Samsung Myanmar ၏ Built for Myanmar Campaign မိတ်ဆက်ပွဲတွင် နောက်ဆုံးပေါ် Galaxy A/M Series စမတ်ဖုန်းသစ်များကိုလည်းမိတ်ဆက်ပြသ

Samsung Myanmar မှ မြန်မာနိုင်ငံရှိသုံးစွဲသူများအားလုံး၏လူနေမှုဘဝ ပိုမိုကောင်းမွန်လာစေရန်အသင့်တော်ဆုံးသော ခေတ်မီနည်းပညာများ၊ လုပ်ဆောင်ချက်များနှင့်ဖန်တီးထုတ်လုပ်ထားသည့် စမတ်ဖုန်းစီးရီးများနှင့်အိမ်သုံးလျှပ်စစ် ထုတ်ကုန်များကို Built for Myanmar အမည်ရှိ Campaign နှင့်အတူယနေ့မနက်တွင် Pan Pacific Hotel ၌ မိတ်ဆက်ပြသခဲ့သည်။
Built for Myanmar Campaign မိတ်ဆက်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံမှသုံးစွဲသူများနှင့် ကိုက်ညီမှု အပြည့်ရှိသည့်ကြီးမားကျယ်ပြန့်သောမျက်နှာပြင်များ၊ အဆင့်မြင့်ကင်မရာစွမ်းဆောင်ရည်များနှင့် Fast Charging အမြန်အား သွင်းစနစ်ထောက်ပံ့ပေးထားသည့်အချိန်ကြာအသုံးခံမည့်ဘက်ထရီများဖြင့်ဖွဲ့စည်းတည်ဆောက်ထားသည့် Galaxy A Series နှင့် M Series စမတ်ဖုန်းများအားကနဦးစတင်မိတ်ဆက်ခဲ့သည်။ အဆိုပါဈေးနှုန်းသင့်စမတ်ဖုန်းများတွင် အင်တာနက် ချိတ်ဆက်မှုပိုမိုတည်ငြိမ်စေပြီးဒေတာစားပိုမိုသက်သာစေသော Samsung Max၊ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် အခြားသောအရေးကြီးဒေတာများအားလုံခြုံမှုအပြည့်အဝရှိစေမည့် Knox Security၊ဖုန်းရှေ့ / နောက်မျက်နှာပြင်ထိခိုက် ပျက်စီးမှုများအတွက် ပြန်လည်ပြင်ဆင်ပေးသည့် No Worry Crack စသည့်လုပ်ဆောင်ချက်များနှင့်ဝန်ဆောင်မှုများကိုလည်း Samsung Myanmar မှထည့်သွင်းပေးထားသည့်အတွက်သုံးစွဲသူများအတွက်အထူးသင့်လျော်မှုရှိစေမည်ဖြစ်သည်။

Photo Source https://www.samsung.com/mm/

Built for Myanmar ဟူသည့်အမည်နှင့်အညီ Samsung Myanmar သည်စမတ်ဖုန်းများတွင်သာမက ၎င်း၏ အိမ်သုံးလျှပ်စစ်ထုတ်ကုန်များတွင်လည်း မြန်မာနိုင်ငံနှင့်ကိုက်ညီမှုအပြည့်အဝရှိသည့်လုပ်ဆောင်ချက်များအား ထည့်သွင်းတည်ဆောက်ပေးထားသည်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ၁၆ နှစ်ဆက်တိုက်ကမ္ဘာ့နံပါတ်တစ်တီဗီထုတ်လုပ်ရောင်းချသည့် Samsungကုမ္ပဏီ၏ရောင်းအားအကောင်းဆုံး 4K UHD Smart TV များတွင်ကြည်လင်ပြတ်သားမှုအရှိဆုံး Real 4K Resolution နှင့် Per Colour၊အင်တာနက် မလိုအပ်ပဲစမတ်ဖုန်းနှင့်တီဗီအားအလွယ်တကူချိတ်ဆက်နိုင်သည့် Tap View
(၂) Samsung ၏Cool Pack ရေခဲသေတ္တာများတွင်အအေးဓာတ်အား၁၂နာရီအထိထိန်းသိမ်းပေးထားနိုင်သည့် Cool Pack နည်းပညာနှင့်အအေးခန်းတစ်ခုစီအတွက်အသင့်တော်ဆုံးအအေးဓာတ်အားထိန်းညှိပေးနိုင်သည့် All Around Cooling System
(၃) ၁၁ နှစ်အထိအာမခံပေးထားသည့် Samsung ၏ WA Series အဝတ်လျှော်စက်များတွင်အဝတ်အထည်များ အားအသန့်ရှင်းဆုံးလျှော်ဖွတ်ပေးနိုင်သည့် Wobble Technology နှင့် Intensive Wash
(၄) Indoor နှင့် Outdoor Coil များအတွက်အာမခံ၃နှစ်၊ Compressor အတွက်အာမခံ၅နှစ်အထိပါရှိသည့် Samsung Airconများတွင်သာမန်Airconများထက်၄၃% အေးမြမှုပိုမိုပေးစွမ်းနိုင်သည့် Easy Filter Plus တို့ဖြစ်သည်။
အထက်ဖော်ပြပါ Samsung Cool Packရေခဲသေတ္တာများနှင့်Digital Inverter အဝတ်လျှော်စက်များတွင် စွမ်းအင်သုံးစွဲမှုအား ၄၀ ရာခိုင်နှုန်း အထိလျှော့ချပေးနိုင်သည့် Digital Inverter များလည်းပါရှိသည့် အတွက် မီတာအသုံးပြုခကိုလည်းများစွာသက်သာမှုရှိစေမည်ဖြစ်သည်။
ယခုအခါတွင် Samsung Myanmar သည်နောက်ဆုံးပေါ်နည်းပညာလုပ်ဆောင်ချက်များနှင့် ဖန်တီးတည်ဆောက်ထားသည့် Galaxy A13 နှင့် A53 5G များကိုလည်းမြန်မာနိုင်ငံဈေးကွက်တွင်စတင်ရောင်းချနေပြီဖြစ်သည်။

