AB Programming Training Center မှ Web Development Course (August Batch) အတန်းသစ်စတင်ဖွင့်လှစ်

ဂျပန်နည်းပညာ IT ကုမ္ပဏီ Aluto Benli Company မှ ဖွင့်လှစ်ထားသော AB Programming Training Center သင်တန်းကျောင်းမှ Web Development Course (August Batch) အတန်းသစ်စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်းသိရ ပါတယ်။
Frontend Development ဖြစ်တဲ့ Web Foundation Course + Backend Development ဖြစ်တဲ့ PHP Web Development Course နှစ်မျိုးလုံးကို ပေါင်းပြီး Web Development Full Course အနေနဲ့ သင်ကြားခွင့်ရမည့်သင်တန်း တစ်ခုလည်းဖြစ်ပါတယ်။
မဖြစ်မနေ တက်ရောက်သင့်တဲ့သူတွေကတော့ ဂျပန်နိုင်ငံမှာ (သို့) နိုင်ငံခြားမှာ Web Developer အနေနဲ့ အလုပ်လုပ်ချင်သူများ၊ ပြည်တွင်းရှိ Outsourcing ရေးပေးသော ဂျပန်ကုမ္ပဏီများနှင့် IT Company များမှာ Web Developer များ၊ Web Designer အနေနဲ့ လုပ်ငန်းခွင်ဝင်လိုသူများ၊ Web Development လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်း ပြုလုပ်လိုသူများ၊ Web Developmentကိုအခြေခံမှစ၍တတ်မြောက်လိုသူများ၊ Web Developer အဖြစ်ရပ်တည်လိုချင်သူများ၊ PHP web development အပိုင်းကို စနစ်တကျ သင်ယူချင်သူများ၊ PHP ကို အသုံးပြု၍ ကိုယ်ပိုင် Website, Online shopping website ရေးဆွဲချင်သူများအနေနဲ့ မဖြစ်မနေတက်ရောက်သင့်တဲ့ သင်တန်းတစ်ခု လည်းဖြစ်ပါတယ်။

