Epic Games Store မှာ အခမဲ့ရယူနိုင်မယ့် In Game Item များ

အခကြေးငွေပေးရတဲ့ဂိမ်းတွေကို အခမဲ့အနေနဲ့ ဝယ်ယူခွင့်ပုံမှန်ပေးတဲ့ Epic Games Store ဟာ အခုလည်း ဂိမ်းအသစ်တွေကို ချပေးနေပြီ ဖြစ်ပါတယ်။ Epic Games Store ဟာ အပတ်စဉ်အခကြေးငွေပေးပြီး ဝယ်ယူဆော့ကစားရတဲ့ ဂိမ်းတွေကို အခမဲ့အနေနဲ့ ဂိမ်းနှစ်ခုစီဝယ်ယူခွင့်ပြုပေးလျက်ရှိပါတယ်။ ဂိမ်း Category မျိုးစုံကို အလှည့်ကျပေးနေတဲ့အတွက် ကိုယ်သဘောကျတဲ့ဂိမ်းတွေ ပါမပါကိုလည်း ဝင်စစ်ကြည့်ဖို့ မမှားပါဘူး။ 

Image: Epic Games Store

အခုလို ခရစ်စမတ်ကာလနီးကပ်လာတဲ့အချိန်မျိုးမှာ Epic Games Store ဟာလည်း သူ့ရဲ့ Platform ကိုအသုံးပြုသူတွေအတွက် အခမဲ့ ဂိမ်း Item တွေကို ပေးနေပါပြီ။ ဝင်ယူရရှိနိုင်တဲ့ Item တွေထဲမှာတော့ FORTNITE ဆော့ကစားသူတွေအတွက် Guff Grindle Outfit, PUBG: BATTLEGROUNDS ဆော့ကစားသူတွေအတွက် ဇန်နဝါရီလ ၅ ရက်နေ့အထိ PUBG Founder’s Packk ကိုအခမဲ့ရယူနိုင်မှာ ဖြစ်ပါတယ်။

Image: Epic Games Store

ဒါ့အပြင် Warframe ဆော့ကစားသူတွေအနေနဲ့လည်း သုံးရက်တာ Affinity Booster, Hek Weapon + Slot နဲ့ Tenno Color Palette ကို အခမဲ့ရယူနိုင်မှာ ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးဂိမ်းတစ်ခုဖြစ်တဲ့ Fall Guys ဆော့ကစားသူတွေ အနေနဲ့လည်း Snowberry Costume ကိုလည်း Epic Games Store မှာ အခမဲ့ရယူနိုင်ပြီ ဖြစ်ပါတယ်။ 

Image: Epic Games Store

ပုံမှန် အခမဲ့ပေးနေတဲ့ ဂိမ်းတွေထဲမှာလည်း Indie, Open World, Adventure ဂိမ်းတွေကို ကြိုက် နှစ်သက်သူတို့အတွက် Stable ဆိုတဲ့ဂိမ်းလေးကိုလည်း အခမဲ့ပေးထားပါသေးတယ်။ ဂိမ်းတန်ဖိုးအနေနဲ့ $9.99 တန်ဖိုးရှိပြီး 100% အခမဲ့ပေးနေတာဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ Open World ကြီးမှာ Single Player အနေနဲ့ ဆော့ကစားရမှာပါ။ Controller လည်း Support ပေးထားသလို ဆော့ကစားဖို့လည်း recommend ပြုလုပ်ထားပါသေးတယ်။

Image: Epic Games Store

Epic Games Store ဟာ အခကြေးငွေပေးပြီးဆော့ကစားရတဲ့ ဂိမ်းတွေကို အခမဲ့အနေနဲ့ သတ်မှတ်ကာလ အတွင်းပေးတာဖြစ်တဲ့အတွက် မတူညီတဲ့ဈေးတွေနဲ့ ဂိမ်းတွေကို အခမဲ့ပေးလေ့ရှိပါတယ်။ ခရစ်စမတ်နီးနေတဲ့ ဒီလိုကာလကြီးမှာလည်း အခမဲ့အနေနဲ့ အချိန် Countdown တစ်ခုသတ်မှတ်ပြီး Mystery Game တစ်ခုကို ဖော်ပြပေးထားပါတယ်။ သတ်မှတ်အချိန်အတွင်းမှာပဲ တွေ့ရမှာ ဖြစ်တဲ့အတွက် ဘယ်ဂိမ်းဖြစ်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

Image: Epic Games Store

ဒီဇင်ဘာလ ၁၅ ရက်နေ့ကနေ ၂၀၂၃ ဇန်နဝါရီလ ၅ ရက်နေ့အထိ Epic Games Store မှာ အခမဲ့ဂိမ်းတွေအပါအဝင် ဂိမ်းဝယ်ယူသူတွေအနေနဲ့ Holiday Coupons တွေကို အခမဲ့ရရှိဦးမှာ ဖြစ်ပါတယ်။ ဒီ Coupon တွေဟာ $14.99 နဲ့အထက် ဂိမ်းဝယ်ယူမှုတွေအတွက် 25% လျှော့ချပေးမယ့် Coupon တွေပဲ ဖြစ်ပါတယ်။ သိမ်းထားပြီး မသုံးဖြစ်တဲ့သူတွေအတွက်ကတော့ Holiday Coupon တွေဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ မှာ သက်တမ်း ကုန်ဆုံးသွားမယ်လို့လည်း သိရပါတယ်။