အသစ်ထွက်ရှိထားတဲ့ realme 9i စမတ်ဖုန်း၏ လုပ်ဆောင်ချက်များအကြောင်း

အသစ်ထွက်ရှိထားတဲ့ realme 9i စမတ်ဖုန်းသည် အဆင့်မြင့်နည်းပညာသုံး Qualcomm ၏ Snapdragon 680 Processor က စွမ်းဆောင်ရည်မြင့် ARM Cortex-A73 မြန်နှုန်းနှင့် စွမ်းအင်ချွေတာသော Cortex-A53 CPU မြန်နှုန်းတို့ ပေါင်းစပ်ထားသည့် 6nm စနစ်ကြောင့် 2.4GHz မြန်နှုန်းအထိ လုပ်ဆောင်ပေးနိုင်မည်ဖြစ်သည်။
12nm တည်ဆောက်မှုစနစ်နှင့်နှိုင်းယှဉ်ပါက 6nm တည်ဆောက်မှုစနစ်မှာ ပိုမိုသေးငယ်ပြီး အဆင့်မြင့်နည်း ပညာလုပ်ဆောင်မှုတို့ပါဝင်သည့်အတွက် လေးထောင့်မီလီမီတာအရွယ်အစားတစ်ခုတွင် ထရန်စစ္စတာပေါင်း ၁၁၄ သန်း အထိ ထည့်သွင်းနိုင်ကာ စွမ်းအင်ချွေတာနိုင်သည့်အားသာချက်ကိုပါ ပေးစွမ်းနိုင်သည်။
စွမ်းဆောင်ရည်မြင့် RAM တိုးချဲ့ပေးမှုနည်းပညာ (DRE) က မူလပါဝင်သည့် 6GB RAM ပမာဏကို နောက်ထပ် 5GB ပမာဏဖြင့်ပေါင်းစပ်ကာ စုစုပေါင်း 11GB RAM ပမာဏအထိ သွက်လက်မှုကိုရရှိစေမည်ဖြစ်သည်။ ထိုကဲ့သို့ ကြီးမားသော 128GB ပမာဏအထိ သိမ်းဆည်းနိုင်မှုနှင့်အတူ ဇာတ်ကားများနှင့် ဂိမ်းများကို ပိုမိုသိမ်းဆည်းနိုင်စေမည်ဖြစ်သည်။

Photo Source https://www.realme.com/mm/realme-9i

ဒါ့အပြင် ပြည့်ဝသည့် အသံစနစ်ကိုထောက်ပံ့ပေးထားသော အဆင့်မြင့် stereo speaker ၂လုံးကို တပ်ဆင်ပေး ထားခြင်းကြောင့် အရည်အသွေးမြင့်အသံကို ခံစားနိုင်စေမည်ဖြစ်သည်။
realme 8i ၏အားသွင်းစနစ်နှင့်နှိုင်းယှဉ်ပါက realme 9i မှာ 36 ရာခိုင်နှုန်း အထိ အားသွင်းနှုန်းပိုမိုမြန်ဆန်စေမည့် 33W အားသွင်းစနစ်ကိုအသုံးပြုပေးထားပြီး အဆင့်-၅ဆင့်ပါဝင်သည့် အားသွင်းလုံခြုံရေးစနစ်ကိုပါထည့်သွင်းထားခြင်းကြောင့် မြန်ဆန်စိတ်ချရသည့် အားသွင်းမှုအတွေ့အကြုံကို ပေးစွမ်းစေမည်ဖြစ်သည်။
အရည်အသွေးမြင့် 5000mAh ဘက်ထရီတွင် များပြားသောစွမ်းအင်ပမာဏကို သိုလှောင်ထည့်သွင်းပေးထားခြင်းကြောင့် တစ်နေ့တာလုံး ဂိမ်းကစားခြင်းများ၊ ဗွီဒီယိုကြည့်ရှုခြင်းများကို အပြည့်အဝထောက်ပံ့ပေးစေနိုင်မည်ဖြစ်သည်။ ဘက်ထရီအားပမာဏ ၅ ရာခိုင်နှုန်းအနေအထားမျိုးမှာပင် Super Power Saving Mode ကိုအသုံးပြုကာ ၄၉.၉ နာရီကြာ အထိ ဖုန်းကို Standby အဖြစ်ထားရှိနိုင်စေမည်ဖြစ်သည်။
ရုပ်ထွက်မြင့်မားသော 50MP ကင်မရာ ၃လုံးစနစ်က ကြည်လင်ပြတ်သားသောအရည်အသွေးမြင့်ရုပ်ထွက်ကို ရရှိနိုင်မည်ဖြစ် သည်။ 50MP ပင်မကင်မရာ စနစ်က f/1.8 Aperture ပါဝင်သည်။ အဖြူအမဲစတိုင် အလှပုံရိုက်ကင်မရာစနစ်က f/2.4 Aperture ပါဝင်သည်။ အနီးကပ်ရိုက်ကင်မရာစနစ်ထည့်သွင်းထားသည့်အတွက်၄ စင်တီမီတာအကွာအဝေးမှ ရိုက် ယူနိုင် သည်။
Selfie ရိုက်ယူခြင်းဆိုင်ရာလုပ်ဆောင်မှုများစွာပါဝင်သည့် 16MP HD ကင်မရာကို တပ်ဆင်ပေးထားခြင်းကြောင့် realme 9i မှာ ရိုက်ချက်တိုင်းအတွက် လှပပြတ်သားသော selfie ပုံရိပ်များဖန်တီးနိုင်စေရန် ကူညီပေးမည်ဖြစ်သည်။
အသေးစိတ်ကို အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။
https://www.realme.com/mm/realme-9i