မကြာသေးမှီကမိတ်ဆက်ခဲ့သည့် HUAWEI nova 9 SE အားမြန်မာနိုင်ငံဈေးကွက်တွင်ဝယ်ယူရရှိနိုင်ပြီ

HUAWEI မှ nova Series အား၂၀၁၆ ခုနှစ်တွင်စတင်မိတ်ဆက်သည့်အချိန်ကတည်းက လူငယ်များအတွက်ရည်ရွယ်သော Flagship စမတ်ဖုန်းအနေဖြင့် ထုတ်လုပ်ခဲ့သည်။ HUAWEI nova Series မှ ခေတ်အမှီဆုံးနည်းပညာများနှင့် ပိုမိုဆန်းသစ်သောတီထွင်ဖန်တီးမှုများကို အခြေခံ၍ လူငယ်များ၏ မတူညီကွဲပြားသော လူနေမှုစရိုက်နှင့်အသင့်လျော်ဆုံးဖြစ်အောင် ထုတ်လုပ်ထားသည်။
Huawei nova Series တိုင်းအား ခေတ်မှီသောဒီဇိုင်း၊ ကောင်းမွန်သောကင်မရာ၊ အကောင်းမွန်ဆုံးလုပ်ဆောင်ချက် များပါဝင်သည့် ခေတ်မှီနည်းပညာများဖြင့်ဖွဲ့စည်းထားသည်။ HUAWEI nova Series များတွင်ပါဝင်သည့် နည်းပညာများသည် လူငယ်များအား ခေတ်ရှေ့ပြေးနည်းပညာများအပြင် မတူကွဲပြားမှုများနှင့် အဆက်အသွယ် မပြတ်စေရန် ထုတ်လုပ်ပေးထားခြင်းဖြစ်သည်။ ၎င်း၏ နောင်တော်များနည်းတူ HUAWEI nova Series အသစ်ဖြစ်သည့် HUAWEI nova 9 SE တွင် လူငယ်များနှင့် ကိုက်ညီမည့် HUAWEI FullView Display နှင့် High-Res AI Quad Camera system တို့အား ထည့်သွင်းထုတ်လုပ်ထားသည်။ နောက်ဆုံးပေါ် nova 9 SE သည် 94.85% screen ratio ရှိပြီး EMUI 12 ပါရှိသည့်အပြင် 108MP High-Res Quad Camera system ပါရှိသည့်အတွက် အကောင်းဆုံး ကင်မရာပိုင်းအတွေ့အကြုံများကို ခံစားရမည်ဖြစ်သည်။
108MP AI Quad Camera System တွင် 108MP main camera, 8Mp Ultra-wide-angle lens, 2MP Bokeh lens နှင့် 2MP macro lens တို့ပါဝင်သည်။ 108MP ultra-high-definition main camera (f/1.9 aperture) မှ အသေးစိတ် pixels လေးများအထိ အနုစိတ်ကျသည့် ရိုက်ချက်များကို ဖန်တီးရိုက်ကူးနိုင်စေသည့်အပြင် All-scenario shooting အားအထောက်အပံ့ပေးပြီး မြင်ကွင်းကျယ်များ ရိုက်ကူးသည့်အခါတွင် Frame တစ်ခုအတွင်း အကုန်ဝင်အောင်ရိုက်ကူးနိုင်ရန် Ultra-wide-angle camera တွင် 112 ဒီဂရီ view ထည့်ထားသည်။ Macro Lens မှ ကြည်လင်သည့်အသေးစိတ်ဓါတ်ပုံများအားရိုက်ကူးနိုင်ပြီး Depth Camera မှ ဓါတ်ပုံအလွှာများအား‌ပေါင်းစည်းပေးနိုင်ကာ Large Aperture Effect ကိုရရှိစေသည်။
ဓါတ်ပုံနှင့်ဗီဒီယိုရိုက်ကူးရာတွင် 12000 x 9000 pixels အထိ အများဆုံး resolution ရိုက်ကူးနိုင်သည့်အတွက် အလွန်အသေးစိတ်ကျကာ 125cm x 94cm ဆိုဒ်ရှိသည့် ကြည်လင်ပြတ်သားသည့် ပိုစတာကိုပင် ပုံနှိပ်ထုတ်နိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/HuaweimobileMM

HUAWEI nova 9 SE တွင် 16MP wide-angle Front Camera ပါဝင်ပြီး 4-in-1 pixel binning technology ပါဝင်သည့်အတွက် low-light photography အားထောက်ပံ့ပေးပြီး နေ့ဘက်ရိုက်ရိုက်၊ ညဘက်ရိုက်ရိုက် Instagram နှင့် TikTok တွင်အကောင်းဆုံး Selfie ပုံများအား ရိုက်ကူးနိုင်မည်ဖြစ်သည်။
