Prudential Myanmar မှ COVID-19 ဆိုင်ရာ အပိုဆောင်းအာမခံ အကာအကွယ်ကို အခမဲ့ ထောက်ပံ့ပေးအပ်သွားမည်

အာရှိထိပ်တန်း အသက်အာမခံလုပ်ငန်းကြီးဖြစ်သည့် Prudential Corporation Asia လက်အောက်ရှိ အပိုင်လုပ်ငန်းခွဲဖြစ်သော Prudential Myanmar Life Insurance Limited မှ လက်ရှိဖြစ်ပွားလျက်ရှိသည့် COVID-19 ကူးစက်ရော အခြေအနေအရ ၎င်း၏ အာမခံဝန်ဆောင်မှုရယူထားသူများ အားလုံးကို ဗိုင်းရပ်စ်မှတစ်ဆင့် ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ်များကို ရင်ဆိုင်နိုင်ရန် COVID-19 ဆိုင်ရာ အပိုဆောင်း အာမခံအကာအကွယ်ကို အခမဲ့ ထောက်ပံ့ပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။
ယနေ့အသက်အာမခံဝန်ဆောင်မှု ရယူထားသူ မည်သူမဆို COVID-19 မတော်တဆကူးစက်ခံရသည် ဖြစ်စေ၊ ကူးစက်ခံရမှု ကြောင့် အသက်ဆုံးရှုံးသည် ဖြစ်စေ Prudential Myanmar မှ ထပ်ဆောင်းအကျိုးခံစားခွင့်ကို တစ်ပေါင်းတည်း ပေးအပ်သွားမည်လည်းဖြစ်သည်။
ကျန်းမာရေးနှင့် ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ဒေသတွင်း ဈေးကွက်ဦးဆောင်သူနှင့် ရေရှည်ယုံကြည်စိတ်ချရသော အာမခံလုပ်ငန်းတစ်ခုဖြစ်သည့် Prudentialသည် မြန်မာနိုင်ငံရှိ ပြည်သူများ၏ ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်ပေးရန် ကတိကဝတ်ပြုထားပြီး ဖြစ်ပါသည်။ Prudential ၏ “ဒို့တွေတကယ်လက်တွေ့လုပ်ကြတယ်” ဟူသည့် အရင်းခံစိတ်ထားနှင့်အညီ ယခုကဲ့သလို့ ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံမှု အတွက်မသေချာမရေရာသည့် အချိန်တွင် ကုမ္ပဏီမှ အာမခံဝန်ဆောင်မှု ရယူထားသူများအတွက် ပိုမိုအားထားနိုင်မည့် အာမခံချက်နှင့် အထောက်အပံ့များ တိုးမြှင့်ပေအပ်လိုက်ခြင်းလည်းဖြစ်သည်။

