တိုင်းရင်းသားဘာသာစကားများသီချင်းများနှင့်အတူ ကြော်ငြာထားသော Galaxy A03 Core စမတ်ဖုန်းကို Samsung Myanmar မိတ်ဆက်

Samsung Myanmar ၏ A Series စမတ်ဖုန်းများအနက် ဈေးနှုန်းအသက်သာဆုံးသော Galaxy A03 Core စမတ်ဖုန်းကို ယခင်မူလအရောင်များအပြင် Mint, Bronze, Onyx စသည့် အရောင်သစ် (၃) မျိုးဖြင့် ထပ်မံထုတ်လုပ်၍ ဈေးကွက်တွင်ရောင်းချပေးလျက်ရှိနေပြီဖြစ်ကြောင်းသိရသည်။
Galaxy A03 Core သီချင်းကို Team Galaxy အဖွဲ့ဝင်တစ်ဦးဖြစ်သော အဆိုတော် G Fatt က မြန်မာဘာသာစကားဖြင့် မူရင်းသီဆိုထားပြီး တိုင်းရင်းသားအဆိုတော်များဖြစ်ကြသော ကချင်ဘာသာစကားဖြင့် ဇော်ခွန်၊ ကရင်ဘာသာစကားဖြင့် ကောင်းကောင်း၊ မွန်ဘာသာစကားဖြင့် အဂ္ဂ၊ ရခိုင်ဘာသာစကားဖြင့် ရှိုင်း နှင့် ရှမ်းဘာသာစကားဖြင့် စိုင်းအောင်ထီးခမ်းတို့က ပြန်လည်အဓိပ္ပာယ်ဖွင့် သီဆိုထားခြင်းဖြစ်သည်။ ဘာသာစကားအမျိုးမျိုးဖြင့်သီဆိုထားသော Galaxy A03 Core သီချင်းကို Samsung Myanmar ၏ Facebook စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနားဆင်နိုင်ပြီဖြစ်သည်။

Photo Source https://www.facebook.com/SamsungMyanmar

“Samsung စမတ်ဖုန်းတွေကို သုံးစွဲတဲ့သူတွေဟာ မတူကွဲပြားတဲ့ အသက်အရွယ်၊ တိုင်းရင်းသားလူမျိုး၊ နေထိုင်ရာဒေသနဲ့ ဝင်ငွေပမာဏ အသီးသီးရှိကြတယ်ဆိုတာကို Samsung အနေနဲ့ အမြဲစွဲမှတ်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းတွေကို ထုတ်လုပ်ရာမှာ ဘယ်သူမဆိုဝယ်ယူသုံးစွဲနိုင်စေဖို့အတွက် သင့်တင့်တဲ့နှုန်းထားအမျိုးမျိုးနဲ့ Samsung စမတ်ဖုန်းအမျိုးအစားအများအပြားကို ထုတ်လုပ်ထားတဲ့အပြင် ကျွန်တော်တို့ရဲ့ ဆက်သွယ်ပြောဆိုမှုနဲ့ အစီအစဉ် တွေပြုလုပ်ရာမှာလည်း အခြားတိုင်းရင်းသားလူမျိုးစုတွေအတွက်ပါ ထည့်သွင်းစဉ်းစားပြီး အမြဲကြိုးပမ်းနေပါတယ်။ Galaxy A03 Core စမတ်ဖုန်းဟာဆိုရင် သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝလှုပ်ရှားမှုတွေမှာ အကောင်းဆုံးအထောက်အကူဖြစ်စေနိုင်မယ့် လုပ်ဆောင်ချက်တွေနဲ့ ဖန်တီးထုတ်လုပ်ထားတဲ့ တန်ဖိုးသင့် စမတ်ဖုန်းအမျိုးအစားဖြစ်တာကြောင့် ဈေးနှုန်းသက်သက် သာသာနဲ့ စွမ်းဆောင်ရည်ကောင်းတဲ့ စမတ်ဖုန်းအမျိုးအစားကို ရှာဖွေနေသူတွေအတွက် အသင့်တော်ဆုံး စမတ်ဖုန်း တစ်လုံးဖြစ်မယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်” ဟု Samsung Myanmar ၏ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်က ပြောကြားသည်။
မြန်မာငွေ ၂၅၉,၀၀၀ ကျပ်မျှဖြင့် ဝယ်ယူရရှိနိုင်မည့် Samsung Myanmar က ထုတ်လုပ်ဖူးသမျှ စမတ်ဖုန်းများအနက် ဈေးနှုန်းအသက်သာဆုံး Galaxy A03 Core စမတ်ဖုန်းကို ၂၀၂၂ ခုနှစ် ဇွန်လနှောင်းပိုင်းတွင် အမည်းရောင်နှင့် အပြာရောင်တို့ဖြင့် ဈေးကွက်တွင်းသို့ ပထမအကြိမ်စတင်မိတ်ဆက်ခဲ့ပြီးလည်းဖြစ်သည်။
Galaxy A03 Core စမတ်ဖုန်းများကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ Samsung အရောင်းပြခန်းများနှင့် တရားဝင်အရောင်း ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။ ထို့အပြင် အစောဆုံးဝယ်ယူအားပေးသူများအနေဖြင့် Phone Cover နှင့် Earphone တို့ကိုလည်း ပစ္စည်းလက်ကျန်ရှိသည်အထိ မေတ္တာလက်ဆောင်ရရှိမည်ဖြစ်သည်။

Photo Source https://www.facebook.com/SamsungMyanmar

သုံးစွဲသူများ၏ နေ့စဉ်ဘဝတွင် အမှတ်တရဖြစ်ဖွယ်အခိုက်အတန့်များကို လက်မလွတ်တမ်း ဖမ်းယူရိုက်ကူးနိုင်စေရန်အတွက် Galaxy A03 Core ဖုန်း၏ ကျောဖက်နှင့် ရှေ့ဖက်များတွင် 8MP, f2.0 နှင့် 5MP, f2.2 ကင်မရာနှစ်လုံးအား အသီးသီး ထည့်သွင်းပေးထားသည်။ ထို့အပြင် ၆.၅ လက်မ Infinity-V HD+ TFT မျက်နှာပြင်ပါရှိသည့်အတွက် သုံးစွဲသူများအနေနှင့် ကြီးမားကျယ်ပြန့်သော မြင်ကွင်းပြည့်ခံစားမှုအတွေ့အကြုံကိုလည်း ရရှိသွားနိုင်မည်ဖြစ်သည်။ OCTA-core processor ၏ ထောက်ပံ့မှုကြောင့် Galaxy A03 Core စမတ်ဖုန်းသည် လျင်မြန်ချောမွေ့သော စွမ်းဆောင်ရည်အား ပေးစွမ်းနိုင် မည်ဖြစ်သည့်အပြင် ဘက်ထရီစားသက်သာစေပြီး ပမာဏကြီးမားသော 5,000 mAh ဘက်ထရီလည်းပါရှိသည့်အတွက် တစ်ကြိမ်အားသွင်းထားရုံဖြင့် တစ်နေ့တာလုံး စိတ်ပူပန်မှုမရှိ သုံးစွဲနိုင်မည်ဖြစ်သည်။
Galaxy A03 Core စမတ်ဖုန်းနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/SamsungMyanmar