Samsung Electronics ရဲ့ Flip Side ကနေ ဆန်းကြယ်မှုတွေအပြည့်နဲ့ အရာတစ်ခုကို မိတ်ဆက်မယ့် Galaxy Unpacked ပွဲကြီးကို ကိုယ်ပိုင်ရိုးရာဓလေ့ ယဉ်ကျေးမှုတွေ၊ ကမ္ဘာတစ်ဝှမ်း လူကြိုက်အများဆုံး Trend အသစ်တွေ၊ နောက်ဆုံးပေါ် ဆန်းသစ်တီထွင်မှု အသစ်တွေနဲ ပြည့်နက်နေတဲ့ ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Image: Samsung
ပြုလုပ်ကျင်းပသွားမယ့် Samsung ရဲ့ Galaxy Unpacked July 2023: Join the Flip Side အခမ်းအနားကို ဇူလိုင်လ ၂၆ ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ ၅း၃၀ အချိန်မှာ Samsung Myanmar Facebook Page နဲ့ Samsung Myanmar YouTube Channel တို့မှာ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Image: Samsung
Samsung ရဲ့ Galaxy Unpacked July 2023: Join the Flip Side တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုဖို့အတွက် ကြိုတင် Register ပြုလုပ်ထားရုံနဲ့ စိတ်လှုပ်ရှားစရာ Lucky Draw ဆုလက်ဆောင်တွေဖြစ်တဲ့ ၅ သိန်းကျော် တန်ဖိုးရှိ Galaxy Buds2 Pro (၅) ခု၊ ၃ သိန်းခွဲကျော် တန်ဖိုးရှိ Galaxy Buds2 (၅) ခု၊ ၈ သောင်းကျော် တန်ဖိုးရှိ Samsung Wireless Charger (၁၀) ခုအပြင် အသစ်ထွက်ရှိမယ့် Galaxy ဖုန်းအသစ်ကို ဝယ်ယူမှုအတွက် ၁၀၀,၀၀၀ ကျပ်တန်ဖိုးရှိ e-voucher တွေကိုလည်း ပေးသွားဦးမှာ ဖြစ်တဲ့အတွက် ဇူလိုင်လ (၂၆) ရက်နေ့မတိုင်ခင် အမြန်ဆုံး Register ပြုလုပ်ထားဖို့တော့ လိုအပ်ပါတယ်။
Image: Samsung
Register ပြုလုပ်လိုသူတွေအနေနဲ့ QR Scan ဖတ်ပြီးဝင်ရောက်ပြုလုပ်နိုင်သလို Link ကိုနှိပ်ပြီးလည်း Register ပြုလုပ်နိုင်ပါသေးတယ်။