သွေးအလှူရှင်ရှာဖွေနေသူတွေနဲ့ သွေးလှူဒါန်းချင်သူများအတွက် Myanmar Blood Application

ကိုယ်နေထိုင်ရာ လူမှုပတ်ဝန်းကျင်မှာ ကျန်းမာရေးအခြေအနေအရ အရေးပေါ်သွေးလိုအပ်နေလို့ အလှူရှင်ရှာဖွေနေတဲ့သူ တွေကို မကြာခဏဆိုသလို တွေ့ဖူးကြမှာပါ။ ကိုယ့်မိသားစုဝင်တစ်ယောက်ဖြစ်ဖြစ်၊ အသိမိတ်ဆွေတစ်ယောက်ယောက်ဖြစ် ဖြစ်အရေးပေါ်သွေးလိုအပ်လာတဲ့အခါ လိုအပ်တဲ့သွေးနဲ့ သွေးအလှူရှင်ရှာရတာအင်မတန်ခက်ခဲပါတယ်။ တကယ်လို့ သွေး အလှူရှင်ရှိနေတာတောင်မှ သွေးအမျိုးအစားမတူလို့၊ ဆေးစစ်တာမအောင်မြင်ပြန်ရင်လည်း အချိန်ပိုကြန့်ကြာနေတတ်သလို လူနာအတွက်လည်း ဒုက္ခများစေပါတယ်။

Photo Source- https://bit.ly/2UJmMAG

Myanmar Blood Mobile Application ကတော့ သွေးအလှူရှင်နဲ့ သွေးလိုအပ်နေသူတွေကြားထဲမှာ အချိန်တိုတိုအတွင်းနဲ့ အမြန်ဆုံးချိန်ဆက်ဆောင်ရွက်ပေးနိုင်တဲ့ Mobile Application တစ်ခုဖြစ်ပြီး သွေးလိုအပ်နေတဲ့သူတွေ၊ သွေးလှူဒါန်းချင်သူ တွေအတွက် ဆောင်ထားသင့်ပြီးအသုံးဝင်တဲ့ Application တစ်ခုဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာ Myanmar Blood Mobile Application ကိုသိရှိလို့သုံးစွဲတဲ့သူတွေရှိသလို မသိသေးတဲ့သူတွေအတွက်လည်း အသုံးပြုရလွယ်ကူစေရန်နဲ့ သုံးစွဲရပုံအ ဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။

Photo Source- Screenshot by Myanmar Tech Press

Myanmar Blood Application အသုံးပြုပုံ
အရင်ဆုံး Myanmar Blood Application ကို Play Store မှာဝင် ရောက် Install ပြုလုပ်ပါ။ Application ကိုစတင်ဖွင့်လိုက်တာနဲ့ သင်လိုအပ်နေတဲ့သွေးကို ဤနေရာတွင်ရှာဖွေပါဆိုသည့် စာသားကိုမြင်ရပြီး မိမိလိုချင်တဲ့သွေးအ မျိုးအစားကို ရွေးချယ်လိုက်ပါ။

Photo Source- Screenshot by Myanmar Tech Press

တည်နေရာကို ရွေးချယ်ရှာဖွေရန်နေရာကို နိုပ်ပြီး Location ကိုဖွင့်လိုက်တာနဲ့ မိမိတည်ရှိရာ နေရာနဲ့အနီးဆုံးမှာရှိတဲ့ သွေးအလှူရှင်တွေနာမည်နဲ့ ဖုန်းနံပါတ်တွေကို မြင်တွေ့ရမှာပါ။

Photo Source- Screenshot by Myanmar Tech Press

သွေးအလှူရှင်ဆီ ဖုန်းဆက်ပြီးတိုက်ရိုက်အကူအညီတောင်းနိုင်သလို သွေးအလှူရှင်များအားလုံးကိုလည်း သွေးဆက်လက် လိုအပ်နေအုံးမည်ဆိုပါက အလှူရှင်များကိုအသိပေးရန်နေရာမှာ သွေးလိုအပ်နေသည့်တည်နေရာ၊ ဖုန်းနံပါတ်၊ အကြောင်းအ ရာတို့ကို ရေးသွားဖြည့်သွင်းပြီး သွေးအလှူရှင်များမြင်တွေ့အောင် ပေးပို့ထားနိုင်ပါတယ်။ သွေးအလှူရှင်ဘက်ကလည်း မိမိ ပို့ပေးထားတဲ့ အကြောင်းအရာကိုမြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။

Photo Source- Screenshot by Myanmar Tech Press

တချို့ကလည်း ကုသိုလ်ဖြစ်မိမိရဲ့သွေးကို အရေးပေါ်လိုအပ်သူတွေဆီကို လှူဒါန်းဖို့စိတ်အားထက်သန်ကြတဲ့ သူတွေလည်းရှိ ကြပါတယ်။ အဲ့ဒီအတွက် Myanmar Blood Application ထဲမှာ မိမိရဲ့ဖုန်းနံပါတ်နဲ့၊ သွေးအမျိုးအစား၊ နေထိုင်ရာမြို့နယ်ကို ထည့်သွင်းဖော်ပြပေးထားလို့ရပါတယ်။

Photo Source- Screenshot by Myanmar Tech Press

Facebook မှတဆင့်လည်း ဝင်ရောက်ပြီး ဖော်ပြပေးထားလို့ရပါတယ်။ အဲ့လိုဖော်ပြ ပေးထားတဲ့အတွက် အရေးပေါ်သွေးလိုအပ်တဲ့လူနာက မိမိနေထိုင်ရာမြို့နယ်နဲ့နီးတဲ့အခါ သွားရောက်လှူဒါန်းနိုင်မှာဖြစ်ပါ တယ်။ သွေးလိုအပ်တဲ့သူတွေပေးပို့ထားတဲ့ Notification တွေကိုလည်းမြင်တွေ့နိုင်ပါတယ်။Myanmar Blood Application ကနေတဆင့် Myanmar Blood Facebook Page ထဲသို့ဝင်ရောက်ကြည့်ရှုနိုင်သလို Application နဲ့ပတ်သက်သည့်အကြောင်းအရာများကိုလည်း အကြံပြုချက်ပေးပို့နိုင်ပါတယ်။
Myanmar Blood Application ကို IOS နဲ့ Android ဖုန်းများမှာအသုံးပြုနိုင်ပါတယ်။ အောက်ပါလင့်မှ ဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.yeminhtut.mmblood