Photo Source http://www.facebook.com/PrudentialMyanmarLifeInsurance

ဤအပိုဆောင်း အာမခံအကာအကွယ် အစီအစဉ်ကို အသက်အာမခံရယူထားသူ မည်သူမဆို အလိုအလျောက် ရရှိမည် ဖြစ်ပြီး ၂၀၂၀ ခုနှဏ်၊ ဇူလိုင်လ ၁၁ရက်နေ့ မတိုင်မီ (သို့မဟုတ်) နောက်ဆုံးထား၍ အသက်အာမခံ အတည်ပြု ရယူထားသူ ဖြစ်ရမယ်။ ယခု COVID-19 အာမခံကာကွယ်မှု အထူးအစီအစဉ်ကို အာမခံစတင် အသက်ဝင်သည့်နေ့မှ ရက်ပေါင်း ၉၀ အကျိုးခံစားရရှိမည် ဖြစ်သည်။ ရောဂါလက္ခဏာအတွက် အကျိုးခံစားခွင့် အဖြစ် အာမခံထားသူသည် COVID-19 ၏ ရောဂါလက္ခဏာ တွေ့ရှိကြောင်းကို စစ်ဆေးအတည်ပြုခဲ့ပါက ကျွန်ုပ်တို့အနေဖြင့် အာမခံထားငွေ၏ ၁၀% ကို ထုတ်ပေးမည်ဖြစ်ပြီး အများဆုံး ၅ သိန်းအထိ အကျိုးခံစားခွင့်ရှိပါသည်။ အသက်သေဆုံးြခ်ငးအတွက် အကျိုးခံစားခွင့်အတွက် အာမခံထားသူသည် COVID-19 ကပ်ရောဂါကြောင့် သေဆုံးခဲ့ပါက ကျွန်ုပ်တို့အနေဖြင့် အာမခံထားငွေ၏ ထပ်ဆောင်း ၁၀၀% ကိုထုတ်ပေးမည်ဖြစ်ပြီး အများဆုံး သိန်း ၅၀ အထိ အကျိုးခံစားခွင့်ရှိပါသည်။
“ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ရောဂါ အဆက်မပြတ်ဖြစ်ပွားနေမှုကြောင့် မြန်မာနိုင်ငံရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်း ရပ်တည်မှုတွေမှာ ကြီးမားတဲ့ ထိခိုက်မှုတွေ ရှိခဲ့ပါသည်။ ကျန်းမာရေးကာကွယ်စောင့်ရှောက်မှု အရေးပေါ်လိုအပ်နေတဲ့ အခြေအနေမှာ ကျွန်တော်တို့ရဲ့ အာမခံဝန်ဆောင်မှဒ ရယူသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ကျန်းမာရေးနဲ့ ငွေရေးကြေးရေးအတွက် စိတ်ချရအောင် ထိန်းသိမ်းကာကွယ်ပေးသွားဖို့ ဆက်ပြီး အလေးထားဆောင်ရွက်သွားမယ်ဆိုတာကို စိတ်ချထားစေချင်ပါတယ်။ ကျွန်တော်တို့ရဲ့ အခမဲ့ COVID-19 အာမခံအကာအကွယ်က အခုလို ကူးူစက်ရောဂါကြီးကို အတူတကွ ရင်ဆိုင်တွန်းလှန်နေရတဲ့ အချိန်မှာ စိတ်ချလုံခြုံမှု ပေးစွမ်းနိုင်ဖို့ ရည်ရွယ်ပါတယ်”ဟု Prudential Myanmar ၏ CEO ဖြစ်သူ Mr. AsitRath က ပြောကြားသည်။
“Prudiential Myanmar ကအခုလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ပြည်သူတွေအတွက် အသင့်ရှိနေပါတယ်။ အထူးသဖြင့် ကူးစက်ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရာမှာ တတ်စွမ်းသရွေ့ပါဝင်ဆောင်ရွက်ပေးနေသူတွေကိုလည်း အထူးအသိအမှတ်ပြု ဂုဏ်ပြုပါတယ်။ မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဝန်ထမ်းတွေအပါအဝင် ရှေ့တန်းကနေ လက်တွေ့လုပ်ကိုင်နေကြရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ကျွန်တော်တို့ရဲ့ စုပေါင်းအားနဲ့ မြန်မာနိုင်ငံဟာ လက်ရှိခက်ခဲနေတဲ့ အခြေအနေကို အမြန်ဆုံး ကျော်လွှားနိုင်ပြီး အရင်ကထက် ပိုအားကောင်းလာမှာပါ” ဟု ၎င်းကထပ်မံ ဖြည့်စွက်ပြောကြားသည်။

