Samsung ရဲ့ “#PlayGalaxy Cup” Stars Battle ပြိုင်ပွဲကြီးမှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေနဲ့အတူ #TeamMonica က ဆုကြေးငွေကျပ် (၁၅)သိန်းတိတိနဲ့ ချန်ပီယံဆုကို အရယူနိုင်ခဲ့

Samsung Myanmar ရဲ့ “#PlayGalaxy Cup” Stars Battle ပြိုင်ပွဲကြီးကို ပရိတ်သတ်အားပေးမှုအများဆုံး Streamer ကြယ်ပွင့်တွေဖြစ်တဲ့ ICE ICE၊ Shinelayz၊ Su Htat၊ Monica တို့နဲ့အတူ ပြီးခဲ့တဲ့ ဇွန်လအတွင်းက အောင်မြင်စွာကျင်းပခဲ့ပြီး ပရိတ်သတ်တွေကလည်း အတူဝင်ရောက်ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ပါဝင်ယှဉ်ပြိုင်သူတွေအတွက် မိမိ idol နဲ့ ဂိမ်းဆော့ရမယ့်အိပ်မက်ကို အကောင်အထည်ဖော်ခွင့်ရခဲ့တဲ့အပြင် ကြည့်ရှုအားပေးသူ ပရိတ်သတ်များအနေနဲ့လည်း Fun Match အစီအစဉ်များနဲ့အတူ အနိုင်ရမယ့်အဖွဲ့ကို ခန့်မှန်းရင်း ဆုလက်ဆောင်တွေ ရနိုင်မယ့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် အစီအစဉ်တွေနဲ့ပါ ကျင်းပပေးခဲ့တာပါ။

Image: Samsung

“#PlayGalaxy Cup” Stars Battle ပြိုင်ပွဲကြီး ရဲ့ပွဲဦးထွက် ပွဲစဉ်ကို ဇွန်လ (၂၂) ရက်နေ့မှာ  Team ICE ICE နဲ့ Team Shinelayz တို့က  စတင်ယှဉ်ပြိုင်ခဲ့ပြီး Team Shinelayz က အနိုင်ရှိခဲ့ပါတယ်။ ဇွန်လ (၂၃)ရက်နေ့မှာတော့ ဒုတိယပွဲစဉ်အနေနဲ့ Team Su Htat နဲ့ Team Monica တို့က ယှဉ်ပြိုင်ခဲ့ရာ Team Monica က အနိုင်ရရှိခဲ့ပါတယ်။

ချန်ပီယံနေရာကို ယှဉ်ပြိုင်ရမယ့် Grand Final ပွဲစဉ်ကြီးကိုတော့ ဇွန်လ (၂၉) ရက်နေ့မှာ အနိုင်ရ Stars Team တွေဖြစ်တဲ့  Team Shinelayz နဲ့ Team Monica တို့က အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီး  Team Monica က ၃ ပွဲဆက်တိုက်အနိုင်ရကာ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။ ပွဲစဉ်များအပြီးမှာတော့ အနိုင်ရအသင်းဖြစ်တဲ့  Team Monica ကို ချန်ပီယံဆု အတွက် ဆုကြေးငွေကျပ် (၁၅) သိန်း၊ 1st Runner Up ဆု အတွက် ‌Team Shinelayz ကို ဆု‌ကြေးငွေကျပ် (၁၀) သိန်း နဲ့ ၊ 2nd Runner Up ဖြစ်တဲ့ Team Su Htat နဲ့ Team Ice Ice  အတွက်   ဆုကြေးငွေကျပ် () သိန်း စသဖြင့် အသီးသီး ချီးမြှင့်ပေးခဲ့ပါတယ်။

Image: Samsung

Streamer Stars တွေဖြစ်တဲ့ ICE ICE၊ Shinelayz၊ Su Htat၊ Monica တို့က “#PlayGalaxy Cup” Stars Battle ပြိုင်ပွဲကြီးမှာ  အကောင်းဆုံး ဂိမ်းကစားမှု အတွေ့အကြုံနဲ့ သာလွန်တဲ့ စွမ်းဆောင်ရည်တွေကို ပေးစွမ်းနိုင်တဲ့  Samsung Galaxy S24 Ultra ကို သုံးပြီး အကြိတ်အနယ် ပါဝင်ယှဉ်ပြိုင်ခဲ့တာပဲဖြစ်ပါတယ်။ Samsung ရဲ့ “#PlayGalaxy Cup” Stars Battle ပြိုင်ပွဲကြီးမှာ Samsung Galaxy S24 Ultra ကို သုံးပြီး ဂိမ်းကစားခဲ့ရတဲ့ အတွေ့အကြုံတွေ ခံစားချက်တွေကိုလည်း Streamer Stars တွေက အခုလို ပြောပြခဲ့ပါတယ်။

“Samsung ရဲ့ Galaxy S24 Ultra gaming ကြောင့် ဂိမ်းဆော့ရတာ အရမ်း smooth တဲ့ အပြင် phone battery ကလဲ တော်တော်ကို အထားခံတယ်။ ပြီးတော့ ပွဲတွေဆက်တိုက်ဆော့တာတောင် ဖုန်းက သိပ်ပြီး မပူလာဘူး။ Skill ကြမ်းတဲ့ Team ကြောင့်ရော Galaxy S24 Ultra နဲ့ လုံးဝ မထစ်မငေါ့ဘဲ ဆော့နိုင်ခဲ့တာရောကြောင့် ဆက်တိုက်တွေနိုင်ပြီး ချန်ပီယံဖြစ်ခဲ့တာပါ။”  လို့  #PlayGalaxy Cup” Stars Battle ပြိုင်ပွဲကြီးမှာ ချန်ပီယံဆုရခဲ့တဲ့ Monica က‌ပြောပါတယ်။

