Samsung မှ ၂၀၂၁ ခုနှစ်အတွက် နောက်ဆုံးပေါ် UHD နှင့် Crystal UHD တီဗီများအား စတင်မိတ်ဆက်

ကမ္ဘာ့နံပါတ်တစ် တီဗီထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီအဖြစ် ၁၅ နှစ် ဆက်တိုက်ရပ်တည်လျက်ရှိသည့် Samsung Electronics Co., Ltd သည် ၎င်း၏ နောက်ဆုံးပေါ် တီဗီ အမျိုးအစားသစ်များ ဖြစ်သည့် အဆင့်မြှင့် တင်ထားသည့် UHD နှင့် Crystal UHD တီဗီများအား ပြည်တွင်းဈေးကွက်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။ ယခုနှစ်တွင် Samsung သည် လှပသေသပ်သော ဒီဇိုင်း၊ အဆင့်မြှင့်တင်ထားသော Motion နည်းပညာ၊ နောက်ဆုံး‌ပေါ် ဘက်စုံသုံး မီဒီယာနှင့် အက်ပလီကေးရှင်းများ၊ လွယ်ကူမြန်ဆန်သည့် ချိတ်ဆက်နိုင်စွမ်း၊ စွမ်းဆောင်ရည်မြင့် စပီကာများနှင့် ဂိမ်းကစားမှု အတွေ့အကြုံများ ပါဝင်သည့် UHD (AU7000) နှင့် Crystal UHD (AU8000) မော်ဒယ်များအား မိတ်ဆက်ခဲ့သည်။

Photo Source https://www.samsung.com.mm

The Crystal UHD TV
ယနေ့ခေတ် စီးပွားရေးလုပ်ငန်းများ၊ သင်ကြားလေ့လာမှုများနှင့် နေအိမ်တွင် အပန်းဖြေအနားယူမှုများအတွက် အသင့်တော်ဆုံး နည်းပညာများ၊ လုပ်ဆောင်ချက်များနှင့်အတူ ဖန်တီးထုတ်လုပ်ထားသည့် Crystal UHD တီဗီတွင် ပိုမိုပြေပြစ်တောက်ပ‌သော၊ ပကတိတစ်ကယ့် ပြင်ပအရောင်များအတိုင်း ပြသပေးနိုင်စွမ်း ရှိသော Dynamic Crystal Color နည်းပညာအား ထည့်သွင်း ပေးထားသည့်အပြင် Crystal Processor 4K လုပ်ဆောင်ချက် ပါရှိသည့်အတွက်လည်း ပြင်ပပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိစွာ ပုံရိပ် အလင်းအမှောင်များ၊ ကြည်လင်ပြတ်သားမှုများအား အလိုအလျောက် ချိန်ညှိပေးသွားနိုင်စွမ်း ရှိမည် ဖြစ်သည်။ အခန်းနံရံပေါ်တွင် ကျနလှပစွာ တပ်ဆင်ထားနိုင်မည့် Crystal UHD တီဗီ၏ လှပသေသပ်ပါးလွှာလှသော Air-Slim ဒီဇိုင်းနှင့်အတူ ဘေးဘောင် အနား ၃ ဖက် မရှိသယောင် ခံစားစေရမည့် ကြီးမားကျယ်ပြန့်လှသော 3-sided bezel less boundless မျက်နှာပြင်သည် ကြည့်ရှုသူများအား ရုပ်ရှင်ရုံတွင် ကြည့်ရှုနေရသကဲ့သို့ ခံစားမှု အတွေ့အကြုံများအား ပေးစွမ်းနိုင်မည် ဖြစ်သည်။ ထို့အပြင် နောက်ဆုံးပေါ် အဆင့်မြင့် နည်းပညာဖြစ်သည့် Auto Low Latency Mode သည်လည်း မျက်နှာပြင်၏ resolution အား ကြည့်ရှုသည့်ပုံရိပ်များနှင့် လိုက်လျောညီထွေမှု အရှိဆုံးဖြစ်စေရန် ထိန်းညှိပေးသွားမည် ဖြစ်သည့်အပြင် Q Symphony အသံစနစ်သည်လည်း ဂိမ်းကစားရာတွင် မယုံကြည်နိုင်ဖွယ်ရာ ကောင်းမွန်လှသော အသံထွက် စနစ်ကို ရရှိခံစားသွားစေနိုင်မည် ဖြစ်သည်။
The UHD TV
4K Ultra-High Definition (UHD) မျက်နှာပြင် နှင့် PurColor နည်းပညာများအား ထည့်သွင်းပေးထားသည့် Samsung ၏ နောက်ဆုံးပေါ် UHD တီဗီအသစ်သည် သုံးစွဲသူများအား 4K အဆင့်ရှိ ပုံရိပ်များအား အဆင့်မြင့်ရုပ်ထွက် အရည်အသွေး၊ ကြည်လင်ပြတ်သားသော ဒီဇိုင်းကာလာတို့ဖြင့် ကြည့်ရှုနိုင်စေရန် ထောက်ပံ့ပေးသွားမည့် အပြင် Crystal Processor 4K သည် ပုံရိပ်တိုင်းအား ပြင်ပလောကနှင့် ထပ်တူ သက်ဝင်လှုပ်ရှား ကြည့်ရှုခံစားနိုင်မှာ ဖြစ်သည်။ ထို့အပြင် ကွန်ပျူတာတစ်လုံးကဲ့သို့ လုပ်ဆောင်နိုင်စေရန် PCs၊ စမတ်ဖုန်းများအား Samsung DEX ကဲ့သို့သော ချိတ်ဆက်မှုများနှင့် ဆက်သွယ်အသုံးပြုသွားနိုင်မည် ဖြစ်သည်။ ဤ UHD တီဗီတွင် ပါဝင်လာသော စွမ်းဆောင်ရည်မြင့် Q symphony သည် အလိုအလျောက် လုပ်ဆောင်မှုများနှင့် soundbars များအား အသုံးပြု၍ ပတ်ဝန်းကျင်အနေအထားနှင့် အသင့်တော်ဆုံး ဖြစ်မည့် အသံနှုန်းထား အနိမ့်အမြင့်ကို အလိုအလျောက် ချိန်ညှိပေးသွားမည်လည်း ဖြစ်သည်။
Samsung မှ နောက်ဆုံးမိတ်ဆက်လိုက်သည့် Crystal UHD နှင့် UHD တီဗီ မော်ဒယ်အမျိုးအစားများနှင့် ဈေးနှုန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

