e-Commerce Payment Platform For Digital Economy ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲကျင်းပ

e-Commerce Payment Platform For Digital Economy ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲအခမ်းအနားကို ၁၅.၃.၂၀၁၉ ရက် နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဒုတိယသမ္မတဦးမြင့်ဆွေတက်ရောက်အဖွင့်အမှာစကားပြောကြားရာတွင် e-Commerce Payment Platform For Digital Economy ဆွေးနွေးပွဲကျင်းပပြုလုပ်သည့်အတွက် နိုင်ငံတော်၏ ဘက်စုံကဏ္ဍစုံဖွံ့ဖြိုးတိုး တက်ရန် ကြိုးပမ်းရာတွင်အင်အားတစ်ရပ်ဖြစ်စေကြောင်း၊ Digital စီးပွားရေးကဏ္ဍသည်လည်း အမျိုးသားပို့ကုန်မဟာဗျူဟာ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် တွန်းအားအနေဖြင့်ပါဝင်ပါကြောင်းထည့်သွင်းပြောကြားခဲ့သည်။

Photo Source- https://www.facebook.com/UMFCCI/photos/a.397698120371034/1395417337265769/?type=3&theater

e-Commerce Payment Platform For Digital Economy ခေါင်းစဉ်ဖြင့်ဆွေးနွေးရာပြောကြားရာတွင်ပါဝင်သူများမှာ NETS Group ၏ CEO ဖြစ်သူ Mr.Jeffrey GOH၊ MCF & Central ၏ Vice President ဖြစ်သူ Dr.Tun Thura Thet၊ Thitsa Works Company ၏ CEO U Nyi Nyein Aye နှင့် Department of Trade မှ ဦးမျိုးခိုင်ဝင်း၊ Wave Money မှ Mr.Brad Jones၊ KBZ Pay မှ ဦးဇော်လင်းအောင်၊ MPU မှ ဦးဇော်လင်းထွဋ်၊ NETS(Singapore) မှ Mr.David Woo တို့ဖြစ်ကြသည်။

စင်ကာပူနိုင်ငံ NETS Group ၏ CEO ဖြစ်သူ Mr.Jeffrey GOH က စင်ကာပူနိုင်ငံ၏ ဒစ်ဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ အ တွေ့အကြုံများကိုမျှဝေခဲ့ရာ စင်ကာပူနိုင်ငံ၏ ငွေပေးချေမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ၊ စားသုံးသူများ၏ ငွေပေးချေမှု အပေါ်အမြင်များ၊ စင်ကာပူနိုင်ငံ၏ ငွေပေးချေမှုဆိုင်ရာ အဓိကအသုံးပြုမှုနည်းစနစ်များ၊ စင်ကာပူနိုင်ငံအနေဖြင့် ရှေ့ဆက် အသုံးပြုမည့် ငွေပေးချေမှုဆိုင်ရာ နည်းစနစ်များကို မျှဝေဆွေးနွေးပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန် လည်ဖြေကြားပေးသွားခဲ့သည်။
အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ဖွံ့ဖြိုးဖို့ကို Private Public Partnership ပူးပေါင်းဆောင် ရွက်ရန် အသင်းချုပ်မှဦးဆောင်၍ ၂၀၁၈ ခုနစ် E-COMMERCE လုပ်ငန်းအဖွဲ့ကိုဖွဲ့စည်းကာ ဆောင်ရွက်ခဲ့ပါကြောင်းပြော ကြားခဲ့ပါသည်။

Photo Source- https://www.facebook.com/UMFCCI/photos/a.397698120371034/1395416667265836/?type=3&theater

Myanmar Computer Federation ဒုတိယဥက္ကဋ္ဌနှင့်အသင်းချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာထွန်းသူရသက်မှ အွန်လိုင်းငွေပေးချေမှုကျင့်သုံးရာတွင် ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများကို Financial Institutionများ ပူးပေါင်းဆောင် ရွက်ရမည့်ကဏ္ဍနှင့် လုပ်ငန်းကဏ္ဍအားလုံးမှ ပူးပေါင်းဆောင်ရွက်ရမည့် ကဏ္ဍများကို ဆွေးနွေးခဲ့ပါသည်။
မြန်မာပြည်တွင် E-Commerce လွယ်ကူစွာ အသုံးပြုနိုင်ဖို့အတွက် အဆင့်များ များနေခြင်း၊ ဒစ်ဂျစ်တယ်နည်းပညာကို ပိုမိုသိဖို့လိုအပ်နေခြင်း၊ ဒစ်ဂျစ်တယ်လုံခြုံမှုနှင့် ဒစ်ဂျစ်တယ် ငွေပေးချေမှုအပေါ် ပြည်သူများ၏ယုံကြည်စိတ်ချရမှုများလိုအပ် ခြင်းတို့သည် စိန်ခေါ်မှုအနေဖြင့် ရှိနေခြင်းတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် Myanmar Qr Code Standard အကောင်အထည်ဖော်ရန်ရှိမှုများ၊ ငွေပေးချေမှုဆိုင်ရာ နည်းပညာများအဖြစ် ငွေကြေးအသုံးပြုရာကတဆင့် ကဒ်စနစ် မှတဆင့် Qrcode ၊ Biometric ၊ Smart Contract စသည့် အသုံးပြုမှုစနစ်အထိ နည်းပညာများ ထပ်မံတိုးတက်ရန်ရှိမှုများအကြောင်းကို ဒေါက်တာထွန်းသူရသက်မှ ဆွေးနွေးခဲ့သည်။

Photo Source- Myanmar Tech Press

E-Commerce Payment Platform များ ဖွံ့ဖြိုးလာနိုင်ရေးအတွက် လက်ရှိအခြေအနေများ၊ အခက်အခဲများနှင့်ရှေ့လုပ် ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည့် စကားဝိုင်းကို ဆက်လက်ကျင်းပခဲ့ရာ e-Commerce ငွေပေးချေမှု နည်းပညာတွင် အများပြည်သူအားလုံး ၁၀၀% ပါဝင်အသုံးပြုစေချင်ကြောင်း၊ ကွာဟမှုကိုဆန်းစစ်ရန် အရေးကြီးကြောင်း၊ ဒစ်ဂျစ်တယ်စီးပွား ရေးဆီအရောက်သွားရန်လိုအပ်နေသည့်အတွက် ဒစ်ဂျစ်တယ်နည်းပညာကို ပိုမိုသိရှိရန်လိုအပ်နေပါကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် လူဦးရေ သန်းငါးဆယ်ကျော်တွင် ဘဏ်အကောင့်ဖွင့်လှစ်သူမှာနည်းပါးနေဆဲဖြစ်ပြီး ငွေရေးကြေးရေး ဝန်ဆောင်မှုများကို အသုံးပြုသည်မှာ အားနည်းနေဆဲလည်းဖြစ်ကြောင်းသိရသည်။