Crypto တွေဝယ်ယူရလွယ်ကူစေဖို့အတွက် လက်တွဲလိုက်တဲ့ PayPal နဲ့ MetaMask

Online Payment method တစ်ခုဖြစ်တဲ့ PayPal ဟာ Cryptocurrencies လောကမှာ ပိုပြီးကျင်လည်နိုင်ဖို့အတွက် MetaMask နဲ့ပူးပေါင်းလိုက်ပြီလို့ သိရပါတယ်။ Crypto Wallet တစ်ခုဖြစ်တဲ့ MetaMask ရဲ့နောက်ကွယ်က ကုမ္ပဏီ ConsenSys ဟာ ဒီပူးပေါင်းမှုနဲ့ပက်သက်ပြီးလည်း ထုတ်ပြန်ချက်ထုတ်ထားပေးပါသေးတယ်။

MetaMask အသုံးပြုသူတွေဟာ အခုအချိန်ကစပြီး Crypto (ETH) ဝယ်ယူမှုတွေကို PayPal အသုံးပြုပြီး ဝယ်ယူမှုပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ PayPal လို Online Payment Method ကို ပထမဆုံး crypto လောကထဲမှာ အသုံးပြုမှုလွယ်ကူစေဖို့အတွက် ပြုလုပ်ခွင့်ပေးခဲ့တာကတော့ ပထမဆုံး Web3 Wallet MetaMask လို့ဆိုနိုင်ပါတယ်။ အသုံးပြုသူတွေဟာ ဝယ်ယူမှုတွေပြုလုပ်နိုင်ပြီး PayPal ကနေ MetaMask ကိုလည်း ETH တွေပေးပို့နိုင်ပြီ ဖြစ်ပါတယ်။

MetaMask ဟာ အသုံးပြုသူအများဆုံး Wallet တစ်ခုဖြစ်ပြီး NFT နဲ့ Play to Earn ဂိမ်းတွေအတွက် ချိတ်ဆက်အသုံးပြုကြတဲ့ Wallet တစ်ခုလည်း ဖြစ်ပါတယ်။ MetaMask Wallet ထဲမှာဘာမှမရှိဘူးဆိုရင်တော့ Coinbase, Kraken စတာတွေကိုအသုံးပြုပြီး ဝယ်ယူရမှာပါ။ ဝယ်ယူထားတာတွေကို MetaMask wallet ထဲထပ်ပြီး ရွှေ့ပြောင်းရမှာ ဖြစ်ပါတယ်။ MetaMask ရဲ့တခြား Partner တွေကတစ်ဆင့် ဝယ်ယူမယ်ဆိုရင်တော့ KYC process (Know Your Customer) တွေအများကြီးကို ဖြည့်ရမှာပါ။ Personal Information တွေနဲ့ verify ပြုလုပ်ဖို့တွေ လိုအပ်လာပါတယ်။

Image: ConsenSys

PayPal နဲ့လက်တွဲလိုက်တဲ့အတွက် MetaMask အတွက်လည်း KYC Process တွေမလိုအပ်တော့တာမျိုး ဖြစ်လာနိုင်ပါတယ်။ လက်ရှိမှာ PayPal Account အသုံးပြုသူပေါင်းဟာ ကမ္ဘာတစ်ဝှမ်းမှာ ၄၃၀မီလီယံ အထိရှိတဲ့အတွက် PayPal အတွက်လည်း အကျိုးအမြတ်အများကြီးပိုရှိစေမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ PayPal အကောင့်ထဲမှာ ETH အဆင်သင့်ရှိနေရင် ပြောင်းရွှေ့လို့ရသလို လိုအပ်ရင်လည်း PayPal ကတစ်ဆင့် ETH တွေကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

MetaMask ရဲ့ Product Manager ဖြစ်သူ Lorenzo Santos ကလည်း “ဒီလို PayPal နဲ့လက်တွဲမှုဟာ အသုံးပြုသူတွေကို MetaMask ကတစ်ဆင့် Crypto ကိုဝယ်ယူနိုင်ဖို့ လွယ်ကူစေတဲ့အပြင် Web3 Ecosystem ကြီးကိုလည်း သေချာလေ့လာခွင့်ပေးနိုင်လိမ့်မယ်” ဆိုပြီး ပြောကြားခဲ့ပါသေးတယ်။

ကိုယ့်ရဲ့ MetaMask Wallet ထဲကို PayPal ကတစ်ဆင့် Crypto တွေထည့်သွင်းချင်တယ်ဆိုရင်တော့

၁။ Mobile MetaMask App ထဲ Login ဝင်ပါ။

၂။ “Buy” ကိုနှိပ်ပြီး “PayPal” ကိုရွေးချယ်ပါ။

၃။ ထည့်သွင်းဖို့အတွက် ETH နဲ့ တန်ဖိုးညီတဲ့ ဒေါ်လာပမာဏကိုရွေးချယ်ပါ။ PayPal ကိုထပ်ပြီးရောက်သွားပါလိမ့်မယ်။

၄။ PayPal နဲ့ Crypto ကိုဝယ်ယူပြီး ဒါမှမဟုတ် ETH လုံလုံလောက်လောက်ရှိတယ်ဆိုရင်လည်း မဝယ်ဘဲထွက်လိုက်လို့ရပါတယ်။

၅။ ပြီးဆုံးပါပြီ။ MetaMask ထဲကနေ Crypto ကိုတိုက်ရိုက် အောင်အောင်မြင်မြင်ဝယ်ယူလိုက်နိုင်ပြီ ဖြစ်ပါတယ်။ Web3 ထဲမှာလည်း ကိုယ်တိုင်လေ့လာကြည့်နိုင်ပါတယ်။