ပရူဒန်ရှယ်အာမခံက ငွေကြေးစုဆောင်းပြီး ဘဝရည်မှန်းချက် ပန်းတိုင်များကို ရယူနိုင်ရန်လူအများအား ကူညီပေးမည့် အသက်အာမခံအစီအစဉ်သစ်တစ်ခု စတင်မိတ်ဆက်

Prudential Myanmar Life Insurance Limited (ပရူဒန်ရှယ်အာမခံ) က အသက်အာမခံအကာအကွယ်နှင့် ငွေစုအစီအစဉ် ပေါင်းစပ်ထားသည့် PRUSaver အသက်အာမခံတစ်ခုကို မိတ်ဆက်လိုက်ပြီး ဘဝရည်မှန်းချက်ပန်းတိုင်များကို ရယူနိုင်ရန် လူအများအား ကူညီပေးသွားမည်ဖြစ်သည်။

PRUSaver အာမခံအစီအစဉ် အမျိုးမျိုးဖြင့် မင်္ဂလာပွဲ ကျင်းပရန်၊ ကလေးယူရန်၊ အိမ်ပြင်ရန်ကဲ့သို့ အနာဂတ် ဘဝမှတ်တိုင်များ (သို့မဟုတ်) စိတ်ကူးထားသော ကားဝယ်ယူရန်၊ အိမ်ဝယ်ရန်၊ ချစ်ခင်ရသူများနှင့် ခရီးထွက်ရန်ကဲ့သို့ အရေးပါသော ဝယ်ယူအသုံးပြုမှုများအတွက် ငွေကြေး စတင်စုဆောင်းနိုင်မည် ဖြစ်ပါသည်။ Customer များအနေဖြင့် မိမိတို့၏ စုဆောင်းငွေ လိုအပ်ချက်များအရ အာမခံပေါ်လစီသက်တမ်း ၅ နှစ်၊ ၇ နှစ် (သို့မဟုတ်) ၁၀ နှစ်အတွင်း အနည်းဆုံး ငွေကျပ် ဆယ်သိန်း (မြန်မာငွေ ၁,၀၀၀,၀၀၀) မှစတင်ပြီး အများဆုံး ငွေကျပ် သိန်း ၅၀၀ (မြန်မာငွေ ၅၀,၀၀၀,၀၀၀) အထိ စုဆောင်းနိုင်ပါသည်။ 

Photo Source https://www.prudential.com.mm/en/

စုဆောင်းငွေများကိုလည်း တစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ် (သို့မဟုတ်) တစ်နှစ်တစ်ကြိမ် စသည်ဖြင့် customer များ နှစ်သက်သလို စုဆောင်းထားနိုင်မည် ဖြစ်ပါသည်။ အာမခံပေါ်လစီသက်တမ်း ကုန်ဆုံးချိန်တွင် စုစုပေါင်း အာမခံထားငွေ (သို့မဟုတ်) စုငွေပမာဏကို တစ်ခါတည်း အပြည့်အဝ ထုတ်ပေးသွားမည် ဖြစ်သည်။ PRUSaver customer များသည် အာမခံပေါ်လစီသက်တမ်းအတွင်း အသက်အာမခံ အကာအကွယ်ကိုလည်း ရရှိနိုင်ကြမည် ဖြစ်ပါသည်။

ပရူဒန်ရှယ်အာမခံ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးနိုင်အေးလင်း က “ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှု အသုံးပြုတွေဆီကရတဲ့ လေ့လာတွေ့ရှိချက်တွေအရ လူတွေရဲ့ ဘဝခရီးတစ်လျှောက်မှာ အထောက်အပံ့ကောင်း ဖြစ်စေဖို့ဆိုရင် ကာလတို စုငွေဝန်ဆောင်မှု ထုတ်ကုန်တွေကို အသက်အာမခံနဲ့ တွဲဖက်ပေးထားတာက လိုက်ဖက်မှု အရှိဆုံးဆိုတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံက ပြည်သူတွေအတွက် ဘဝကို အကောင်းဆုံး ဖြတ်သန်းနိုင်အောင် ကူညီပေးဖို့ဆိုတဲ့ ပရူဒန်ရှယ်အာမခံရဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့ ထပ်ပြီး နီးကပ်သွားစေမယ့် PRUSaver ကို မိတ်ဆက်ပေးလိုက်နိုင်တဲ့အတွက် ပျော်ရွှင်ဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ customer တွေရဲ့ ဘဝရည်မှန်းချက် ပန်းတိုင်တွေကို ရယူနိုင်အောင် ကူညီပေးနေရင်းက အနာဂတ် ငွေရေးကြေးရေးအတွက် စိတ်ချရစေဖို့ အသက်အာမခံ အကာအကွယ်ကိုပါ တစ်ချိန်တည်းမှာ ရရှိနိုင်အောင် ပံ့ပိုးပေးသွားမှာပါ” ဟု ပြောသည်။

