စားသောက်ဆိုင် Discount တွေကိုမပြတ်တမ်းရယူနိုင်မယ့် Resdi

အစားအသောက်ကြိုက်နှစ်သက်သူများဟာ ထွက်သမျှအသစ်အဆန်းဆို စမ်းကြည့်လိုကြတာ ဒါမှမဟုတ် ကြိုက်နှစ်သက်တဲ့ အစားအသောက်တွေကို ထပ်ခါထပ်ခါစားချင်ကြလိုတာ သဘာဝပါ။ မိမိစမ်းစားကြည့်ချင်တဲ့အစားအသောက်တွေက ဈေးကြီးလို့ စမ်းစားကြည့်ဖို့လက်တွန့်နေလား။ ဒါမှမဟုတ် စားချင်တာတွေကအများကြီးမို့ ဈေးတွေအများကြီးကျသွားမှာစိုးရိမ်နေရလား။ ဒီလိုဆိုရင် စားသမျှ အစားအသောက်တိုင်းအတွက် ကုန်ကျစရိတ်အပြည့်ပေးစရာမလိုတော့တဲ့ Resdi ရှိနေပါတယ်။

Photo Source- https://www.google.com/search?q=Resdi&source=lnms&tbm=isch&sa=X&ved=0ahUKEwi9lY7Yi8XhAhWBurwKHevDAXgQ_AUIDygC&biw=1280&bih=578#imgrc=GpJz2qno9As1qM:

Resdi နဲ့ Booking တင်ပြီးမှ သွားရောက်စားသောက်မယ်ဆိုရင်တော့ တစ်ခြားဘယ်မှာမှ မရနိုင်တဲ့ Discount တွေကိုရရှိနိုင်မှာဖြစ်ပါတယ်။ Resdi မှာသူများနဲ့မတူတဲ့ ပရိုမိုးရှင်းပုံံကတော့ Discountတွေဟာ အချိန်နဲ့လိုက်ပြီး ပြောင်းလဲနေတာပဲဖြစ်ပါတယ်။ဥပမာ သင်က ညနေပိုင်းသွားစားမှာဆိုရင် ၂၀ ရာခိုင်နှုန်းသာ ရရှိမှာဖြစ်ပင်မဲ့ အဲ့ထက်နည်းနည်းလေးစောပြီး နေ့လယ်လောက်မှာသွားစားမယ်ဆိုရင်တော့ ၄၀ရာခိုင်နှန်းအထိ ရရှိသွားနိုင်တဲ့ Discount တွေဖြစ်ပါတယ်။ အချိန်တွေနဲ့တကွ Discount ရမယ့် ရာခိုင်နှုန်းတွေကိုဖော်ပြသွားတာမို့ ကိုယ်သွားစားမယ့်အချိန်မှာဆို Discount Percent ဘယ်လောက်ရမလဲသိချင်လား ဒါမှမဟုတ် Discount အများဆုံးရမယ့် အချိန်တွေကိုရွေးပြီး သွားစားလိုလား နှစ်ခုစလုံးအတွက် အဆင်ပြေပါတယ်။ ရရှိမယ့် Discount ရာခိုင်နှုန်းတွေကို တစ်ခါထဲ ဈေးနဲ့ Application မှာတွက်ချက်ပြီး ပြသပေးထားမို့ သင်သွားမစားခင်ထဲက ကျသင့်ငွေကိုကြိုတင်တွက်ချက်နိုင်မှာပါ။ မီနူးတစ်ခုချင်းစီလိုက်ကို ဈေးသိနိုင်တာမို့ အလွန်အသုံးဝင်ပါတယ်။

Photo Source- https://bit.ly/2P1D96m

Discount တွေကိုအချိန်မှီရယူပြီး သွားစားတဲ့အခါ နေရာမရတာမျိုးမဖြစ်လိုက်ရလေအောင် တစ်ခါထဲဘိုကင်ပြုလုပ်ထားလို့ရပါတယ်။ ကြိုတင်ဘိုကင်တင်ထားမှ Discountရမှာဖြစ်တာကြောင့် ကြိုတင်ဘိုကင်တင်ထားဖို့လိုအပ်ပါတယ်။ ဘိုကင်ပြုလုပ်ခြင်းက အင်မတန်ရိုးရှင်းပါတယ်။ အဆင့်(၁) သွားစားမယ့်စားသောက်ဆိုင်ကိုရွေး Booking Detail မှာ သွားမယ့်သူအရည်အတွက်နဲ့ သွားမယ့်နေ့နဲ့ အချိန်ကိုရွေးပြီး Next ကိုနှိပ်ရပါမယ်။ အဆင့်(၂) မှာတော့ နာမည်နဲ့ဖုန်းနံပါတ်ကိုဖြည့်ကာ Confirm Reservation ကို နှိပ်လိုက်ရင်တော့ Booking တင်ခြင်းကအဆင့်ကမျက်စိတစ်မှိတ်ထဲမှာပဲ ပြီးမြောက်သွားပြီဖြစ်ပါတယ်။

Photo Source- https://www.facebook.com/resdiapp/photos/a.1083910965106617/1085779874919726/?type=3&theater

ရိုးရိုးရှင်းရှင်းလေးနဲ့ပဲ သုံးရလွယ်ကူပြီး အဆင်ပြေသက်သာစေကာ မလွတ်တမ်း Discount တွေကိုရရှိနိုင်တာမို့ အစားတစ်လိုင်းတို့အတွက် တစ်ခုစားမယ့်နေရာမှာ နှစ်ခုစားနိုင်ပြီး ပိုက်ဆံလဲခြွေတာရာရောက်တာပေါ့။ အပတ်စဉ်Discount တွေကိုစောင့်ကြည့်ရင်း သူငယ်ချင်းတွေ မိသားစုတွေနဲ့ အားလပ်ရက်တွေမှာ သွားစားနိုင်ဖို့ အတွက် စားသောက်ဆိုင်ကောင်းကောင်းတွေကို ရွေးချယ်လို့ရနေပါပြီ။ Discount ကြိုက်နှစ်သူတွေ အစားအသောက်ချစ်မြတ်နိုးသူတွေအတွက် Resdi ကသင့်ကို Discount တွေယူဆောင်လာပေးမှာပါ။Download Link

Android – https://play.google.com/store/apps/details…

IOS – https://itunes.apple.com/us/app/resdi/id1444825771

Web – https://booking.resdi.app/#/