Photo Source http://www.facebook.com/PrudentialMyanmarLifeInsurance

Prudential သည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပေးအပ်သော နိုင်ငံခြားသား ရာနှုန်းပြည့်ပိုင်ဆိုင်သည့် အသက်အာမခံလုပ်ငန်းများ လုပ်ကိုင်နိုင်မည့် လုပ်ငန်းလိုင်စင်ကို လက်ခံ ရရှိခဲ့ပါသည်။ Prudential Myanmar အနေဖြင့် လွယ်ကူရိုးရှင်းသည့် အာမခံအကာအကွယ်အမျိုးအစားများကို ပေးအပ်မည်ဖြစ်ပြီး အာမခံဝယ်ယူထားသူများ၏ ငွေကြေးဆိုင်ရာ ရည်မှန်းချက်များ ပြည့်မြောက်စေရန် ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်သည်။
PRUGroup Life အာမခံသည် ကုမ္ပဏီများနှင့် အဖွဲ့အစည်းများအတွက် စုပေါင်းအသက်အာမခံ အစီအစဉ်တစ်ခု ဖြစ်သည်။ အဆိုပါ အစီအစဉ်သည် ပါဝင်သည့် မည်သည့်ဝန်ထမ်းမဆို သေဆုံးခြင်း၊ လုံးဝနှင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း (သို့မဟုတ်) မသန်စွမ်းဖြစ်ခြင်းကြောင့် ဖြစ်လာနိုငသော ငွေကြေးဆုံးရှုံးမှုတို့မှ ထိန်းသိမ်းကာကွယ်မှုကို ရရှိမည်ဖြစ်သည်။ PRUGoup Life အာမခံကို သက်တမ်း (၁) နှစ် ပေးအပ်ထားပြီဂ အာမခံထားငွေ စုစုပေါင်း၏ (၁%) ကိုသာ ပရီမီယံကြေးအဖြစ် ကောက်ခံပါသည်။ အဆိုပါ အစီအစဉ်တွင် ရရှိနိုင်သော အကျိုးခံစားခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်။
– သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်
– လုံးဝနှင့် ထာဝစဉ် မသန်စွမ်းဖြစ်ခြင်းအတွက် အကျိုးခံစားခွင့်
– ဒဏ်ရာရရှိခြင်းအတွက် အကျိုးခံစားခွင့်
PRUGoup Life ဖြင့် အလုပ်ရှင်များမှာ ဝန်ထမ်းများအတွက် အရေးကြီးသည့် အသက်အာမခံပေးအပ်ထားနိုင်မည်ဖြစ်ပြီး ရေရှည်လုပ်ကိုင်စေရန် ထိန်းသိမ်းရာတွင် အထောက်အကူဖြစ်စေပါသည်။ ထို့အပြင် အစီအစဉ်အတွင်း ပါဝင်သော ဝန်ထမ်းများမှာလည်း မိမိတို့၏ မိသားစုဝင်များနှင့် မှီခိုသူများအတွက် ငွေကြေးဆိုင်ရာ စိတ်ချလုံခြုံမှု ရှိစေမည် ဖြစ်သည်။
Prudential Myanmar ၏ သက်တမ်း (၁) နှစ်ရှိသည့် တစ်ဦးချင်းအတွက် အသက်အာမခံအမျိုးအစားတစ်ခု ဖြစ်သောာ PRUTermမှာ အာမခံထားသူများတွင် သေဆုံးခြင်း၊ လုံးဝနှင့် ထာဝစဉ် မသန်စွမ်းဖြစ်ခြင်း (သို့မဟုတ်) မသန်စွမ်းဖြစ်ခြင်းတို့ကြောင့် ဖြစ်လာနိုင်သော ငွေကြေးဆုံးရှုံးမှုတို့မှ ထိန်းသိမ်းကာကွယ်ပေးမည်ဖြစ်သည်။ အဆိုပါအာမခံအကာအကွယ်မှဒ မိမိရွေးချယ်ထားသည့် အာမခံထားငွေ ပမ)ဏ၏ (၁%) သာ ပရီမီယံကြေးအဖြစ် ကောက်ခံသွားမည်ဖြစ်ပြီး ပေါ်လစီဝယ်ယူသူမှာ ကျန်းမာရေးစစ်ဆေးမှုတစ်ခုခု ပြုလုပ်ရန် မလိုအပ်ပါ။ အဆိုပါ အစီအစဉ်တွင် ရရှိနိုင်သော အကျိုးခံစားခွင့်များမှာ အောက်ပါအတိုင်ဖြစ်သည်။
– သေဆုံးမှုအတွက် အကျိုးခံစားခွင့်
– လုံးဝနှင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းအတွက် အကျိုးခံစားခွင့်
– မတော်တဆ ထိခိုက်ဒဏ်ရာဖြစ်ခြင်းအတွက် အကျိးခံစားခွင့်
– မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းအတွက် ဆေးရုံတက်ရခြင်းအတွက် အကျိုးခံစားခွင့်
အထက်ပါအသက်အာမခံ အကာအကွယ်များနှင့် COVID-19 အခမဲ့ အကာအကွယ် အစီအစဉ်အတွက် အသေးသစိတ်ထပ်မံသိရှိလိုပါက အောက်ပါ Link များတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

http://www.prudential.com.mm/en/products

http://www.facebook.com/PrudentialMyanmarLifeInsurance