ဆန်းကြယ်မှုအပြည့်နဲ့ တွေ့မြင်ရတော့မယ့် Samsung ရဲ့ Galaxy Unpacked July 2023: Join the Flip Side

Samsung Electronics ရဲ့ Flip Side ကနေ ဆန်းကြယ်မှုတွေအပြည့်နဲ့ အရာတစ်ခုကို မိတ်ဆက်မယ့် Galaxy Unpacked ပွဲကြီးကို ကိုယ်ပိုင်ရိုးရာဓလေ့ ယဉ်ကျေးမှုတွေ၊ ကမ္ဘာတစ်ဝှမ်း လူကြိုက်အများဆုံး Trend အသစ်တွေ၊ နောက်ဆုံးပေါ် ဆန်းသစ်တီထွင်မှု အသစ်တွေနဲ ပြည့်နက်နေတဲ့ ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Image: Samsung

ပြုလုပ်ကျင်းပသွားမယ့် Samsung ရဲ့ Galaxy Unpacked July 2023: Join the Flip Side အခမ်းအနားကို ဇူလိုင်လ ၂၆ ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ ၅း၃၀ အချိန်မှာ Samsung Myanmar Facebook Page နဲ့ Samsung Myanmar YouTube Channel တို့မှာ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Image: Samsung

Samsung ရဲ့ Galaxy Unpacked July 2023: Join the Flip Side တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုဖို့အတွက် ကြိုတင် Register ပြုလုပ်ထားရုံနဲ့ စိတ်လှုပ်ရှားစရာ Lucky Draw ဆုလက်ဆောင်တွေဖြစ်တဲ့ ၅ သိန်းကျော် တန်ဖိုးရှိ Galaxy Buds2 Pro (၅) ခု၊ ၃ သိန်းခွဲကျော် တန်ဖိုးရှိ Galaxy Buds2 (၅) ခု၊ ၈ သောင်းကျော် တန်ဖိုးရှိ Samsung Wireless Charger (၁၀) ခုအပြင် အသစ်ထွက်ရှိမယ့် Galaxy ဖုန်းအသစ်ကို ဝယ်ယူမှုအတွက် ၁၀၀,၀၀၀ ကျပ်တန်ဖိုးရှိ e-voucher တွေကိုလည်း ပေးသွားဦးမှာ ဖြစ်တဲ့အတွက် ဇူလိုင်လ (၂၆) ရက်နေ့မတိုင်ခင် အမြန်ဆုံး Register ပြုလုပ်ထားဖို့တော့ လိုအပ်ပါတယ်။

Image: Samsung

Register ပြုလုပ်လိုသူတွေအနေနဲ့ QR Scan ဖတ်ပြီးဝင်ရောက်ပြုလုပ်နိုင်သလို Link ကိုနှိပ်ပြီးလည်း Register ပြုလုပ်နိုင်ပါသေးတယ်။