Image: Samsung

ဒါ့အပြင် Shinelayz  ကလည်း  သူ့ရဲ့  ပြိုင်ပွဲတစ်လျှောက် ယှဉ်ပြိုင်ကစားခဲ့ရတဲ့ အတွေ့အကြုံကို  “Samsung Galaxy S24 Ultra က Battery အရမ်း ခံ လို့ ပြိုင်ပွဲ ဆော့ တဲ့ တောက်လျှောက် ဖုန်းပူတာ အားသွင်းရင်း ဆော့ရတာမျိုး မရှိပဲ အေးအေးဆေးဆေးလေး ဆော့ နိုင်ခဲ့ပါတယ်။ Display ကလည်းနေရောင်အောက်မှာ စိတ်ကြိုက်အေးဆေးလေးဆော့လို့ရတော့ ကျွန်တော့ Team နဲ့ ဘယ်နေရာရောက်ရောက် train လို့ရခဲ့တယ်။ ပြိုင်ပွဲ တလျှောက်လည်း Samsung Galaxy S24 Ultra ကြောင့် ထစ်တာ lag တာမျိုး မရှိပဲ အဆင်ပြေပြေ Smooth ဖြစ်ဖြစ် ဆော့နိုင်ခဲ့တာပါ။” လို့ မျှဝေခဲ့ပါတယ်။

Su Htat က သူ့ရဲ့ ပြိုင်ပွဲအတွင်း အတွေ့အကြုံကို အခုလိုပြောပါတယ်။ “ပြိုင်ပွဲဝင်နေတဲ့ တစ်လျှောက်လုံး Game Booster Mode ကို on ထားတော့ ဖုန်းလာတာတွေ၊ စာဝင်တာတွေမရှိတော့လို့ အေးဆေးလေးနဲ့ ဂိမ်းကို အာရုံစိုက်ဆော့နိုင်ခဲ့တယ်။ ဆော့နေရင်း အားကုန်ခါနီးမို့လို့ အားသွင်းရင်း ဆော့ကြည့်တာတောင် ဖုန်းက မပူလာဘူး မထစ်ဘူး။”

နောက်ထပ် Streamer Star တစ်ယောက်ဖြစ်တဲ့ ICE ICE ကလည်း “ကျွန်တော်ဆို အရင်နှစ်က Samsung Galaxy S23 Ultra ကိုင်ပြီးလည်း ဂိမ်းတွေဆော့ခဲ့တယ်။ အခုနှစ်ရဲ့ Samsung Galaxy S24 Ultra နဲ့ Game ဆော့ရတဲ့ အားသာချက်ကတော့ အရင်နှစ် S Series တွေထက် သိသိသာသာ ပိုကောင်းလာတယ်ဗျ။ ဒီဖုန်းမှာ တိုးတက်လာတဲ့ Vapor Chamberက လုံးဝအဆင်ပြေတယ်လို့ထင်တယ်။ ပြီးတော့ သူ့မှာ AI Game Booster ပါလာတော့ တစ်ချက်လေးတောင် lag မသွားဘဲ ဆော့ရတာအရမ်းကောင်းတယ် display ကလည်း smooth ဖြစ်တော့ဆော့ရတာ အရမ်း အားရတယ်။” လို့  ပွဲစဉ်အတွင်း ဂိမ်းကစားရတဲ့ အတွေ့အကြုံနဲ့ စွမ်းဆောင်ရည်တွေကို ပြောပါတယ်။

Image: Samsung

အဖွဲ့ဝင်အဖြစ် မပါဝင်ဖြစ်ခဲ့သူတွေ အတွက်လည်း Streamer Stars တွေနဲ့အတူ ပျော်ပျော်ပါးပါး ကစားလို့ရမယ့် Fun Match ပွဲစဉ်တွေကိုလည်း ပြုလုပ်ပေးခဲ့ပါတယ်။ ကြည့်ရှုအားပေးသူ ပရိတ်သတ်များ အတွက်လည်း “#PlayGalaxy CupStars Battle ပြိုင်ပွဲကြီးမှာ အနိုင်ရအသင်းကိုခန့်မှန်းနိုင်ခဲ့တဲ့ ကြည့်ရှုသူ ပရိတ်သတ်တွေကိုလည်း Diamond (၁၀၀၀) ဆု ပေးအပ်ခဲ့ပါတယ်။ ဒါ့အပြင် နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ Grand Final ပွဲစဉ်တစ်လျှောက်မှာလည်း  ပွဲစဉ်တစ်ပွဲချင်းစီရဲ့ အနိုင်ရအသင်း နဲ့ ပွဲစဉ်နံပါတ်ကို ခန့်မှန်းနိုင်တဲ့သူတွေကို ရွေးချယ်ပြီး တစ်သိန်းကျပ်တန် Samsung SmartTag2 နဲ့ ဖုန်းဘေလ် တစ်သောင်းကျပ်ကို ‌လက်ဆောင်အဖြစ် ပေးအပ်ချီးမြှင့်ခဲ့ပါသေးတယ်။

အခုလို Samsung Myanmar က ပြုလုပ်ပေးနေတဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အစီအစဉ်တွေအပါအဝင် Samsung ချစ်သူတွေအတွက် အကျိုးရှိစေမယ့် အစီအစဉ်ကောင်းများစွာကို အချိန်နဲ့တပြေးညီ ပိုမိုသိရှိလိုရင်တော့ Samsung Myanmar ရဲ့ တရားဝင် Facebook Page (https://www.facebook.com/SamsungMyanmar/) နဲ့ Website (www.samsung.com/mm) တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။