HUAWEI nova 9 SE ၏ ပေါ့ပါးကျစ်လစ်သည့် ဒီဇိုင်းကြောင့် ခရီးသွားသည့်အချိန်ဖြစ်စေ၊ နေ့စဉ်ပုံမှန်လူမှုဘဝတွင်ဖြစ်စေ ပေါ့ပေါ့ပါးပါးသယ်ဆောင်သွားနိုင်ကာ မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို Vlog များကို လွယ်လွယ်ကူကူဖန်တီးနိုင်မည် ဖြစ်သည်။ ပါးလွှာသည့် ကိုယ်ထည်နှင့် အနောက်ဘက်ရှိ 3D Glass Cover ကြောင့် ပေါ့ပါးပြီး လက်ထဲတွင် ကျစ်ကျစ်လစ်လစ်ရှိသည်ကို ခံစားရမည်ဖြစ်သည်။ HUAWEI nova 9 SE မှ အရှေ့အနောက်တစ်ပြိုင်တည်းရိုက်ကူးနိုင်သည့် Dual View Video Feature, Petal Clip စသည့် app နှင့် Features များအား အထောက်အပံ့ပေးသည်။ ထို့ကြောင့်ဗီဒီယိုများအား ရှုထောင့်မျိုးစုံမှ ရိုက်ကူးနိုင်မည်ဖြစ်ပြီး YouTube Vlog ရိုက်ကူးခြင်းနှင့် TikTok ပေါ်တွင် ဗီဒီယိုအတိုလေးများတင်ရန် ရိုက်ကူးခြင်းအတွက်လည်း ရှုတ်ထွေးမှုမရှိဘဲ လွယ်လွယ်ကူကူရိုက်ကူးနိုင်မည်ဖြစ်သည်။
ရိုက်ကူးထားသောဓါတ်ပုံနှင့် Vlog အတွက်ဗီဒီယိုများအား Edit လုပ်လိုပါက HUAWEI nova 9 SE တွင် pre-installed ပါသည့် Petal Clip app အားအသုံးပြုနိုင်သည်။ Edit လုပ်သည့်အခါတွင်လွယ်ကူစေရန် HUAWEI nova 9 SE မှ 280 AI-enabled tags နှင့် လုပ်ဆောင်ချက်ပေါင်း တစ်ရာကျော်အား Identify လုပ်နိုင်သည့် Semantic Search (‌ဝေါ်ဟာရများရှာဖွေခြင်း) အားအထောက်အပံ့ ပေးသည်။ ဓါတ်ပုံနှင့်ဗီဒီယိုများအား edit လုပ်ရန် ရှာဖွေရာတွင် ရှာဖွေလိုသည့်အကြောင်းအရာအား keyword များရိုက်နှိပ်ကာ လွယ်လွယ်ကူကူရှာဖွေနိုင်မည်ဖြစ်သည်။ Petal Clip တွင် story templates များ၊ videos themes များနှင့် သီချင်းများစွာပါဝင်ပြီး update version တွင် Auto-caption, Auto-mark နှင့် Moving Picture စသည့် လုပ်ဆောင်ချက်အသစ်များပါဝင်သည့်အတွက် Vlogger အသစ်များ အနေဖြင့် Professional များကဲ့သို့ အရည်အသွေးကောင်းသော ဗီဒီယိုများအား ရိုက်ကူးနိုင်မည်ဖြစ်သည်။
HUAWEI nova 9 SE တွင် 66W HUAWEI SuperCharge ပါဝင်သည့်အတွက် ၁၅ မိနစ်အတွင်း ၆၀%အားသွင်းနိုင်ပြီး ၃၆မိနစ်အတွင်း အားအပြည့်သွင်းနိုင်မည်ဖြစ်သည်။ HUAWEI ၏ ကိုယ်ပိုင်single-cell, double path, triple-terminal design များကြောင့်အရင် Generation များနှင့်ယှဉ်ပါက ၅% ဘက်ထရီအားပိုခံပြီး ဘက်ထရီ Capacity မှာ ၁၀% ပိုမိုပြီး TÜV Rheinland Safe Fast Charge Certification ရရှိထားသည့်အတွက် အားသွင်းရာတွင်မြန်ဆန်ပြီး လုံခြုံစိတ်ချနိုင် မည်ဖြစ်သည်။
Huawei nova 9 SE ကို RAM 8 GB + 128 GB Storage အမျိုးအစားဖြင့် ရရှိမှာ ဖြစ်ပြီး အရောင်အားဖြင့် Crystal Blue (အပြာ‌ရောင်)၊ Pearl White (အဖြူရောင်) နှင့် Midnight Black (အနက်ရောင်)တို့အား မြန်မာကျပ် ၅၉၉,၀၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး HUAWEI Band 4 အားလက်ဆောင်ရယူနိုင်ပါပြီ။ အသေးစိတ်သိရှိလိုပါက Huawei Official Facebook Page (သို့မဟုတ်) Hot Line number (+959 689 000900) သို့ ဆက်သွယ်‌မေးမြန်းစုံစမ်းနိုင်သည်။