Photo Source https://www.samsung.com/mm/

တန်ဖိုးသင့် Galaxy A13စမတ်ဖုန်းသစ်တွင်ကြီးမားကျယ်ပြန့်သော ၆.၆ FHD+ Vivid screen Infinity-V မျက်နှာပြင်၊စွမ်းဆောင်ရည်မြင့်Exynos 850 (8nm) Processor၊15Wfast chargingစနစ်ထောက်ပံ့ပေးထားသည့် 5,000 mAhဘက်ထရီ၊ အဆင့်မြှင့်တင်ထားသော ကျောဖက်ကင်မရာလေးလုံး(50 MP Main, 5 MP Ultra-Wide, 5 MP Depth and 5 MP Macro) နှင့် 8MP အရှေ့ကင်မရာများအားထည့်သွင်းပေးထားသည်။ Galaxy A13 စမတ်ဖုန်းအားမြန်မာငွေကျပ်၄၃၉,၀၀၀ကျပ် (4+128GB) နှင့် ၄၆၉,၀၀၀ကျပ် (6+128GB)တို့စသည်ဖြင့် Awesome Black (အနက်ရောင်)၊ Awesome Blue (အပြာရောင်) နှင့် Awesome Peach (မက်မွန်သီးရောင်) ဟူ၍ကြိုက် နှစ်သက်ရာရွေးချယ်ဝယ်ယူနိုင်သည်။
စွဲမက်ဖွယ်ဒီဇိုင်းကိုယ်ထည်နှင့် Galaxy A53 5G စမတ်ဖုန်းသစ်တွင် Night Mode, Portrait Modeနှင့် Fun Mode စသည့်နောက်ဆုံးပေါ်ကင်မရာလုပ်ဆောင်ချက်များပါရှိသည့် စွမ်းဆောင်ရည်မြင့်ကျောဖက်ကင်မရာလေးလုံး (64MP Main၊ 12 MP Ultra-Wide၊ 5MP Depth နှင့် 5MP Macro) နှင့် 8MP အရှေ့ကင်မရာ၊ ရိုက်ကူးထားသောပုံရိပ်များမှမလိုလားအပ်သောအရာဝတ္တုများအားလိုသလိုဖြတ်တောက်သွားနိုင်မည့် AI Eraser၊ 120 Hz Refresh Rate ပါရှိသောကြီးမားကျယ်ပြန့်သည့်၆.၅ FHD+ Super AMOLED Infinity-O မျက်နှာပြင်၊ နာရီပေါင်းများစွာအသုံးခံမည့် 5,000mAh (25W fast charging) ဘက်ထရီနှင့် IP67 ရေစိုခံနည်းပညာများပါရှိသည့်အတွက်သုံးစွဲသူများ၏ နေ့စဉ်ဘဝအတွက်အကောင်းမွန်ဆုံး ကူညီထောက်ပံ့ပေးသွားနိုင် မည်ဖြစ်သည်။ Galaxy A53 5G စမတ်ဖုန်းအား မြန်မာငွေကျပ်၁,၀၄၉,၀၀၀ကျပ်ဖြင့်Awesome Black (အနက်ရောင်)၊ Awesome Blue (အပြာရောင်)နှင့် Awesome Peach (မက်မွန်သီးရောင်) ဟူ၍ကြိုက်နှစ်သက်ရာရွေးချယ်ဝယ်ယူနိုင်သည်။
Galaxy A53 5G စမတ်ဖုန်းအသစ်များအား ၂၀၂၂ ခုနှစ်၊ဧပြီလ (၁)ရက်နေ့နှင့်Galaxy A13 စမတ်ဖုန်းအား ၂၀၂၂ ခုနှစ်၊ ဧပြီလ(၄)ရက်နေ့မှစတင်၍ Samsung အရောင်းဆိုင်များနှင့်အမြို့မြို့အနယ်နယ်ရှိ စမတ်ဖုန်းအရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်မည့်အပြင် Samsung ၏တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သော https://www.samsung.com/mm/ မှတဆင့်လည်း အိမ်တိုင်ရာရောက်လွယ်ကူလျင်မြန်စွာမှာယူရရှိနိုင်ပြီဖြစ်သည်။