AI ကို စိတ်ဝင်စားတဲ့ မြန်မာလူငယ်တိုင်းအတွက် အခွင့်အလမ်းအသစ်တွေယူဆောင်လာတဲ့ Samsung Innovation Campus 2024 – AI Hackathon

လူငယ်တွေအတွက် အခွင့်အလမ်း အသစ်တွေကို အမြဲယူဆောင်လာပေးနေတဲ့ Samsung Myanmar ကနေ AI ကို စိတ်ဝင်စားပြီး ကိုယ့်ရဲ့ စိတ်ကူးအိပ်မက် နဲ့ Idea တွေကို လက်တွေ့အကောင်အထည်ဖော်ချင်တဲ့ မြန်မာလူငယ်တွေအတွက် Samsung Innovation Campus 2024 – AI Hackathon အစီအစဉ်အသစ်ကို ထပ်မံမိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

Image: Samsung

တီထွင်ဆန်းသစ်မှုတွေကို အမြဲဖန်တီးပြုလုပ်နေသလို AI နည်းပညာမှာလည်း ကမ္ဘာ့ထိပ်တန်းကနေ ဦးဆောင်နေတဲ့ နည်းပညာကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ Samsung ဟာ စမတ်ဖုန်းတွင်သာမက တခြား အိမ်သုံးလျှပ်စစ်ပစ္စည်းများဖြစ်သော တီဗီ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်များမှာပါ AI နည်းပညာများထည့်သွင်းခဲ့ပြီး စျေးကွက်တွင်လည်း ဦးဆောင်သူအဖြစ် ရပ်တည်လျက်ရှိပါတယ်။ ယခု အစီအစဉ်ကနေ အရည်အချင်းရှိ AI နည်းပညာရှင်တွေ ထပ်မံပေါ်ပေါက်လာအောင် ပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်ပေးနေတာလည်း ဖြစ်ပါတယ်။

ဇွန်လ (၂၇) ရက် ကနေ ဇူလိုင်လ (၁၀) ရက် အတွင်း စာရင်းသွင်းလျှောက်ထားနိုင်မယ့် အဆိုပါအစီအစဉ်ကို Samsung Myanmar နဲ့အတူ Myanmar Cyber Youths နဲ့ Tee Htwin – CSR တို့ က Lead Organization and Partner အဖြစ် ပါဝင်အားဖြည့်ပေးထားတာဖြစ်ပြီး ပါဝင်ဖို့ အရွေးချယ်ခံရသူများအနေနဲ့

  • IT & Programming ကျွမ်းကျင်ပညာရှင်များကိုယ်တိုင် သင်ကြားပေးပြီး၊ Coding အတွေ့အကြုံပြင် ကိုယ်တိုင် Intelligence App များကို ဖန်တီးနိုင်မယ့်အတွေ့အကြုံတွေကို ရရှိနိုင်စေမယ့် စာသင်ချိန် နာရီ ၄၀ ကြာ AI Comprehensive Training ကို အခမဲ့တက်ရောက်ခွင့်
  • သင်တန်းကာလပြီးဆုံးပါက မိမိ Ideas များကို လက်တွေ့အကောင်အထည်ဖော်နိုင်မယ့် AI Hackathon ပြိုင်ပွဲမှာ ပထမဆု ကျပ်သိန်း (၃၀) ၊ ဒုတိယဆု ကျပ်သိန်း (၂၀) နဲ့ တတိယဆု ကျပ်သိန်း (၃၀) စသဖြင့် စုစုပေါင်း Prize Pool ကျပ်သိန်း (၆၀) ကို ပိုင်ဆိုင်နိုင်ခွင့်
  • Coding အတွေ့အကြုံအပြင် ကိုယ်တိုင် Intelligence Apps တွေကို Online, Offline သင်တန်းများမှတဆင့် Hands-on Experience ရယူနိုင်ခွင့်
  • အတွေ့အကြုံရှိ Mentor များ၊ Judges များရဲ့ အနီးကပ် Mentorship ကို ရရှိနိုင်ခွင့်
  • မိမိစွမ်းဆောင်ရည်တွေကို ပြသပြီး Career Opportunities များကို ဖန်တီးနိုင်ခွင့်
  • သင်တန်းပြီးဆုံးကြောင်း Certificate နဲ့ ဆုများ ပိုင်ဆိုင်နိုင်ခွင့် စတဲ့ အခွင့်အရေးကောင်းများစွာကို ရရှိနိုင်မှာဖြစ်ပါတယ်။