ငွေကြေးစုဆောင်းခြင်းသည် ဘဝတွင် တွေ့ကြုံလာရမည့် အတားအဆီးများကို ကျော်လွှားနိုင်ရန် ကူညီပေးရာတွင် ထိရောက်သည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ထိုထက်ပို၍ အရေးကြီးသည်မှာ ငွေကြေးစုဆောင်းခြင်းသည် တစ်ဦးတစ်ယောက်ချင်းစီ၏ ဘဝတွင် အရေးပါသော မှတ်တိုင်များအတွက် ပြင်ဆင်ထားနိုင်ရန်အပြင် မိမိတို့ ရင်သွေးများ၏ နောင်ရေးအတွက် စုဆောင်းငွေ ထားရှိရန်အတွက်ပါ ပံ့ပိုးပေးနိုင်မည် ဖြစ်သည်။ ပရူဒန်ရှယ်အာမခံ ဝက်ဘ်ဆိုက်တွင် မိမိတို့၏ ဘဝရည်မှန်းချက် ပန်းတိုင်အလိုက် စုဆောင်းရန် လိုအပ်သည့် ငွေပမာဏကို ကူညီတွက်ချက်ပေးနိုင်သော calculator နည်းပညာကိရိယာတစ်ခုကို ပေးအပ်ထားပါသည်။

ပေါ်လစီကိုင်ဆောင်ထားသူသည် သေဆုံးခြင်း (သို့မဟုတ်) လုံးဝနှင့် ထာဝစဉ် မသန်စွမ်းဖြစ်ခြင်းကဲ့သို့သော မျှော်လင့်မထားသည့် ဖြစ်ရပ်များ တွေ့ကြုံခဲ့ပါက ပေါ်လစီ၏ အကျိုးခံစားခွင့် ရရှိသူမှာ စုဆောင်းငွေများကို တစ်ခါတည်း အပြည့်အဝ ရယူနိုင်ပါသည်။ ထို့ကြောင့် ပေါ်လစီကိုင်ဆောင်ထားသူမှာ အာမခံပေါ်လစီသက်တမ်း ပြည့်သည်အထိ မစုဆောင်းနိုင်ခဲ့သည့်တိုင် ပေါ်လစီကိုင်ဆောင်ထားသူ၏ ချစ်ခင်ရသူများမှာ စုဆောင်းရန် စီစဉ်ထားသော စုငွေများကို ရရှိနိုင်ရန် အာမခံချက်ရှိမည်ဖြစ်ပါသည်။

Photo Source https://www.prudential.com.mm/en/

PRUSaver အာမခံ ငွေပေးသွင်းမှုများမှာ အခွန်သက်သာခွင့် ရရှိနိုင်သောကြောင့် customer များမှာ အာမခံပေါ်လစီ သက်တမ်းတစ်လျှောက် ငွေကြေး ပိုမို စုဆောင်းနိုင်မည် ဖြစ်သည်။ အခွန်သက်သာခွင့်အကြောင်း အသေးစိတ် သိရှိလိုပါက ပရူဒန်ရှယ်အာမခံဝက်ဘ်ဆိုက်ရှိ အခွန် calculator နည်းပညာကိရိယာကို အသုံးပြုနိုင်မည် ဖြစ်ပါသည်။

PRUSaver စတင်မိတ်ဆက်မှုအား ပိုမိုသိရှိလာကြစေရန် ပရူဒန်ရှယ်အာမခံ၏ ဆိုရှယ်မီဒီယာ ချန်နယ်လ်များနှင့် အခြားဒစ်ဂျစ်တယ် ပလက်ဖောင်းများတွင် ဗီဒီယိုဇာတ်လမ်းတွဲတစ်ခုကို ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။ အဆိုပါ ဗီဒီယိုဇာတ်လမ်းတွဲတွင် ကိုယ်တိုင်နှင့် မိသားစုဝင်များအတွက် ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခု ရယူနိုင်ရန် ငွေစတင်စုဆောင်းရမည့်အချိန်မှာ စောနေသေးသည်ဟု မရှိသည့်အကြောင်း သတင်းစကားကို မျှဝေပေးသွားမည် ဖြစ်သည်။

PRUSaver အသက်အာမခံ အကာအကွယ်နှင့် ငွေစုအစီအစဉ်များအကြောင်း ပိုမိုသိရှိလိုပါက https://www.prudential.com.mm/en/all-products/prusaver/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။