Galaxy Unpacked 2024: Mobile AI ၏ ခေတ်သစ်တစ်ခုအား ဖွင့်လှစ်ခြင်း

၂၀၂၄ ခုနှစ်ကို စတင်ရောက်ရှိလာပြီဖြစ်တဲ့အတွက် Samsung အနေနဲ့လည်း နှစ်စဉ်ပြုလုပ်နေကျ Galaxy Unpacked Event ကို ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ Galaxy Unpacked 2024 Event ကြီးမှာ နှစ်စဉ်ဆန်းသစ်တဲ့နည်းပညာတွေကို မိတ်ဆက်နေကျအတိုင်း ဒီနှစ်မှာလည်း ဘယ်လိုနည်းပညာမျိုးတွေ၊ ဘယ်လို Innovation မျိုးတွေ၊ လူမှုဘဝကိုကူညီဖို့ ဘယ်လိုပုံစံမျိုးတွေ ဖန်တီးပြုလုပ်လာလည်းဆိုတာကို စောင့်မျှော်ရမယ့် Event တစ်ခုလို့တောင် ပြောလို့ရပါတယ်။

အသစ်မိတ်ဆက်မယ့် Galaxy S Series မှာလည်း အမြင့်မားဆုံးစံချိန်စံညွှန်းတွေနဲ့အတူ နေ့စဉ်ဘဝမှာ မထိတွေ့ဖူးသေးတဲ့ Epic ဆန်ဆန် အတွေ့အကြုံကောင်းတွေကို ယူဆောင်လာပေးမယ်လို့လည်း ဖော်ပြထားပါသေးတယ်။ Event ရဲ့ နည်းပညာအသစ်တွေထဲမှာ မိတ်ဆက်လာမယ့် Mobile AI အသစ်ကလည်း User တွေရဲ့ စိတ်ဝင်စားမှုအပြည့်ရရှိထားတဲ့ နည်းပညာတစ်ခုဆိုရင်လည်း မမှားနိုင်ပါဘူး။

Samsung ရဲ့ နည်းပညာအသစ်တွေကို မိတ်ဆက်ချပြနေတဲ့ နှစ်စဉ်ပြုလုပ်နေကျ Galaxy Unpacked 2024 Event ကြီးကို ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီ Event ကြီးကို ဇန်နဝါရီလ ၁၇ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲအချိန်မှာ  Samsung.comSamsung Newsroom နဲ့ Samsung’s YouTube channel တွေကတစ်ဆင့် Live ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။