Photo Source https://www.samsung.com.mm

In-Home & Carry In Service
Samsung မှ ၄၀ လက်မနှင့်အထက် တီဗီ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်နှင့် အခြောက်ခံစက်၊ လေအေးပေးစက်များအား ဝယ်ယူအားပေးသူများအနေနှင့် စက်ပစ္စည်းများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ အခက်အခဲရှိပါက hot-line (၀၁-၂၃၉၉၈၈၈) ဖုန်းနံပါတ်အား ၂၄ နာရီလုံး ခေါ်ဆိုမေးမြန်းခြင်းဖြစ်စေ၊ လိုအပ်ပါက အင်ဂျင်နီယာများမှ အိမ်တိုင်ရာရောက် လာရောက် ပြုပြင်ပေးသွားမည့် In-Home ဝန်ဆောင်မှုကိုလည်း ခံစားရရှိနိုင်မည်ဖြစ်သည်။ ထိုအတူ Samsung ၏ Carry-In Service ဖြင့် ချို့ယွင်းသွားသည့် စက်ပစ္စည်းများကို မြန်မာနိုင်ငံတဝန်းရှိ Samsung Service Center ၂၂ နေရာများရှိ ကျွမ်းကျင်သော အင်ဂျင်နီယာများထံသို့ ယူဆောင်ပြသ၍ after-sale repair service ဝန်ဆောင်မှုများကိုလည်း ခံစားရနိုင်မည် ဖြစ်သည်။
ဆယ်စုနှစ်တစ်စုကျော်တိုင် အသုံးပြုသူများအတွက် အကောင်းဆုံး အရည်အသွေးမြင့်ထုတ်ကုန်များနှင့် ဆန်းသစ်သော နည်းပညာများအား စဉ်ဆက်မပြတ် ထုတ်လုပ်လျက်ရှိသည့် Samsung သည် ကမ္ဘ့ာနံပါတ်တစ် တီဗီထုတ်လုပ်‌ရောင်းချသည့် ကုမ်ပဏီအဖြစ်လည်း ၁၅ နှစ်တိုင်တိုင် ရပ်တည်လျက် ရှိသည်။ ထို့အပြင် Samsung သည် ကမ္ဘာ့ပတ်ဝန်းကျင်အား ထိခိုက်စေသည့် စှနျ့ပဈပစ်စည်း ပမာဏ သိသိသာသာ လျော့ကျစေရန်နှင့် ကမ္ဘာ့ပတ်ဝန်းကျင်အား ထိန်းသိမ်းစောင့်ရှောက်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် “Go Green” အစီအစဉ်အား စတင်အကောင်အထည်ဖော်ခဲ့ပြီး ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများအား eco-friendly ထုတ်ပိုးမှုစနစ်ဖြင့် ထုတ်လုပ်ရောင်းချလျက် ရှိသည်။ ထို့အပြင် “PlanetFirst” ဟူသော ဆောင်ပုဒ် နှင့်အညီ Samsung သည် ကမ်ဘာမြေနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး အတွက်လည်း အထူးဂရုပြု ဆောင်ရွက်လျက်ရှိသည်။
ပိုမိုပြည့်စုံစွာသိရှိနိုင်ရန် နှင့် နောက်ဆုံးထွက် သတင်းများ၊ လုပ်ဆောင်ချက်ဆိုင်ရာ ဆောင်းပါးများ နှင့် သတင်းထုတ်ပြန်ချက် များကို သိရှိနိုင်ရန် အတွက် https://www.samsung.com.mm နှင့် http://news.samsung.com တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်သည်။