သုံးစွဲသူများအတွက်လုပ်ဆောင်ချက်များစွာနဲ့ Samsung Galaxy A32, A52, A72 စမတ်ဖုန်းများ

ဖုန်းမျက်နှာပြင်ကြီးကြီးနဲ့ သတင်းတွေဖတ်ချင်သူများ၊ အပြင်ခဏခဏထွက်နေရလို့ ရေရှည်ခံတဲ့ ဘက်ထရီ mAh များများနဲ့ဖုန်းကို လိုအပ်နေသူများအတွက် Samsung မှ နောက်ဆုံးထွက်ရှိထားတဲ့ Galaxy A32, Galaxy A52, Galaxy A72 တို့ကို မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။

Galaxy A series ဖုန်းတွေဟာဆိုရင် လုံခြုံရေးစနစ်ကိုလည်း အထူးမြှင့်တင်ပေးထားပြီး Galaxy A52 နဲ့  Galaxy A72 ဖုန်းတွေမှာ ရေစိုခံနိုင်တဲ့နည်းပညာလည်းပါဝင်လို့ ဘယ်အခြေအနေမျိုးမှာမဆို အဖော်မွန်ကောင်း တစ်ဦး အဖြစ် အမြဲရှိနေမှာအသေအချာပါပဲ။ 

Photo source https://www.samsung.com/mm/

Samsung Galaxy A32 စမတ်ဖုန်းတွေကိုတော့ Super AMOLED Display အသုံးပြုထားတဲ့အပြင် 6.4 inch မျက်နှာပြင်ကလဲ 84% screen to body ratio ကိုဖြစ်ပေါ်စေပါသေးတယ်။ 1080×2400 pixel resolution အထိလည်း ရရှိမှာဖြစ်ပါတယ်။ Android 11 One UI 3.1 ကိုအခြေခံထားပြီးတော့ Mediatek Helio G80 CHipset ကိုအသုံးပြုထားပါတယ်။ 8GB RAM နဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ ကိုယ်နှစ်သက်တာတွေကို သိမ်းဆည်းထားနိုင်ဖို့ 128GB လည်းပါဝင်ပါသေးတယ်။ ပင်မကင်မရာအနေနဲ့ 64MP wide lens, 8MP Ultrawide, 5MP macro နဲ့ 5MP depth ကိုအသုံးပြုထားပါတယ်။ 20MP ကင်မရာနဲ့လည်း လှပတဲ့ Selfie ပုံတွေရိုက်ကူးနိုင်ဦးမှာ ဖြစ်ပါတယ်။ 5000mAh ဘတ္ထရီကိုအသုံးပြုထားတဲ့အတွက် ဘတ္ထရီခဏခဏကုန်မှာကိုလည်း စိုးရိမ်စရာ မလိုတော့ပါဘူး။ Samsung Galaxy A32 စမတ်ဖုန်းကိုတော့ မြန်မာငွေ ၄၉၅,၀၀၀ ကျပ်နဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

84.1% screen to body ratio ကိုပိုင်ဆိုင်ထားတဲ့ 6.5 inch အရွယ် Samsung Galaxy A52 ကတော့ 8GB RAM 128GB ROM နဲ့ ဝယ်ယူရရှိနိုင်ပါပြီ။ 64MP wide, 12MP Ultrawide, 5MP macro, 5MP depth ကင်မရာတွေကိုအသုံးပြုထားတဲ့အပြင် 32MP Selfie Camera ကိုပါအသုံးပြုထားတဲ့ A52 ကိုတော့ မြန်မာငွေ ၆၂၉,၀၀၀ ကျပ်နဲ့ ဝယ်ယူရရှိနိုင်မှာပါ။ Awesome Black, Awsome White, Awesome Violet, Awesome Blue ဆိုပြီးလည်း အရောင်လေးရောင်ရရှိနိုင်ပါတယ်။ မိနစ် ၃၀ အတွင်း ၅၀ ရာခိုင်နှုန်းပြည့်အောင်သွင်းနိုင်တဲ့ Fast Charging System နဲ့အတူ ဘတ္ထရီ 5000mAh ကိုအသုံးပြုထည့်သွင်းပေးထားပါတယ်။ 

Photo source https://www.samsung.com/mm/

Samsung Galaxy A72 ကိုတော့ Awesone Black, Awesome White, Awesome Violet, Awesome Blue ဆိုတဲ့အရောင်တွေနဲ့ ရရှိမှာဖြစ်ပြီးတော့ ဈေးနှုန်းအားဖြင့် မြန်မာငွေ ၈၂၉,၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။ 8GB RAM 256GB ROM နဲ့ကိုယ်သဘောကျတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ သီချင်းတွေကို သိမ်းဆည်းထားနိုင်မှာပါ။ 5000mAh ဘတ္ထရီကိုအသုံးပြုထားတဲ့အတွက် ဘတ္ထရီခဏခဏကုန်မှာကိုလည်း စိုးရိမ်စရာ မလိုတော့ပါဘူး။ ပင်မကင်မရာအနေနဲ့ 64MP wide lens, 8MP telephoto, 12MP Ultrawide နဲ့ 5MP macro ကိုအသုံးပြုထားပါတယ်။ 32MP ကင်မရာနဲ့လည်း လှပတဲ့ Selfie ပုံတွေရိုက်ကူးနိုင်ဦးမှာ ဖြစ်ပါတယ်။ Qualcomm SM7125 Snapdragon 720G Chipset ကိုအသုံးပြုထားတဲ့ စမတ်ဖုန်းတစ်လုံးလဲဖြစ်ပါတယ်။ Super AMOLED Display နဲ့ 6.7 inch ရှိတဲ့ မျက်နှာပြင်က ကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေကို 1080×2040 pixel အထိ ပြသပေးနိုင်မှာပါ။

Galaxy A series ဖုန်းတွေကိုတော့ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး စတင်ရောင်းချတဲ့အထိမ်းအမှတ် အနေနဲ့ မေလအတွင်း ဝယ်ယူတဲ့သူများအတွက် အောက်ပါ လက်ဆောင်များကို ပစ္စည်းလက်ကျန်ရှိသည့်အထိ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ Galaxy A72 (သို့မဟုတ်) Galaxy A52 ဝယ်ယူသူတိုင်းကို ကျန်းမာရေး စောင့်ရှောက်ပေးမယ့် Galaxy Fit2 တစ်လုံး၊ Galaxy A32 ဝယ်ယူသူတိုင်းကို အရေးပေါ်အသုံးပြုနိုင်ဖို့ 10000 mAh အထိပါဝင်တဲ့ Power Bank တစ်လုံးနဲ့ Samsung ဘေးလွယ်အိတ်တစ်လုံးတို့ကို လက်ဆောင် ပေးသွားမှာဖြစ်ပါတယ်။