Samsung မှ Neo QLED 4K, 8K / QLED 4K/ Lifestyle တီဗီ / Freestyle တီဗီအမျိုးအစားအသစ်များစတင်မိတ်ဆက်

Samsung Electronics မှ အရည်အသွေးအမြင့်မားဆုံးသော နောက်ဆုံးပေါ် ၂၀၂၂ ခုနှစ်ထုတ် တီဗီအမျိုးအစား သစ်များအား မြန်မာနိုင်ငံဈေးကွက်တွင်မိတ်ဆက်ခဲ့ကြောင်းသိရသည်။
Samsung ၏နောက်ဆုံးပေါ်တီဗီအမျိုးအစားသစ်များဖြစ်ကြသော Neo QLED 4K / 8K၊ QLED 4K၊ Lifestyle တီဗီများဖြစ်သည့် The Sero နှင့်The Serif အပြင် International Forum (iF) Design Award 2022 တွင် Gold award ချီးမြှင့်ခံရသည့် Freestyle ထုတ်ကုန်သစ်များအား ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့၌ ရန်ကုန်မြို့၊ Lotte ဟိုတယ် Crystal Ballroom တွင် နာမည်ကျော်အနုပညာရှင်များဖြစ်ကြသော ပိုးမမှီသာ၊ သူရိန်ကျော်မိုးနှင့် ခရစ်တီးနားလင်းတို့တက်ရောက် မိတ်ဆက်ခဲ့ကြသည်။
NEO QLED 4K/8K
Samsung ၏နောက်ဆုံးပေါ် NEO QLED 8K TV တွင် Quantum Matrix Technologyနှင့်Neo Quantum Processors 8Kနည်းပညာများအားပေါင်းစပ်ထည့်သွင်းထားသည့်အတွက်ကျယ်ပြန့်သောမျက်နှာပြင်ပေါ်မှတဆင့်ပိုမိုကြည်လင်ပြတ်သား၍သဘာဝကျကျ ရုပ်ထွက်အရည်အသွေးများအားကြည့်ရှုခံစားသွားနိုင်သကဲ့သို့ NEO QLED 4K TV တွင်လည်း Quantum Dot နည်းပညာသည် အရောင်အသွေးမျိုးစုံပြည့်ဝသောပုံရိပ်များစွာကို တစ်ပြိုင်တည်းကြည့်ရှုခံစားနိုင်စေရန် အကောင်းဆုံး ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

Photo Source https://www.samsung.com/mm/

QLED 4K TV
Quantum Processor 4K Lite လုပ်ဆောင်ချက်ပါရှိသည့်အတွက်ကြည်လင်ပြတ်သား၍အရောင်အသွေးစိုပြည်သော 4K အဆင့် ရုပ်ထွက်အရည်အသွေးအားပေးစွမ်းနိုင်သည့် Samsung ၏နောက်ဆုံးပေါ် QLED 4K တီဗီအားသပ်ရပ်လှပသော ကိုယ်ထည်၊ကျယ်ပြန့်သောမျက်နှာပြင်များနှင့်အတူ အခန်းအတွင်းနေရာယူမှုနည်းနိုင်သမျှနည်းစေရန် အထူးဒီဇိုင်းဆွဲ တည် ဆောက်ထားသည်။
Lifestyle TVs – The Sero & The Serif
Samsung မှသူမတူထည်ဝါခံ့ညားသောဒီဇိုင်း၊ ဆန်းသစ်ဆုံးသောနည်းပညာသစ်များနှင့် ပေါင်းစပ်ဖန်တီးထားသည့် Lifestyle တီဗီများဖြစ်ကြသော The Sero နှင့် The Serif တီဗီမော်ဒယ်အသစ်များကိုလည်းအတူတကွမိတ်ဆက်ခဲ့သည်။ မရှိမဖြစ် အိမ်သုံးပရိဘောဂတစ်ခုဟူ၍ဆိုနိုင်သော တီဗီအားယခုကဲ့သို့ထူးခြားသစ်လွင်သည့် တီဗီသွင်ပြင်လက္ခဏာ များနှင့်အတူ အရောင်သွေးကြည်လင်ပြီးပြတ်သားသောရုပ်ပုံအရည်အသွေးအပြည့်ပေးအပ်သွားရန် The Sero နှင့် The Serif တီဗီများအားဖန်တီးတည်ဆောက်ခဲ့ခြင်းဖြစ်သည်။
Freestyle TV
Samsung ၏ ထူးခြားဆန်းသစ်မှုအရှိဆုံးထုတ်ကုန်အသစ် Freestyle သည်သုံးစွဲသူများအား ၁၈၀ ဒီဂရီဒီဇိုင်းဖြင့် အချိန်နေရာမရွေး အလွယ်တကူချိတ်ဆက်ကြည့်ရှုစေနိုင်မည့် စမတ်တီဗီကြည့်ရှုမှု အတွေ့အကြုံအား ယူဆောင်လာပေး မည်ဖြစ်သည်။ မျက်နှာပြင်အကျယ်လက်မ၁၀၀အထိစိတ်ကြိုက်ချိန်ညှိကြည့်ရှုနိုင်မည့်အပြင် အလင်းထုတ်လွှင့်နိုင်မှုပမာဏ 550 lumens နှင့် HDR10 လုပ်ဆောင်ချက်များအား 360° စပီကာနှင့် 5-watt woofer တို့၏ မြင့်မားလှသော အသံအရည်အသွေးလုပ်ဆောင်ချက်များဖြင့် ပေါင်းစပ်ထားသောကြောင့် ကြည်လင်ပြတ်သားမှု အရှိဆုံးပုံရိပ်များအား သူမတူသော အတွေ့အကြုံနှင့်ခံစားကြည့်ရှုနိုင်မည်ဖြစ်သည်။ သုံးစွဲသူများအနေနှင့် Samsung Freestyle အား Bluetooth ချိတ်ဆက်မှုမှတဆင့်ဖြစ်စေ၊ Built-in Certified OTT အက်ပလီကေးရှင်းများစွာမှတဆင့်ဖြစ်စေ အလွယ်တကူ ချိတ်ဆက်၍မိမိစိတ်ကြိုက်ဖျော်ဖြေရေးအစီအစဉ်များ၊ရု်ရှင်များနှင့်သီချင်းများအားကြည့်ရှုခံစားသွားနိုင်မည်ဖြစ်သည်။

Photo Source https://www.samsung.com/mm/

ထို့အပြင် ၂၀၂၂ တီဗီမော်ဒယ်အသစ်များအားဝယ်ယူအားပေးသူများအားကျေးဇူးတုံ့ပြန်သောအနေနှင့် Samsung Myanmar သည် သက်ဆိုင်ရာတီဗီမော်ဒယ်များအလိုက်တီဗီ ၁ လုံးဝယ် ၁ လုံးလက်ဆောင်ရရှိနိုင်မည့် Buy 1 Get 1 အစီအစဉ်နှင့် မြန်မာငွေကျပ် ၁၅၀,၀၀၀ မှ ၂၅၀,၀၀၀ အထိငွေသားလက်ဆောင်ပြန်လည်ရရှိနိုင်မည့် Cash Back Trade In အစီအစဉ်များအပါအဝင်များစွာသောပရိုမိုးရှင်းအစီအစဉ်များကိုလည်း ပေးအပ်သွားမည်ဖြစ်သည်။
အသေးစိတ်အချက်အလက်များအား အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.samsung.com/mm/