Photo Source https://www.facebook.com/alutobenlitraining/?ref=page_internal

သင်တန်းကို ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့မှာစတင်မှာဖြစ်ပါတယ်။ စနေ၊ တနင်္ဂနွေ သင်ကြားပေးမှာဖြစ်ပြီး သင်တန်း ချိန်ကတော့ 9:00 AM မှ 12:00 PM အထိဖြစ်ပါတယ်။ သင်တန်းကာလက သုံးလ(80 နာရီ) ကြာမြင့်မှာလည်းဖြစ်ပါတယ်။ သင်တန်းဆရာကိုယ်တိုင် Zoom နဲ့ Live Face to Face သင်ကြားပေးသွားမှာဖြစ်ပါတယ်။
Web Development Full Course တွင် သင်ကြားမည့်ဘာသာရပ်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) Web Foundation (HTML, CSS, Javascript, JQuery, Bootstrap)
(၂) Website တစ်ခုအတွက်အခြေခံအကျဆုံး ဖြစ်သော HTML
(၃) Website တစ်ခုကို ပိုပြီးလှပတင့်တယ်စေမဲ့ CSS
(၄) Website တစ်ခုရဲ့ action အလုပ်တွေကိုလုပ်ဆောင်ပေးတဲ့ Javascript
(၅) Responsive web design တွေကိုဖန်တီးပေးနိုင်မယ့် HTML5 and CSS3
(၆) Web design responsive framework ဖြစ်တဲ့ bootstrap
(၇) World wide web အကြောင်း
(၈) Dynamic website အကြောင်း
(၉) PHP Web Development
(၁၀) PHP Environment & Operations & Syntax
(၁၁) Database Technology-MySQL (Real World တွင် မဖြစ်မနေ အသုံးဝင်မည့်ဘာသာရပ်)
(၁၂) OOP Concept (Programmerလုပ်မည့်သူများအတွက် မရှိမဖြစ်သိထားရမည့်ဘာသာရပ်)
(၁၃) SQL Query
(၁၄) JQuery
(၁၅) Laravel Framework (Framework Intro & Knowledge sharing, Framework အကြောင်း၊ Framework နဲ့ ပတ်သတ်တဲ့ဗဟုသုတsharing) စတဲ့ဘာသာရပ်များဖြစ်ပါတယ်။
ကွန်ပျူတာအခြေခံသုံးတတ်ရုံဖြင့် Programming အခြေခံမရှိသူများလဲ တက်ရောက်နိုင်သော သင်တန်းတစ်ခုဖြစ်ပြီး အခြေခံမှစ၍ လုပ်ငန်းခွင်ဝင်နိုင်တဲ့အထိ၊ ကိုယ်တိုင်Website၊ Design၊ Project တစ်ခုရေးဆွဲဖန်တီးနိုင်တဲ့အထိ Train ပေး သင်ကြားပေးမယ့် Web Development Course တစ်ခုလည်းဖြစ်ပါတယ်။
သင်တန်းကြေးကတော့ ၁၅၀၀၀၀ ကျပ်ဖြစ်ပါတယ်။ ပထမဦးဆုံး စာရင်းသွင်းသူ (၃)ဦးက discount ၂၀၀၀၀ ကျပ် ထပ်ရမှာဖြစ်ပြီး သင်တန်းကြေး ၁၃၀၀၀၀ ကျပ်နဲ့ တက်ရောက်နိုင်တဲ့ အခွင့်အရေးတစ်ခုလည်းရရှိအုံးမှာဖြစ်ပါတယ်။
ပုံမှန် inclass သင်တန်းကြေး ၃၀၀၀၀၀ ကျပ်ကို အခုကာလ ခက်ခဲနေကြတဲ့အချိန်ဖြစ်တဲ့အတွက် နည်းပညာကို လေ့လာလိုသူများ၊ အနာဂတ်မှာ လုပ်ငန်းခွင်ဝင်ကြမယ့်လူငယ်များအတွက် အဆင်ပြေလွယ်ကူစွာ တက်ရောက်နိုင်စေရန် သင်တန်းကြေးကို အသက်သာဆုံးဖြင့် သင်ကြားပေးခြင်းလည်းဖြစ်ပါတယ်။
သင်တန်းကြေးကိုတော့ online payment ဖြင့် လက်ခံပေးသွားမှာပါ။ Zoom Live နဲ့ သင်ကြားတာဖြစ်လို့ ထိထိရောက်ရောက် သင်ကြားပေးနိုင်ဖို့ လူဦးရေ အများကြီးလက်မခံပါဘူး။ လူဦးရေ အကန့်အသတ်နဲ့ပဲသင်မှာပါ။ online class ဖြစ်ပေမယ့်လည်း သတ်မှတ်ထားတဲ့ သင်ကြားချိန်ပြည့်မှီပါက AB Programming Training Centerရဲ့ Certificate ရမှာ လည်းဖြစ်ပါတယ်။ သင်တန်းသားအများအနေနဲ့ သင်ပြီးသားသင်ခန်းစာတွေကို ပြန်လည်ကြည့်ရှုနိုင်ဖို့လဲ သင်တန်း ချိန်ပြီးတိုင်းပြီးတိုင်းမှာ Video Recording File တွေ ပေးဖို့ စီစဉ်ထားပါသေးတယ်။
သင်တန်းကို join ဖို့ Zoom software ကို မသုံးတတ်လဲ တက်ရောက်လို့ရမှာဖြစ်ပါတယ်။ သင်တန်းက သုံးပုံသုံးနည်းပြောပြပေးပြီးမှ သင်ကြားပေးမှာဖြစ်ပါတယ်။ အတန်းမှန်မှန် တက်ရောက်ပြီး ထူးချွန်တဲ့သူက OJT အနေနဲ့ အလုပ်ခန့်တာမျိုးတွေလည်း ရှိမှာပါ။ အဲဒါကြောင့် သင်တန်းပြီးနောက်ပိုင်း ဝင်ငွေရရှိမှာဖြစ်ပြီး မိမိရဲ့ skill ကို မြှင့်တင်လို့ရ နိုင်ပါသေးတယ်။
စုံစမ်းမေးမြန်းရန်နှင့် သင်တန်းအပ်နှံလိုပါက ဖုန်း 09- 265445958 သို့ ဖုန်းဆက်၍ဖြစ်စေ၊ Page Messenger မှ ဖြစ်စေ ဆက်သွယ်အကြောင်းကြားပြီး Wave Pay, KBZ Pay, AYA စသည့် payment များဖြင့် သင်တန်းအပ်နှံနိုင်ပါတယ်။
သင်တန်းလိပ်စာနှင့်ဖုန်းနံပါတ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
No.77, Room 2B, Dhammazedi Road, Myaynigone,Sanchaung Township
Phone : 09- 26 544 5958