Image: Samsung

အစီအစဉ်မှာ ပါဝင်ဖို့ ရွေးချယ်ခံရသူများ အနေနဲ့ Samsung Innovation Campus ကို တစ်လ (နာရီ ၄၀) ကြာ တစ်ဦးချင်းစီ တက်ရောက်ရမှာဖြစ်ပြီးး ပရိုဂရမ်ရေးသားခြင်းနဲ့ AI နဲ့သက်ဆိုင်တဲ့သင်ခန်းစာတွေကို Online/ Offline သင်ကြားရမှာဖြစ်ကာ AI Hackathon ပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့နဲ့ သင်တန်းပြီးဆုံးကြောင်း လက်မှတ်ရရှိဖို့အတွက် သင်တန်းတက်ရောက်ချိန် ၇၅% ပြည့်မီဖို့လိုအပ်ပါတယ်။

Samsung Innovation Campus 2024 – AI Hackathon အစီအစဉ်ကို အသက် ၁၆ နှစ်မှ ၂၅ နှစ်ကြား မြန်မာနိုင်ငံမှာ လက်ရှိနေထိုင်နေသူ လူငယ်တွေ ပါဝင်နိုင်မှာဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့မှ ဇူလိုင်လ (၁၀) ရက်နေ့ အတွင်း အောက်ပါအချက်အလက်တွေအတိုင်း စာရင်းပေးသွင်းနိုင်မှာဖြစ်ပါတယ်။

  • Samsung Myanmar ကနေ တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းသွင်းရန် Link (http://smsng.co/AIhackathon-registration) မှာ အချက်အလက်တွေ မှန်ကန်ပြည့်စုံအောင် ဖြည့်ပြီးစာရင်းပေးသွင်းရမှာဖြစ်ပါတယ်။
  • ပါဝင်သူများအနေနဲ့ Python သို့မဟုတ် အခြားသော Programming ဘာသာရပ်များကို အခြေခံသိထားရန် လိုအပ်ပြီး Artificial Intelligence (AI) နှင့် Machine Learning တို့ကို သင်ယူလိုစိတ်ရှိရန် လိုအပ်ပါတယ်။
  • AI Hackathon ပြိုင်ပွဲမှာ လူကိုယ်တိုင် ယှဉ်ပြိုင်ရန် လိုအပ်တာကြောင့် လျှောက်ထားသူဟာ လက်ရှိမြန်မာနိုင်ငံမှာ နေထိုင်နေသူ ဖြစ်ရပါမယ်။
  • အသေးစိတ် စည်းကမ်းသတ်မှတ်ချက်တွေကိုတော့ ဒီ Link (http://smsng.co/AIhackathon-termsco) ကနေ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။

Image: Samsung

“ကျွန်တော်တို့ Samsung Myanmar အနေနဲ့ လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေကို ယူဆောင်လာပေးနိုင်ဖို့ အစဉ်တစိုက်ကြိုးပမ်းလျှက်ရှိပါတယ်။ အခုတစ်ခါမှာလည်း နည်းပညာပိုင်းဆိုင်ရာမှာ ဦးဆောင်နေတဲ့ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ တစ်ခုအနေနဲ့  AI ကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် အတွေ့အကြုံကောင်းတွေ၊ ကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ကိုယ်တိုင်ဖန်တီးနိုင်စေဖို့ ရည်ရွယ်ချက်နဲ့ Samsung Innovation Campus 2024 – AI Hackathon အစီအစဉ်ကို စတင်လိုက်နိုင်တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ဒီအစီအစဉ်ကတဆင့် လူငယ်တွေအတွက် လက်တွေ့အသုံးဝင်မယ့် ပညာရပ်တွေကို မျှဝေပေးနိုင်ပြီး သူတို့ရဲ့ စိတ်ကူးအိပ်မက်တွေကို လက်တွေ့ အကောင်အထည်ဖော်နိုင်အောင်  ပံ့ပိုးသွားနိုင်ဖို့ကိုလည်း မျှော်လင့်မိပါတယ်။” လို့ Samsung Myanmar ရဲ့ Head of Mobile Experience Group ဖြစ်တဲ့ ကို တင်မောင်ဝင်းက ပြောပါတယ်။

Image: Samsung

Samsung Myanmar ကနေ လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ထပ်မံယူဆောင်ပေးလာတဲ့ Samsung Innovation Campus 2024 – AI Hackathon အစီအစဉ်အကြောင်းကို ပိုမိုသိရှိလိုရင်တော့ Samsung Myanmar Facebook Page (https://www.facebook.com/SamsungMyanmar) မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။