM)
ဒီ Group ကတော့ Content Writer၊ Digital Marketing စတဲ့အလုပ်အကိုင်တွေအပါအဝင် အခြားအချိန်ပြည့်အလုပ်နဲ့ အချိန်ပိုင်းအလုပ်တွေကို အဓိကခေါ်ယူနေတဲ့ Group တစ်ခုဖြစ်ပါတယ်။ စာပေရေးသားခြင်းဝါသနာပါသူတွေအတွက် သိထား သင့်တဲ့ Group တစ်ခုဖြစ်ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် အခြားနယ်မြို့တွေရဲ့ အလုပ်ကိုင်တွေကိုလည်း တွေ့မြင်ရမှာဖြစ်ပါ တယ်။ ၂၀၁၉ ခုနှစ် April မှာစတင်ဖွဲ့စည်းခဲ့တဲ့ Group ဖြစ်ပြီး Members (၂၀၀၀) ကျော်ရှိနေပြီဖြစ်ပါတယ်။
အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/groups/1170156129812745/