Samsung မှ Official Mobile Partner အဖြစ် ဝင်ရောက်အားဖြည့်ခဲ့တဲ့ တက္ကသိုလ်ကျောင်းပေါင်းစုံပြိုင်ပွဲကြီး MESL University League 2024

တက္ကသိုလ်ကျောင်းပေါင်းစုံမှ Esports ဝါသနာရှင်တွေအတွက် MESL မှ ကြီးမှုးကျင်းပတဲ့ တက္ကသိုလ်ကျောင်းပေါင်းစုံပြိုင်ပွဲကြီး MESL University League 2024 ကို ဩဂုတ်လ ၃၁ ရက်နေ့နဲ့ စက်တင်ဘာလ ၁ ရက်နေ့တို့က သုဝဏ္ဏမိုးလုံလေလုံအားကစားရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Samsung Myanmar က Official Mobile Partner အနေနဲ့ ပူးပေါင်းပါဝင်အားဖြည့်ခဲ့တဲ့ MESL University League 2024 ပွဲကြီးကို နာမည်ကျော်အဆိုတော်များရဲ့ သီဆိုဖျော်ဖြေမှု၊ Fan Meeting၊ K-pop အကဖျော်ဖြေမှု၊ Prom Night အစီအစဥ် စသဖြင့် အစီအစဥ်ပေါင်းများစွာနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပနိုင်ခဲ့ပါတယ်။
Image: Samsung
အဓိက ပွဲအစီအစဥ်ဖြစ်တဲ့ မိုဘိုင်းဂိမ်းပြိုင်ဆိုင်ခြင်းအတွက် Samsung Myanmar မှ Official Mobile Partner အနေနဲ့ ပါဝင်အားဖြည့်ထားတာ ဖြစ်တဲ့အလျောက် ပြိုင်ပွဲဝင်များ အထစ်အငေါ့မရှိ ဂိမ်းဆော့ကစားနိုင်စေရန် နည်းပညာအဆင့်မြင့် Galaxy Z Fold6 နဲ့ Galaxy S24 Ultra မိုဘိုင်းဖုန်းများကို ထောက်ပံ့ပေးခဲ့ပါတယ်။ ဒါ့အပြင် Samsung Galaxy Gaming Academy (Campus Series) Booth မှာလည်း လာရောက်လည်ပတ်သူတွေ Galaxy AI နဲ့ မိုဘိုင်းဂိမ်းအတွေ့အကြုံတွေကို စမ်းသပ်နိုင်ရန်အတွက် Galaxy Z Fold6 နှင့် Z Flip6 တို့ကဲ့သို့ နောက်ဆုံးထွက် မိုဘိုင်းဖုန်းများကို စီစဥ်ပေးထားပြီး Booth သို့ လာရောက်လည်ပတ်သူများအတွက် အခြား ရင်ခုန်စိတ်လှုပ်ရှားဖွယ် အစီအစဥ်များကိုလည်း ဖန်တီးပေးထားပါတယ်။
Image: Samsung
မြန်ဆန်ချောမွေ့သည့် မိုဘိုင်းဂိမ်းဆော့ကစားခြင်းအတွေ့အကြုံကို ပေးအပ်နိုင်တဲ့ Galaxy Z Fold6၊ Z Flip6 ဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက Samsung Myanmar Showroom များတွင်ဖြစ်စေ၊ Samsung Myanmar Call Center ကိုဖြစ်စေ၊ Samsung Myanmar Social Media Platform များမှဖြစ်စေ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။