ဆရာဝန်တွေရဲ့ လက်ရေးဆေးစာတွေကို ဖတ်နိုင်တော့မယ့် Google

ဆရာဝန်အများစု ဆေးစာရေးပေးတဲ့အချိန်မျိုးမှာ ဆရာဝန်တွေရဲ့ လက်ရေးကို ဖတ်လို့မရတာ၊ နားမလည်တာ၊ ဆေးဝါးဆိုင်ရာနယ်ပယ်ကလူတွေလောက်ပဲ ဖတ်လို့နားလည်ကြတာကို သိဖူး၊ ကြုံဖူးကြမှာပါ။ မြန်မာနိုင်ငံ တင်မက နိုင်ငံတကာက ဆရာဝန်တော်တော်များများရဲ့ လက်ရေးတွေက ဒီလိုတွေကြီးပဲမလို့ လူနာတွေအနေနဲ့ နားလည်ဖို့မဖြစ်နိုင်ကြပါဘူး။

အခုအချိန်မှာတော့ Google ဟာ ဒီလိုဖတ်ဖို့အတွက် နားလည်ရခက်တဲ့စာတွေကို ဘာသာပြန်ပေးနိုင်မယ့်  AI စနစ် တစ်ခုကို ပြုလုပ်လိုက်ပြီပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ချက်ကြီးကို နှစ်စဉ်ပြုလုပ်တဲ့ Conference ပွဲကြီးမှာ မိတ်ဆက်ကြေငြာလိုက်တာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ချက်မျိုးနဲ့ဆိုရင် ဆေးဖက်ဆိုင်ရာ နယ်ပယ်က လူတွေ အနေနဲ့လည်း ဆရာဝန်တွေရဲ့ လက်ရေးကို နားလည်ရပိုပြီးလွယ်ကူလာစေမှာ ဖြစ်ပါတယ်။

Image: Google

အစီအစဉ်မကျ ဖတ်ရခက်တဲ့စာတွေကို ဘာသာပြန်ပေးနိုင်မယ့် လုပ်ဆောင်ချက်ဟာ စမ်းသပ်ဆဲ ကာလတစ်ခု မှာပဲ ရှိသေးပြီး Public ပြုလုပ်ဖို့အတွက်တော့ အဆင်သင့်မဖြစ်သေးပါဘူး။ အသုံးပြုသူတွေဟာ လက်ရေးစာကို ဓာတ်ပုံရိုက်ပြီး ထည့်သွင်းလိုက်တာနဲ့ စာထဲမှာရေးသားထားတဲ့ ဆေးတွေကို Highlight လုပ်ပြီး ဖော်ပြပေးမှာ ဖြစ်ပါတယ်။ Google အနေနဲ့လည်း ဒီ Conference ပွဲကြီးမှာ စမ်းသပ်ပြခဲ့ပါသေးတယ်။

Google အနေနဲ့ အိန္ဒိယနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ နှစ်စဉ် Conference ပွဲပြီးမှာ ဒါဇင်နဲ့ချီတဲ့ Development အသစ်တွေကို မိတ်ဆက်ပြသခဲ့ပါတယ်။ အရှေ့တောင်အာရှအတွင်း အိန္ဒိယမှာ Google အတွက်အကြီးမားဆုံး ဈေးကွက်ကြီးတစ်ခု ဖြစ်တဲ့အတွက် နည်းပညာသစ်တွေနဲ့ နားလည်ရခက်တဲ့ဆေးစာတွေကို ဘာသာပြန်ပေးနိုင်မယ့် AI စနစ်ကိုလည်း အိန္ဒိယဘာသာစကားအတွက်ပါ ထည့်သွင်းပေးဖို့အတွက် ရှိနေပါတယ်။