နိုင်ငံတစ်ကာ ရုပ်ရှင်များ ဇာတ်လမ်းတွဲများကို အခမဲ့ကြည့်ရှုနိုင်သော Platform များ

တစ်နေ့တာအလုပ်တွေပင်ပန်းလာတာဖြစ်ဖြစ် ကိုယ်အနားယူတဲ့ အားလပ်ချိန်လေးမှာ စာအုပ်ဖတ်တာ၊ သီချင်းနားထောင်တာ၊ ဂိမ်းဆော့တာ၊ ဇာတ်ကားကြည့်တာတွေနဲ့ အချိန်ကုန်တတ်ကြပါတယ်။ ကိုယ်က ဇာတ်ကားကြည့်ရတာ သဘောကျတဲ့သူတစ်ယောက် ဆိုရင် ဘယ်နေရာကနေ အကြည့်များကြလဲ။ Facebook မှာဒီအတိုင်းတင်ထားပေးတဲ့ ဇာတ်ကားတွေဝင်ကြည့်ကြတာလား၊ မြန်မာစာတမ်းထိုးနဲ့ Website တွေကနေ Download ဆွဲပြီးကြည့်တာလား၊ Netflix, Disney+ အကောင့်တွေဝယ်ပြီးကြည့်တဲ့သူလား။ ဘယ်လို Platform မျိုးပေါ်ကပဲ ဇာတ်ကားတွေကြည့်ကြည့် အသစ်ထွက်လာတဲ့ဇာတ်ကားတွေ၊ Trend ဖြစ်တဲ့ဇာတ်ကားတွေကို အားလပ်ချိန်လေးမှာ ကြည့်တတ်ကြတာတော့ သဘောဝပါပဲ။

Video Quality ကောင်းကောင်းလည်းကြည့်ချင်တယ်၊ ပိုက်ဆံလည်းမပေးချင်ဘူး၊ အကောင့်လည်း မဝယ်ချင်တဲ့ သူတွေအတွက် အခမဲ့ကြည့်ရှုနိုင်တဲ့ Platform တွေအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

Reelgood

ကြည့်ရှုစရာ ဇာတ်ကားအမျိုးအစားစုံလင်တဲ့ Streaming Site တစ်ခုကတော့ Reelgood ဖြစ်ပါတယ်။ အခမဲ့ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှု ၃၀၀ ကျော်အပြင် ဝယ်ယူကြည့်ရှုရမယ့် Netflix, Prime Video, Apple TV, Disney, Hulu တို့လို Site တွေအတွက်လည်း ဝယ်ယူကြည့်ရှုနိုင်ဦးမှာ ဖြစ်ပါတယ်။ ဘယ်ဇာတ်ကားက ဘယ်မှာတင်ထားတယ်ဆိုတာကို လိုက်ရှာနေရမယ့်အစား Reelgood ကိုအသုံးပြုပြီး ကြည့်ရှုလို့ရမယ့်နေရာတွေကို သိနိုင်မှာပဲ ဖြစ်ပါတယ်။ Site တွေထဲကမှ အသုံးအများဆုံး Streaming Site, အခမဲ့ကြည့်ရှုနိုင်မယ့် Streaming Site တွေနဲ့ Subscription ပြုလုပ်ရမယ့် ဝန်ဆောင်မှုတွေအားလုံးကို တစ်နေရာတည်းမှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

 

Tinyzone

Tinyzone ကတော့ ဇာတ်ကားတွေအခမဲ့ကြည့်ရှုနိုင်တဲ့ Streaming Site တစ်ခုဖြစ်ပါတယ်။ ဇာတ်ကားတွေကို 1080p, 720p Resolution တွေနဲ့ အခမဲ့ကြည့်ရှုနိုင်မှာပါ။ Subtitle အနေနဲ့ကတော့ English နဲ့ Spanish subtitle နှစ်မျိုး ပေးထားပါတယ်။ ဇာတ်ကားမျိုးစုံကို နိုင်ငံအလိုက် Genre အလိုက်ရွေးချယ်ပြီး ကြည့်ရှုနိုင်ပါတယ်။

MyFlixer

MyFlixer ကလည်း Tinyzone လို 1080p, 720p Resolution တွေကို အခမဲ့ကြည့်ရှုနိုင်တဲ့ Streaming Site တစ်ခုဖြစ်ပါတယ်။ Update ဖြစ်တဲ့ဇာတ်ကားအမျိုးမျိုးအပြင် TV Shows တွေကိုလည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Yidio

နောက်ထပ် ဇာတ်ကားတွေကို အခမဲ့ကြည့်ရှုနိုင်တဲ့ Streaming Site တစ်ခုကတော့ Yidio ဖြစ်ပါတယ်။ Yidio Platform ပေါ်ကတင် Apple TV+, Paramount+. HBO Max, Amazon Prime, Hulu, Disney+, Netflix စတဲ့ နာမည်ကြီး Streaming Site တွေမှာတင်ထားတဲ့ဇာတ်ကားတွေကိုပါ တစ်နေရာထဲကနေရှာဖွေကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

LookMovies

ထွက်ရှိထားခဲ့တဲ့ နိုင်ငံတစ်ကာရုပ်ရှင်ကားပေါင်းများစွာ, TV Show ပေါင်းများစွာကို Genre မျိုးစုံရှာဖွေကြည့်ရှုနိုင်တဲ့ နောက်ထပ် Site တစ်ခုကတော့ LookMoviess ဖြစ်ပါတယ်။ ကြည့်ချင်တဲ့ဇာတ်ကားတွေကို ဖွင့်လိုက်တာနဲ့ ဇာတ်ကားရဲ့ Information တွေ၊ Cast တွေကအစဖော်ပြပေးထားမှာဖြစ်ပါတယ်။

အခမဲ့ကြည့်ရှုနိုင်တဲ့ Streaming Site တွေထဲကမှ Update ဖြစ်တာတွေကို ရွေးချယ်ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ အခကြေးငွေပေးစရာမလိုတဲ့အတွက် Ads တွေပေါ်နေတာမျိုးတော့ ရှိနိုင်ပါတယ်။