Samsung Galaxy Tab S8 series ၏ pre-order အစီအစဉ်စတင်

ထို့အပြင် Samsung Myanmar မှ Galaxy သက်တမ်းတလျောက်စွမ်းရည်အမြင့်မားဆုံးလုပ်ဆောင်ချက်များ ထည့်သွင်း ပေးထား သည့် Galaxy Tab S8 စီးရီးသစ်အား ၂၀၂၂ခုနှစ်၊ မတ်လ ၄ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း ကြိုတင်မှာ ယူမှုများ စတင်လက်ခံသွားမည်ဖြစ်သည်။

Galaxy Tab S8 Ultra   12GB/256GB   Dark Gray      2,999,000 MMK

Galaxy Tab S8+        8GB/256GB     Dark Gray/ Silver       2,599,000MMK

Galaxy Tab S8 8GB/128GB     Dark Gray/ Silver       1,999,000 MMK

Samsung ချစ်သူများပိုမိုအဆင်ပြေလွယ်ကူစေရန် Samsung Myanmar မှ၁၀၀ရာခိုင်နှုန်းဘဏ်ငွေပေးချေမှု ဝန်ဆောင်မှုအပြင် အတိုးပေးရန်မလိုဘဲ၆-လတိအရစ်ကျငွေပေးချေမှုစနစ်အား CB Bank credit card နှင့်၁၂-လတိအရစ်ကျငွေပေးချေမှုစနစ်အားKBZPay Shopper Loan တို့နှင့်ချိတ်ဆက်ကာဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

Photo Source https://web.facebook.com/SamsungMyanmar

ကြိုတင်မှာယူသူများသည်ကနဦးပေးသွင်းငွေမြန်မာငွေကျပ် ၁၀၀,၀၀၀ အားပေးသွင်းပြီး၎င်းတို့၏ တက်ဘလက် အသစ်များအား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၆ ရက်နေ့အတွင်းမှာယူထားသော ဖုန်းအရောင်းဆိုင်ကြီးများတွင် လက်ကျန်ဖုန်းတန်ဖိုးငွေအပြည့်ပေးသွင်း၍သွားရောက်ထုတ်ယူနိုင်ပါသည်။ကြိုတင်မှာယူထားသူများအနေနှင့် Samsung Myanmar မှပေးအပ်သောအောက်ပါအပိုထပ်ဆောင်းလက်ဆောင်များကိုလည်းအသီးသီးရရှိသွားမည်ဖြစ်သည်။ (ပစ္စည်း လက်ကျန်ရှိ သည်အထိသာဖြစ်သည်)

(၁)Galaxy Tab S8 Ultra အားကြိုတင်မှာယူသူများအတွက်  Key board Cover

(၂) Galaxy Tab S8+ နှင့် Galaxy Tab S8 အားကြိုတင်မှာယူသူများအတွက် Note view Cover နှင့် Galaxy Fit2 ရရှိမည် ဖြစ်သည်။

ထို့အပြင် Galaxy Tab S8 Series အသစ်အားဝယ်ယူအားပေးသည့် customer များသည် No Worry Crack ဝန်ဆောင်မှုအဖြစ် ရှေ့မျက်နှာပြင်ထိခိုက်ပျက်စီးမှုပြုပြင်ရာတွင်ပစ္စည်းဖိုးနှင့်လက်ခ၅၀% သက်သာခွင့်တစ်ကြိမ် (သို့မဟုတ်) အနောက် မျက်နှာပြင်ထိခိုက်ပျက်စီးမှုအတွက်ပစ္စည်းဖိုးနှင့်လက်ခ ၁၀၀% သက်သာခွင့်တစ်ကြိမ်အား (၂၀၂၂ ခုနှစ်၊ ၁ရက်၊ ဧပြီလမှတစ်နှစ်တိတိ) အကျိုးခံစားခွင့်ရရှိနိုင်မည်။

Galaxy S21 စီးရီး၊ Note 20 စီးရီးနှင့် Foldable စမတ်ဖုန်းများအပြင် Galaxy Tab S7၊ Tab S6 သာမက၊ အခြား တက်ဘလက်အမျိုးအစားများအားကိုင်ဆောင်ထားသူများအနေနှင့်လိုအပ်သောငွေကြေးပမာဏကိုသာထပ်မံစိုက်ထည့်၍မိတ်ဆက်ခဲ့သည့်မျိုးဆက်သစ် Tab S8 Series များနှင့်လဲလှယ်ဝယ်ယူနိုင်ရန်အတွက်လည်း Samsung Myanmar မှစီစဉ်ပေး ထားသည်။ (အရေအတွက်အကန့်အသတ်ဖြင့်သာ) ထို့အပြင်ထိုသို့လဲလှယ်ဝယ်ယူမှုများအတွက် ထပ်ဆောင်းလက်ဆောင် အနေနှင့်Tab S8 Ultra အတွက်အပိုလက်ဆောင်မြန်မာငွေကျပ်၃၀၀,၀၀၀ (ပထမဆုံးမှာယူမှု၁၀ယောက်သာ)၊ Tab S8+ အားမြန်မာငွေကျပ်၂၀၀,၀၀၀ (ပထမဆုံးမှာယူမှု၃၀ယောက်သာ) နှင့် Tab S8 အားမြန်မာငွေကျပ်၁၀၀,၀၀၀ (ပထမဆုံးမှာယူမှု၅၀ယောက်သာ) တို့ကိုလည်းထပ်မံ၍ပေးအပ်သွားမည်ဖြစ်သည်။အသေးစိတ်သိရှိလိုပါက Samsung Contact Center 01-2399888 ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်မည်ဖြစ်သည်။